သက္ေတာ္ (၁၁၆) နွစ္ ရွိေနၿပီျဖစ္တဲ့ သက္ေတာ္ရွည္ ေနာင္တခိုဆရာေတာ္
|သက္ေတာ္ ၁၁၆ ႏွစ္ ေနာင္တခိုဆရာေတာ္။ ဖူးထိုက္သူမ်ားဖူးၾကပါေနာ္။သက္ေတာ္ ၁၁၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ေနာင္တခိုဆရာေတာ္ရဲ႕ ဓါတ္ပုံကိုဖူးထိုက္သူမ်ားဖူးေမွ်ာ္ေစရန္ တင္ျပေပးလိုက္ပါတယ္။
သီလ သမာဓိ ပညာႏွင့္ျပည့္စုံၿပီး အနာေရာဂါမရွိ။ ပကတိက်န္းမာေရးႏွင့္ ျပည့္စုံေနေသာသက္ေတာ္ ၁၁၆ႏွစ္ရွိ သက္ေတာ္ရွည္ဆရာေတာ္ဘုရား။
ကရင္ျပည္နယ္ ေကာ့ကရိတ္ခ႐ိုင္၊ က်ိဳက္ဒုံၿမိဳ႕နယ္ ေနာင္တခိုအုပ္စု ေနာင္တခိုေက်း႐ြာ ႐ြာဦးေက်ာင္းဆရာေတာ္ဘုရားႀကီးပါ၁၉၈၀ ခုႏွစ္ ကာလတြင္ ေနာင္တခို။ ေနာင္တမန္။ ဝက္ဒုံေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းတို႔တြင္ တစ္
ပါးတည္းတလွည့္စီေက်ာင္းထိုင္ခဲ့ရပါသည္။
ယခု၂၀၂၀ ခုႏွစ္တြင္ သက္ေတာ္ ၁၁၆ ႏွစ္ျပည့္သြားၿပီးျဖစ္ပါသည္။ ဆရာေတာ္ဘုရားႀကီးအား ထိုင္းႏိုင္ငံမွတရားဝင္ အသိအမွတ္ျပဳ ယုံၾကည္ကိုးကြယ္ထားပါသည္။ယခုအခ်ိန္အထိ မ်က္လုံးေတာ္အျမင္အားေကာင္းျခင္း။
အၾကားအာ႐ုံေကာင္းမြန္ျခင္း။ သတိအာ႐ုံခြၽတ္ေခ်ာ္မႈမရွိျခင္း။လူတြဲမလိုဘဲ ကိုယ္တိုင္ လမ္းေလွ်ာက္သြားလာႏိုင္ျခင္းတို႔ကို ၾကည့္ျခင္းအားျဖင့္ ဆရာေတာ္ႀကီး၏ စရဏတရားကိုခန္႔မွန္းႏိုင္ပါလိမ္မည္။
ထိုင္းဒါယကာမ်ားေဆာက္လုပ္လႉဒါန္းထားေသာ ေက်ာင္းတြင္မေနဘဲ ၁၀ ေပပတ္လည္ဖက္မိုးသစ္ေက်ာင္းေလးမွာပင္ေအးခ်မ္းစြာ တရားအား ထုတ္သီတင္းသုံးေနေသာသက္ေတာ္ရွည္ဆရာေတာ္ဘုရားႀကီးအား အမ်ားသူငွာ
ဖူးေျမာ္ႏိုင္ရန္ ေရးသားတင္ျပအပ္ပါသည္။
Unicode
သက်တော် ၁၁၆ နှစ် နောင်တခိုဆရာတော်။ ဖူးထိုက်သူများဖူးကြပါနော်။သက်တော် ၁၁၆ နှစ်ရှိနေပြီဖြစ်တဲ့နောင်တခိုဆရာတော်ရဲ့ ဓါတ်ပုံကိုဖူးထိုက်သူများဖူးမျှော်စေရန် တင်ပြပေးလိုက်ပါတယ်။
သီလ သမာဓိ ပညာနှင့်ပြည့်စုံပြီး အနာရောဂါမရှိ။ ပကတိကျန်းမာရေးနှင့် ပြည့်စုံနေသောသက်တော် ၁၁၆နှစ်ရှိ သက်တော်ရှည်ဆရာတော်ဘုရား။
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့နယ် နောင်တခိုအုပ်စု နောင်တခိုကျေးရွာ ရွာဦးကျောင်းဆရာတော်ဘုရားကြီးပါ၁၉၈၀ ခုနှစ် ကာလတွင် နောင်တခို။ နောင်တမန်။ ဝက်ဒုံကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် တစ်
ပါးတည်းတလှည့်စီကျောင်းထိုင်ခဲ့ရပါသည်။
ယခု၂၀၂၀ ခုနှစ်တွင် သက်တော် ၁၁၆ နှစ်ပြည့်သွားပြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးအား ထိုင်းနိုင်ငံမှတရားဝင် အသိအမှတ်ပြု ယုံကြည်ကိုးကွယ်ထားပါသည်။ယခုအချိန်အထိ မျက်လုံးတော်အမြင်အားကောင်းခြင်း။
အကြားအာရုံကောင်းမွန်ခြင်း။ သတိအာရုံချွတ်ချော်မှုမရှိခြင်း။လူတွဲမလိုဘဲ ကိုယ်တိုင် လမ်းလျှောက်သွားလာနိုင်ခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ဆရာတော်ကြီး၏ စရဏတရားကိုခန့်မှန်းနိုင်ပါလိမ်မည်။
ထိုင်းဒါယကာများဆောက်လုပ်လှူဒါန်းထားသော ကျောင်းတွင်မနေဘဲ ၁၀ ပေပတ်လည်ဖက်မိုးသစ်ကျောင်းလေးမှာပင်အေးချမ်းစွာ တရားအား ထုတ်သီတင်းသုံးနေသောသက်တော်ရှည်ဆရာတော်ဘုရားကြီးအား အများသူငှာ
ဖူးမြော်နိုင်ရန် ရေးသားတင်ပြအပ်ပါသည်။