မုန်တိုင်း”နန်က” ကြောင့် မြန်မာပြည်မှာ မိုးများနိုင်သည့် ဒေသများကို ထုတ်ပြန်ကြေငြာ
|“နန်က” မုန်တိုင်းကြောင့် မြန်မာပြည်က မိုးကြီးမယ့် ဒေသတွေကို ကြေညာလိုက်ပြီအပူပိုင်းမုန်တိုင်း “နန်က” (Nangka) ကြောင့် ယနေ့ ညနေအထိ တိုင်းနှင့်ပြည်နယ်အနှံ့ နေရာကွက်ပြီ းမိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်
လိုက်ပါတယ်။ယနေ့ နံနက် ပိုင်း ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း “နန်က” (Nangka)သည် ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ခဲ့ပြီး၊ တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ကာ၊ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ (Hanoi)၏
အရှေ့တောင်ဘက် ရေမိုင် (၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသလို အဆိုပါ အပူပိုင်းမုန်တိုင်း “နန်က”(Nangka)သည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရထားပါတယ်လို့ ဆိုပါတယ်။ယနေ့ညနေအထိခန့်မှန်းချက်ကတော့ နင်္သာရီ
တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသ
ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။နောက် (၂) ရက်အတွက် ခန့်မှန်းချက်ကတော့ အနောက်တောင်မုတ်သုံလေသည်မြန်မာနိုင်ငံ
တောင်ပိုင်းဒေသများ မှ ဆုတ်ခွာနိုင်ပါသည်။နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Credit
Zawgyi Version
“နန္က” မုန္တိုင္းေၾကာင့္ ျမန္မာျပည္က မိုးႀကီးမယ့္ ေဒသေတြကို ေၾကညာလိုက္ၿပီအပူပိုင္းမုန္တိုင္း “နန္က” (Nangka) ေၾကာင့္ ယေန႔ ညေနအထိ တိုင္းႏွင့္ျပည္နယ္အႏွံ႔ ေနရာကြက္ၿပီ းမိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္
လိုက္ပါတယ္။ယေန႔ နံနက္ ပိုင္း ထုတ္ျပန္ခ်က္အရ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚခဲ့ေသာ အပူပိုင္းမုန္တိုင္း “နန္က” (Nangka)သည္ ဟိုင္နန္ကြၽန္းကို ျဖတ္ေက်ာ္ခဲ့ၿပီး၊ တုံကင္ပင္လယ္ေကြ႕သို႔ ေရာက္ရွိခဲ့ကာ၊ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ (Hanoi)၏
အေရွ႕ေတာင္ဘက္ ေရမိုင္ (၁၂၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကိုဗဟိုျပဳေနသလို အဆိုပါ အပူပိုင္းမုန္တိုင္း “နန္က”(Nangka)သည္ အေနာက္ဘက္သို႔ဆက္လက္ေ႐ြ႕လ်ားမည္ဟု ခန႔္မွန္းရထားပါတယ္လို႔ ဆိုပါတယ္။ယေန႔ညေနအထိခန႔္မွန္းခ်က္ကေတာ့ နသၤာရီ
တိုင္းေဒသႀကီးတြင္ ေနရာအႏွံ႔အျပား၊ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ကခ်င္ ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊မႏၲေလးတိုင္းေဒသ
ႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ကယားျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္ပါသည္။ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။
ျမန္မာ့ပင္လယ္ျပင္မွာ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၈)ေပခန႔္ ရွိႏိုင္ပါသည္။ေနာက္ (၂) ရက္အတြက္ ခန႔္မွန္းခ်က္ကေတာ့ အေနာက္ေတာင္မုတ္သုံေလသည္ျမန္မာႏိုင္ငံ
ေတာင္ပိုင္းေဒသမ်ား မွ ဆုတ္ခြာႏိုင္ပါသည္။ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ ေနရာကြက္က်ားမိုးထစ္ခ်ဳန္း႐ြာႏိုင္ ပါသည္။ ႐ြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။
ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။ မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။
Credit