ကိုဗစ်ပျောက်သွားတဲ့ အဖွားအိုးတစ်ဦး ဒုတိယအကြီမ်ထပ်ဖြစ်ပြီး သေဆုံးမှုဖြစ်

Sharing is caring!

ကိုဗစ်ကူးစက်ခံရပြီး ပြန်နေကောင်းသွားတဲ့ အဖွားအိုတစ်ဦးဟာ ဒုတိယအကြိမ်ထပ်မံကူးစက်ခံရပြီး သေဆုံးသွားတယ်လို့ နယ်သာလန်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ မှတ်တမ်းတွေအရ အဆိုပါအဖွားအို

ဟာ နယ်သာလန်ရဲ့ ကိုဗစ်ပြန်လည်ဖြစ်ပွားပြီး ပထမဆုံးသေဆုံးသူဖြစ်လာခဲ့ပါတယ်။ အဆိုပါသေဆုံးမှုကြောင့် ကိုဗစ်ကူးစက်ခံထားရပြီး ပြန်လည်နေကောင်းလာသူတွေရဲ့ ကိုယ်ခံအားစနစ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့

ပါပြီ။

 

သေဆုံးခဲ့တဲ့ အဖွားအိုဟာ အသက် ၈၉ နှစ်ရှိပြီး အရိုးကင်ဆာခံစားနေရသူလို့ သိရပါတယ်။ ၎င်းကို သွေးရည်ကြည်ကုထုံးနဲ့ ပြန်လည်နေကောင်းလာအောင် ကုပေးထားတယ်လို့ ဆရာဝန်တွေကဆိုပါတယ်။ သူမမှာရှိ

တဲ့ ကိုယ်ခံအားစနစ်ဟာ ကိုဗစ်ကို တိုက်ထုတ်ဖို့လုံလောက်ပေမယ့် ရောဂါအခံရှိတာကြောင့် ကိုယ်ခံအားစနစ်အားနည်းပြီး ယခုလိုသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းက အဆိုပါလူနာဟာ ချောင်းဆိုပြီး ဖျားနာခဲ့

တာကြောင့် ဆေးစစ်ကြည့်တဲ့အခါ ကိုဗစ်ပိုးတွေခဲ့ရပါတယ်။ ဒါပေမယ့် ငါးရက်အကြာမှာ ပြန်လည်နေကောင်းပြီး ဆေးရုံကဆင်းနိုင်ခဲ့တယ်လို့ ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ၅၈ ရက်အကြာမှာတော့

အဖွားအိုမှာ ကိုဗစ်ပိုးတွေရှိရပြီး ဆေးရုံမှာ နှစ်ပတ်ကုသခဲ့ပေမယ့် သက်သာမှုမရှိဘဲ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ လတ်တလော သူမဆီမှာတွေ့ခဲ့ပိုးနဲ့ ပထမတွေ့တဲ့ ကိုဗစ်ပိုးမတူညီဘူးလို့ သုတေသီတွေကဆိုပါတယ်။

ယခုအခါ ကမ္ဘာတဝန်းလုံးမှာ ကိုဗစ်ဒုတိယအကြိမ်ကူးစက်မှုတချို့ပြန်တွေ့လာပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အမေရိကန်မှာ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦး ရောဂါထပ်မံကူးစက်ခံခဲ့ရပါတယ်။

Ref – CNN

Zawgyi

ကိုဗစ္ေပ်ာက္သြားတဲ့ အဖြားအိုးတစ္ဦး ဒုတိယအႀကီမ္ထပ္ျဖစ္ၿပီး ေသဆံုးမႈျဖစ္

ကိုဗစ္ကူးစက္ခံရၿပီး ျပန္ေနေကာင္းသြားတဲ့ အဖြားအိုတစ္ဦးဟာ ဒုတိယအႀကိမ္ထပ္မံကူးစက္ခံရၿပီး ေသဆုံးသြားတယ္လို႔ နယ္သာလန္က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။ မွတ္တမ္းေတြအရ အဆိုပါအဖြားအိုဟာ

နယ္သာလန္ရဲ႕ ကိုဗစ္ျပန္လည္ျဖစ္ပြားၿပီး ပထမဆုံးေသဆုံးသူျဖစ္လာခဲ့ပါတယ္။ အဆိုပါေသဆုံးမႈေၾကာင့္ ကိုဗစ္ကူးစက္ခံထားရၿပီး ျပန္လည္ေနေကာင္းလာသူေတြရဲ႕ ကိုယ္ခံအားစနစ္အေပၚ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါၿပီ။

 

ေသဆုံးခဲ့တဲ့ အဖြားအိုဟာ အသက္ ၈၉ ႏွစ္ရွိၿပီး အ႐ိုးကင္ဆာခံစားေနရသူလို႔ သိရပါတယ္။ ၄င္းကို ေသြးရည္ၾကည္ကုထုံးနဲ႔ ျပန္လည္ေနေကာင္းလာေအာင္ ကုေပးထားတယ္လို႔ ဆရာဝန္ေတြကဆိုပါတယ္။ သူမမွာရွိတဲ့ ကိုယ္ခံ

အားစနစ္ဟာ ကိုဗစ္ကို တိုက္ထုတ္ဖို႔လုံေလာက္ေပမယ့္ ေရာဂါအခံရွိတာေၾကာင့္ ကိုယ္ခံအားစနစ္အားနည္းၿပီး ယခုလိုေသဆုံးခဲ့ရတာျဖစ္ပါတယ္။ ယခုႏွစ္အေစာပိုင္းက အဆိုပါလူနာဟာ ေခ်ာင္းဆိုၿပီး ဖ်ားနာခဲ့တာေၾကာင့္ ေဆး

စစ္ၾကည့္တဲ့အခါ ကိုဗစ္ပိုးေတြခဲ့ရပါတယ္။ ဒါေပမယ့္ ငါးရက္အၾကာမွာ ျပန္လည္ေနေကာင္းၿပီး ေဆး႐ုံကဆင္းႏိုင္ခဲ့တယ္လို႔ ေဆးမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ၅၈ ရက္အၾကာမွာေတာ့ အဖြားအိုမွာ ကိုဗစ္ပိုးေတြ

ရွိရၿပီး ေဆး႐ုံမွာ ႏွစ္ပတ္ကုသခဲ့ေပမယ့္ သက္သာမႈမရွိဘဲ အသက္ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ လတ္တေလာ သူမဆီမွာေတြ႕ခဲ့ပိုးနဲ႔ ပထမေတြ႕တဲ့ ကိုဗစ္ပိုးမတူညီဘူးလို႔ သုေတသီေတြကဆိုပါတယ္။ ယခုအခါ ကမာၻတဝန္းလုံးမွာ

ကိုဗစ္ဒုတိယအႀကိမ္ကူးစက္မႈတခ်ိဳ႕ျပန္ေတြ႕လာၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကလည္း အေမရိကန္မွာ အသက္ ၂၉ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး ေရာဂါထပ္မံကူးစက္ခံခဲ့ရပါတယ္။

Ref – CNN

Add a Comment

Your email address will not be published.