ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လူငယ်နဲ့ ကျန်းမာရေးကောင်းသူတွေ ၂၀၂၂ ထိ စောင့်ရအုံးမည်
|လူငယ်တွေနဲ့ ကျန်းမာရေးကောင်းတဲ့သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ၂၀၂၂ ခုနှစ်အထိ စောင့်ရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့
ကျန်းမာရေဝန်ထမ်းတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ အရေးပေါ်ဝန်ထမ်းတွေအပါအဝင် ရှေ့တန်းကဆောင်ရွက်နေသူတွေ၊ အဲဒီနောက် သက်ကြီးပိုင်းတွေကို ဦးစားပေးသွားနိုင်ဖွယ်ရှိတယ်လို့ WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင်
Soumya Swaminathan က ဒီနေ့ ပြောလိုက်တာပါ။
ဘေးအန္တရာယ်ကင်းပြီး ထိရောက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံးတမျိုးတော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိဖို့ မျှော်လင့်ကြောင်း၊ ဒါပေမဲ့ အဲဒီထွက်ရှိလာမဲ့ ကာကွယ်ဆေးဟာ အကန့်အသတ်နဲ့သာဖြစ်
လိမ့်မယ်လို့ Swaminathan က ပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအဖြစ် စမ်းသပ်ထုတ်လုပ်နေတဲ့ ဆေးအမျိုးပေါင်း ၁၇၀ ကျော်ရှိပါ တယ်။ အဲဒီထဲမှာ ၁၀ ခုက လူတွေနဲ့စမ်းသပ်တဲ့ နောက်ပိုင်းအဆင့်ကို ရောက်ရှိနေပြီး ကျန်တာတွေ
ကတော့ တခြားအဆင့်တွေမှာပဲ ရှိနေပါသေးတယ်။
အမေရိကန်က Johnson & Johnson နဲ့ AstraZeneca ကုမ္ပဏီတွေကတော့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို မကြာသေးခင်က ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီကာကွယ်ဆေး စမ်းသပ်တဲ့နေရာမှာ စေတနာ့ဝန်ထမ်း
အဖြစ်နဲ့ လူကိုယ်တိုင် စမ်းသပ်ခံတဲ့သူတစ်ယောက် ဖျားနာခဲ့တာကြောင့် အဲဒီလို ခေတ္တရပ်ဆိုင်းထားတာပါ။ အခုလို ကာကွယ်ဆေးတွေထုတ်နိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ဥရောပမှာလည်း ကူးစက်မှုတွေ ပြန်မြင့်တက်လာနေ
တာကြောင့် ကန့်သတ်မှုအသစ်တွေ ပြန်ချမှတ်လာနေပါတယ်။ ကမ္ဘာတဝန်းမှာ အခုဆိုရင် ရောဂါကူးစက်သူ ၃၈ သန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူလည်း ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
Zawgyi
ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ လူငယ္နဲ႔ က်န္းမာေရးေကာင္းသူေတြ ၂၀၂၂ ထိ ေစာင့္ရအံုးမည္
လူငယ္ေတြနဲ႔ က်န္းမာေရးေကာင္းတဲ့သူေတြအေနနဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးဖို႔ ၂၀၂၂ ခုႏွစ္အထိ ေစာင့္ရႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) က ေျပာလိုက္ပါတယ္။ က်န္းမာေရး အာဏာပိုင္ေတြအေနနဲ႔ က်န္း
မာေရဝန္ထမ္းေတြ၊ တရားဥပေဒစိုးမိုးေရးနဲ႔ အေရးေပၚဝန္ထမ္းေတြအပါအဝင္ ေရွ႕တန္းကေဆာင္႐ြက္ေနသူေတြ၊ အဲဒီေနာက္ သက္ႀကီးပိုင္းေတြကို ဦးစားေပးသြားႏိုင္ဖြယ္ရွိတယ္လို႔ WHO ရဲ႕ ဦးေဆာင္သိပၸံပညာရွင္ Soumya
Swaminathan က ဒီေန႔ ေျပာလိုက္တာပါ။
ေဘးအႏၲရာယ္ကင္းၿပီး ထိေရာက္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အနည္းဆုံးတမ်ိဳးေတာ့ လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ ဒါေပမဲ့ အဲဒီထြက္ရွိလာမဲ့ ကာကြယ္ေဆးဟာ အကန႔္အသတ္နဲ႔သာျဖစ္လိမ့္မယ္
လို႔ Swaminathan က ေျပာပါတယ္။
ကမာၻတဝန္းမွာ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ေဆးအျဖစ္ စမ္းသပ္ထုတ္လုပ္ေနတဲ့ ေဆးအမ်ိဳးေပါင္း ၁၇၀ ေက်ာ္ရွိပါ တယ္။ အဲဒီထဲမွာ ၁၀ ခုက လူေတြနဲ႔စမ္းသပ္တဲ့ ေနာက္ပိုင္းအဆင့္ကို ေရာက္ရွိေနၿပီး က်န္တာေတြကေတာ့ တျ
ခားအဆင့္ေတြမွာပဲ ရွိေနပါေသးတယ္။
အေမရိကန္က Johnson & Johnson နဲ႔ AstraZeneca ကုမၸဏီေတြကေတာ့ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈေတြကို မၾကာေသးခင္က ေခတၱရပ္ဆိုင္းထားပါတယ္။ ဒီကာကြယ္ေဆး စမ္းသပ္တဲ့ေနရာမွာ ေစတနာ့ဝန္ထမ္းအျဖစ္နဲ႔
လူကိုယ္တိုင္ စမ္းသပ္ခံတဲ့သူတစ္ေယာက္ ဖ်ားနာခဲ့တာေၾကာင့္ အဲဒီလို ေခတၱရပ္ဆိုင္းထားတာပါ။ အခုလို ကာကြယ္ေဆးေတြထုတ္ႏိုင္ဖို႔ ႀကိဳးစားေနခ်ိန္မွာပဲ ဥေရာပမွာလည္း ကူးစက္မႈေတြ ျပန္ျမင့္တက္လာေနတာေၾကာင့္ ကန႔္
သတ္မႈအသစ္ေတြ ျပန္ခ်မွတ္လာေနပါတယ္။ ကမာၻတဝန္းမွာ အခုဆိုရင္ ေရာဂါကူးစက္သူ ၃၈ သန္းေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူလည္း ၁,၀၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။