စပိန်မှာ လက်သန့်စင်ဆေးကြောင့် အဆိပ်သင့်မှု တစ်ဟုန်ထိုး မြင့်တက်မှုဖြစ်ပွား

Sharing is caring!

စပိန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကာလအတွင်း အသုံးများလာပြီး နေရာတကာတွေ့နေရတဲ့ လက်သန့်စင်ဆေးကို မျိုချမိရာမှ ကလေးငယ်အများအပြား အဆိပ်သင့်မှုကြောင့် ကုသရမှုအရေအတွက်ဟာ တစ်ဟုန်ထိုး မြင့်

တက်လာခဲ့ကြောင်း သိရပါတယ်။

စပိန်နိုင်ငံရဲ့ National Toxicological and Forensic Institute က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်မှုအရ ထိုလက်သန့်စင်ဆေးတွေကြောင့် အဆိပ်သင့်တဲ့ ကလေးအရေအတွက်ဟာ ယခုနှစ်မှာ လက်ရှိအချိန်အထိ

၈၇၄ ဦးရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၁၀ ဆပိုများလာခဲ့တယ်လို့ ဆိုပါတယ်။ လက်သန့်စင်ဆေး အဆိပ်သင့်တဲ့ ကလေးတွေအနက် လမ်းလျှောက်တတ်စအရွယ်တွေက သုံးပုံနှစ်ပုံ ပါဝင်နေပါတယ်။

၎င်းတို့အနက် အများစုဟာ လက်သန့်စင်ဆေးကို မျိုချခဲ့ကြပြီး ရာခိုင်နှုန်းအနည်းငယ်ကတော့ မျက်လုံးထဲဝင်ခြင်း သို့မဟုတ် ရှူရှိုက်မိရာမှ မူးဝေခြင်းတို့ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ “အများဆုံး တွေ့ရလေ့ရှိတဲ့ လက်

သန့်စင်ဆေး အဆိပ်သင့်လက္ခဏတွေက အစာခြေလမ်းကြောင်းနာကျင်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ချောင်းဆိုခြင်း၊ မျက်လုံးနီရဲခြင်း၊ မျက်ရည်ကျခြင်း သို့မဟုတ် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်ပါတယ်” လို့ National

Toxicological and Forensic Institute က အစီရင်ခံစာတစ်ခုမှာ ပြောထားပါတယ်။

လက်သန့်စင်ဆေး အဆိပ်သင့်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ထိုလက္ခဏာများ ရှိခဲ့ကြပြီး အချိန်တိုအတွင်း ပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။ စပိန်မှာ လက်သန့်စင်ဆေး ပြင်းထန်စွာ အဆိပ်သင့်ခဲ့သူ လေးဦး သို့မဟုတ်

ငါးဦးရှိခဲ့ပြီး ၎င်းတို့ဟာ အရွယ်ရောက်ပြီးသူများ ဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးနဲ့ National Toxicological and Forensic Institute ရဲ့ ကြီးကြပ်သူက ပြောပါတယ်။

လက်သန့်စင်ဆေး အဆိပ်သင့်မှုကြောင့် သေဆုံးသူမရှိခဲ့ကြောင်းလည်း သူမက ဆိုပါတယ်။ စပိန်နိုင်ငံမှာ လက်သန့်စင်ဆေးတွေကို ရထားဘူတာရုံအားလုံး၊ စတိုးဆိုင်များ၊ ကျောင်းများနဲ့ အများပြည်သူသုံး သန့်စင်ခန်းများ

မှာ အခမဲ့ ရရှိနိုင်ပါတယ်။ COVID-19 ကူးစက်ခံရသူ ၉၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၃၃,၀၀၀ ကျော်ရှိနေတဲ့ စပိန်ဟာ အနောက်ဥရောပမှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။

စပိန်အာဏာပိုင်တွေက မက်ဒရစ်အပါအဝင် နယ်မြေတွေကို ပိတ်ပင်ကန့်သတ်တဲ့ စီမံဆောင်ရွက်မှုများဖြင့် ကူးစက်မှုလျော့ကျရန် လုပ်ဆောင်နေပါတယ်။ လက်သန့်စင်ဆေးတွေမှာ မီသိုင်းလ်အလယ်လ်ကိုဟော

(methyl alcohol) ကဲ့သို့ အဆိပ်သင့် ပိုးသတ်ဆေးတစ်မျိုး ပုံမှန် ပါဝင်လေ့ရှိ အများပြည်သူအနေနဲ့ ၎င်းတို့ကို အသုံးပြုချိန်နဲ့ သိမ်းဆည်းထားချိန်မှာ သတိထားရန်လိုအပ်ကြောင်း ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာအဖွဲ့

အစည်းတွေက သတိပေးခဲ့ကြပါတယ်။

ဩဂုတ်လအတွင်းမှာ အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန ( Food and Drug Administration – FDA) က လက်သန့်စင်ဆေးတွေကို ကလေးငယ်တွေရဲ့ အစားအစာအိတ်နဲ့ သောက်စရာဘူးတွေနဲ့အတူ

ရောနှောထုတ်ပိုးခြင်းမပြုရန် သတိပေးခဲ့ပါတယ်။ ဒါ့အပြင် အစားအစာအနံ့ရှိတဲ့ လက်သန့်စင်ဆေးတွေကို ကလေးငယ်တွေက မျိုချမိနိုင်တာကြောင့် အသုံးမပြုကြရန်လည်း အမေရိကန် FDA က သတိပေးခဲ့ကြောင်း Reuters

သတင်းက ဖော်ပြပါတယ်။

DUWUN

Zawgyi

စပိန္မွာ လက္သန႔္စင္ေဆးေၾကာင့္ အဆိပ္သင့္မႈ တစ္ဟုန္ထိုး ျမင့္တက္မႈျဖစ္ပြား

စပိန္ႏိုင္ငံမွာ COVID-19 ကပ္ေရာဂါကာလအတြင္း အသုံးမ်ားလာၿပီး ေနရာတကာေတြ႕ေနရတဲ့ လက္သန႔္စင္ေဆးကို မ်ိဳခ်မိရာမွ ကေလးငယ္အမ်ားအျပား အဆိပ္သင့္မႈေၾကာင့္ ကုသရမႈအေရအတြက္ဟာ တစ္ဟုန္ထိုး ျမင့္တ

က္လာခဲ့ေၾကာင္း သိရပါတယ္။

စပိန္ႏိုင္ငံရဲ႕ National Toxicological and Forensic Institute က ေအာက္တိုဘာ ၁၄ ရက္မွာ ထုတ္ျပန္မႈအရ ထိုလက္သန႔္စင္ေဆးေတြေၾကာင့္ အဆိပ္သင့္တဲ့ ကေလးအေရအတြက္ဟာ ယခုႏွစ္မွာ လက္ရွိအခ်ိန္အထိ ၈၇၄

ဦးရွိလာခဲ့ၿပီး ၂၀၁၉ ခုႏွစ္ကထက္ ၁၀ ဆပိုမ်ားလာခဲ့တယ္လို႔ ဆိုပါတယ္။ လက္သန႔္စင္ေဆး အဆိပ္သင့္တဲ့ ကေလးေတြအနက္ လမ္းေလွ်ာက္တတ္စအ႐ြယ္ေတြက သုံးပုံႏွစ္ပုံ ပါဝင္ေနပါတယ္။

၎တို႔အနက္ အမ်ားစုဟာ လက္သန႔္စင္ေဆးကို မ်ိဳခ်ခဲ့ၾကၿပီး ရာခိုင္ႏႈန္းအနည္းငယ္ကေတာ့ မ်က္လုံးထဲဝင္ျခင္း သို႔မဟုတ္ ရႉရႈိက္မိရာမွ မူးေဝျခင္းတို႔ ျဖစ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ “အမ်ားဆုံး ေတြ႕ရေလ့ရွိတဲ့ လက္သန႔္စင္ေဆး

အဆိပ္သင့္လကၡဏေတြက အစာေျခလမ္းေၾကာင္းနာက်င္ျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းသြားျခင္း၊ ေခ်ာင္းဆိုျခင္း၊ မ်က္လုံးနီရဲျခင္း၊ မ်က္ရည္က်ျခင္း သို႔မဟုတ္ အျမင္အာ႐ုံေဝဝါးျခင္းတို႔ ျဖစ္ပါတယ္” လို႔ National Toxicological

and Forensic Institute က အစီရင္ခံစာတစ္ခုမွာ ေျပာထားပါတယ္။

လက္သန႔္စင္ေဆး အဆိပ္သင့္မႈေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ ထိုလကၡဏာမ်ား ရွိခဲ့ၾကၿပီး အခ်ိန္တိုအတြင္း ေပ်ာက္ကင္းသြားတယ္လို႔ ဆိုပါတယ္။ စပိန္မွာ လက္သန႔္စင္ေဆး ျပင္းထန္စြာ အဆိပ္သင့္ခဲ့သူ ေလးဦး သို႔မဟုတ္ ငါးဦးရွိခဲ့ၿ

ပီး ၎တို႔ဟာ အ႐ြယ္ေရာက္ၿပီးသူမ်ား ျဖစ္တယ္လို႔ တရားေရးဝန္ႀကီးဌာန ေျပာခြင့္ရအမ်ိဳးသမီးနဲ႔ National Toxicological and Forensic Institute ရဲ႕ ႀကီးၾကပ္သူက ေျပာပါတယ္။

လက္သန႔္စင္ေဆး အဆိပ္သင့္မႈေၾကာင့္ ေသဆုံးသူမရွိခဲ့ေၾကာင္းလည္း သူမက ဆိုပါတယ္။ စပိန္ႏိုင္ငံမွာ လက္သန႔္စင္ေဆးေတြကို ရထားဘူတာ႐ုံအားလုံး၊ စတိုးဆိုင္မ်ား၊ ေက်ာင္းမ်ားနဲ႔ အမ်ားျပည္သူသုံး သန႔္စင္ခန္းမ်ားမွာ

အခမဲ့ ရရွိႏိုင္ပါတယ္။ COVID-19 ကူးစက္ခံရသူ ၉၀၀,၀၀၀ နီးပါးနဲ႔ ေသဆုံးသူ ၃၃,၀၀၀ ေက်ာ္ရွိေနတဲ့ စပိန္ဟာ အေနာက္ဥေရာပမွာ ကပ္ေရာဂါကူးစက္ျဖစ္ပြားမႈ အဆိုးဆုံး ႏိုင္ငံျဖစ္ခဲ့ပါတယ္။

စပိန္အာဏာပိုင္ေတြက မက္ဒရစ္အပါအဝင္ နယ္ေျမေတြကို ပိတ္ပင္ကန႔္သတ္တဲ့ စီမံေဆာင္႐ြက္မႈမ်ားျဖင့္ ကူးစက္မႈေလ်ာ့က်ရန္ လုပ္ေဆာင္ေနပါတယ္။ လက္သန႔္စင္ေဆးေတြမွာ မီသိုင္းလ္အလယ္လ္ကိုေဟာ (methyl

alcohol) ကဲ့သို႔ အဆိပ္သင့္ ပိုးသတ္ေဆးတစ္မ်ိဳး ပုံမွန္ ပါဝင္ေလ့ရွိ အမ်ားျပည္သူအေနနဲ႔ ၎တို႔ကို အသုံးျပဳခ်ိန္နဲ႔ သိမ္းဆည္းထားခ်ိန္မွာ သတိထားရန္လိုအပ္ေၾကာင္း ကမာၻတစ္ဝန္း က်န္းမာေရးဆိုင္ရာအဖြဲ႕အစည္းေတြက သ

တိေပးခဲ့ၾကပါတယ္။

ဩဂုတ္လအတြင္းမွာ အေမရိကန္ အစားအစာနဲ႔ေဆးဝါးကြပ္ကဲေရးဌာန ( Food and Drug Administration – FDA) က လက္သန႔္စင္ေဆးေတြကို ကေလးငယ္ေတြရဲ႕ အစားအစာအိတ္နဲ႔ ေသာက္စရာဘူးေတြနဲ႔အတူ ေရာေႏွာ

ထုတ္ပိုးျခင္းမျပဳရန္ သတိေပးခဲ့ပါတယ္။ ဒါ့အျပင္ အစားအစာအနံ႔ရွိတဲ့ လက္သန႔္စင္ေဆးေတြကို ကေလးငယ္ေတြက မ်ိဳခ်မိႏိုင္တာေၾကာင့္ အသုံးမျပဳၾကရန္လည္း အေမရိကန္ FDA က သတိေပးခဲ့ေၾကာင္း Reuters သတင္းက

ေဖာ္ျပပါတယ္။

DUWUN

Add a Comment

Your email address will not be published. Required fields are marked *