ကိုဗစ်ဖြစ်ပြီး ကြိတ်ကုတဲ့အကျိုးဆက်က သေမင်းနဲ့ စစ်ခင်းခဲ့ကြရပြီ
|ကိုယ်တွေ မြေနီကုန်း ဗိုလ်မိုးလမ်းထဲက လူပျိုကြီး၊ အပျိုကြီး မောင်နှမတွေ ၅ ယောက် တူမလေးတစ်ယောက်နဲ့ အတူနေကြတယ်။ တစ်ပတ်အတွင်း ၃ ယောက် ဆုံးသွားတာပါ။ လွန်ခဲ့တဲ့တစ်ပတ်ထဲက ဖျားနေကြတာ ဆေးရုံမ
သွားကြပဲ အိမ်မှာပဲ ကျိတ်ကုနေရာက ၁၀-၁၀-၂၀၂၀ ရက်နေ့မှာ ညီမအလတ်ဆုံးသွားပါတယ်။ လူသေမှပဲ လမ်းထဲကလူတွေ သိကြရတာပါ။ ပြုစုပေးတဲ့ တူမလေးကတော့ Q ဝင်နေရပါတယ်။
ညီမအလတ်ဖြစ်သူ ဆုံးပြီး ၅ ရက်အတွင်းမနေ့ညက အစ်မ အကြီး ဆုံးတယ်၊ ဒီနေ့မနက် မောင်ဖြစ်သူဆုံးတယ်။ ညကအစ်မအလောင်းနဲ့ အခုမနက် မောင်ရဲ့အလောင်းတွေကို လာသယ်တာပါ။
လူပျိုကြီး ၂ ယောက်အိမ်ထဲမှာ ရှိသေးတယ်။ အခုသူတို့ကိုပါ ဆေးရုံ ခေါ်သွားရတော့မှာပါ။ သူတို့ရဲ့ညီမအငယ်ဆုံးကဆရာဝန်ပါ သူ့ဆီကိုလည်းအသိမပေးအကြောင်းမကြားပဲ ကျိတ်ကုနေတော့ သူလည်း မသိရှာဘူးထင်ပ
တယ်။ လူတွေနဲ့အဆက်ဆံနည်းပြီး တယူသန်ခဲ့တာတွေက ကိုယ်ပဲအကျိုးယုတ်ပါတယ်။
Zawgyi
ကိုဗစ္ျဖစ္ၿပီး ႀကိတ္ကုတဲ့အက်ိဳးဆက္က ေသမင္းနဲ႔ စစ္ခင္းခဲ့ၾကရၿပီ
ကိုယ္ေတြ ေျမနီကုန္း ဗိုလ္မိုးလမ္းထဲက လူပ်ိဳႀကီး၊ အပ်ိဳႀကီး ေမာင္ႏွမေတြ ၅ ေယာက္ တူမေလးတစ္ေယာက္နဲ႔ အတူေနၾကတယ္။ တစ္ပတ္အတြင္း ၃ ေယာက္ ဆုံးသြားတာပါ။ လြန္ခဲ့တဲ့တစ္ပတ္ထဲက ဖ်ားေနၾကတာ ေဆး႐ုံမ
သြားၾကပဲ အိမ္မွာပဲ က်ိတ္ကုေနရာက ၁၀-၁၀-၂၀၂၀ ရက္ေန႔မွာ ညီမအလတ္ဆုံးသြားပါတယ္။ လူေသမွပဲ လမ္းထဲကလူေတြ သိၾကရတာပါ။ ျပဳစုေပးတဲ့ တူမေလးကေတာ့ Q ဝင္ေနရပါတယ္။
ညီမအလတ္ျဖစ္သူ ဆုံးၿပီး ၅ ရက္အတြင္းမေန႔ညက အစ္မ အႀကီး ဆုံးတယ္၊ ဒီေန႔မနက္ ေမာင္ျဖစ္သူဆုံးတယ္။ ညကအစ္မအေလာင္းနဲ႔ အခုမနက္ ေမာင္ရဲ႕အေလာင္းေတြကို လာသယ္တာပါ။
လူပ်ိဳႀကီး ၂ ေယာက္အိမ္ထဲမွာ ရွိေသးတယ္။ အခုသူတို႔ကိုပါ ေဆး႐ုံ ေခၚသြားရေတာ့မွာပါ။ သူတို႔ရဲ႕ညီမအငယ္ဆုံးကဆရာဝန္ပါ သူ႔ဆီကိုလည္းအသိမေပးအေၾကာင္းမၾကားပဲ က်ိတ္ကုေနေတာ့ သူလည္း မသိရွာဘူးထင္ပါတယ္။
လူေတြနဲ႔အဆက္ဆံနည္းၿပီး တယူသန္ခဲ့တာေတြက ကိုယ္ပဲအက်ိဳးယုတ္ပါတယ္။