မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး မြန်မြန်မပေါ်ရင်တော့ ရင်လေးစရာပါ

Sharing is caring!

အောက်တိုဘာ၊ ၁၅

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာတဲ့ အချိန်ကာလမတိုင်မီအထိ ကူးစက်မှု လှိုင်းငယ်များ ရှိနိုင်သေးတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများပြုလုပ်တဲ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှု ဒုတိယလှှိုင်းနောက်မှာလည်း ထိရောက်တဲ့ ကာကွယ်ဆေး ထွက်ပေါ်လာတဲ့ အချိန်မတိုင်မီ ကာလအထိ ကူးစက်မှု လှိုင်းငယ်များရှိနိုင်တာကြောင့် ရောဂါကာကွယ်ရေး စည်းကမ်းများ

ကို အထူးအလေးထား လိုက်နာကြဖို့ အရေးကြီးပါတယ်။”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ပြည်သူများအနေနဲ့ နေအိမ်တွင် နေထိုင်ချိန်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရတဲ့ တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်နိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

“ဒါကြောင့် နာတာရှည်ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများ အနေနဲ့ တစ်အိမ်တည်း နေထိုင်သူများနဲ့ ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်းနဲ့ အိပ်စက်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြ စေလိုပါတယ်။”

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 သေဆုံးလူနာများရဲ့ ၉၅ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စတဲ့ နာတာရှည်ရောဂါရှိသူများ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာမြင့်ထွေးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

PPT

Zawgyi

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကာကြယ္ေဆး ျမန္ျမန္မေပါ္ရင္ေတာ့ ရင္ေလးစရာပါ

ေအာက္တိုဘာ၊ ၁၅

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး ထြက္ေပၚလာတဲ့ အခ်ိန္ကာလမတိုင္မီအထိ ကူးစက္မႈ လႈိင္းငယ္မ်ား ရွိႏိုင္ေသးတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသား အဆင့္ဗဟိုေကာ္မတီထံသို႔ လႉဒါန္းမႈမ်ားျပဳလုပ္တဲ့ အခမ္းအနားမွာ ျပည္ေထာင္စုဝန္ႀကီးက ယခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္မႈ ဒုတိယလွႈိင္းေနာက္မွာလည္း ထိေရာက္တဲ့ ကာကြယ္ေဆး ထြက္ေပၚလာတဲ့ အခ်ိန္မတိုင္မီ ကာလအထိ ကူးစက္မႈ လႈိင္းငယ္မ်ားရွိႏိုင္တာေၾကာင့္ ေရာဂါကာကြယ္ေရး စည္းကမ္းမ်ားကို

အထူးအေလးထား လိုက္နာၾကဖို႔ အေရးႀကီးပါတယ္။”လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ျပည္သူမ်ားအေနနဲ႔ ေနအိမ္တြင္ ေနထိုင္ခ်ိန္မွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျပင္ထြက္ရတဲ့ တစ္အိမ္တည္းေနသူမ်ားထံမွ ေရာဂါကူးစက္ႏိုင္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ဆိုပါတယ္။

“ဒါေၾကာင့္ နာတာရွည္ေရာဂါရွိသူမ်ားနဲ႔ သက္ႀကီး႐ြယ္အိုမ်ား အေနနဲ႔ တစ္အိမ္တည္း ေနထိုင္သူမ်ားနဲ႔ ခပ္ခြာခြာေနထိုင္ျခင္း၊ သီးျခားစားေသာက္ျခင္းနဲ႔ အိပ္စက္ျခင္းတို႔ကို လိုက္နာေဆာင္႐ြက္ၾက ေစလိုပါတယ္။” ျပည္ေထာင္စုဝ

န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေသဆုံးလူနာမ်ားရဲ႕ ၉၅ ရာခိုင္ႏႈန္းမွာ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးနဲ႔ ေသြးေၾကာေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ ကင္ဆာေရာဂါ စတဲ့ နာတာရွည္ေရာဂါရွိသူမ်ား ျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ေ

ဒါက္တာျမင့္ေထြးက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

PPT

Add a Comment

Your email address will not be published.