Project-K အဖွဲ့ ရွှေတိဂုံစေတီတော်ပုံရိပ်ကို နင်းလိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ သာသနာရေးဝန်ကြီးဌာနပြောပြီ

Sharing is caring!

နေပြည်တော်၊ အောက်တိုဘာ ၁၆။

Project K အဖွဲ့ဝင်ဖျော်ဖြေသူများသည် ရွှေတိဂုံစေတီတော် ပုံရိပ်ပါဝင်ခဲ့ခြင်းကို ဖျော်ဖြေပြီးမှ သိရှိရသည့်အ တွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း တောင်းပန်ထားသဖြင့် စေတီတော်ပုံရိပ်ကို နင်းခြေလိုသော စေတနာ

ဆိုး-အကုသိုလ်စေတနာ မရှိကြောင်းထင်ရှားတယ်လို့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

Project-K အဖွဲ့အနေနဲ့ ပြီးခဲ့သည့်လပိုင်းအတွင်းက တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကိုယ် စားပြု ဖျော်ဖြေတင်ဆက်ခဲ့ရာမှာ ရွှေတိဂုံစေတီတော်ရဲ့ပုံရိပ်အား ခြေဖြင့်နင်းခဲ့သည်ဟုဆိုကာ ဝေဖန်ပြောဆိုမှု များ

ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ အချို့စေတီတော်များ၌ ညနေပိုင်းအချိန်မှာ ဖူးမြော်လာကြသော ဘုရားဖူးအားလုံးသည် အနောက် အရပ်မှ နေရောင်ထိုးသောကြောင့် အရှေ့အရပ်မှာဖြစ်ပေါ်နေသော စေတီတော်ပုံရိပ်မှာ နင်းလျှောက်ကြရသော်

လည်း မည်သူမျှအကုသိုလ်စိတ်မဖြစ်ပဲ စေတီတော်ကြီးကို ကြည်ညိုသဒ္ဓါဖြင့် ပူဇော်ရှိခိုးကြတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် Project-K အဖွဲ့ကလည်း ဖျော်ဖြေတင်ဆက်နေစဉ်အချိန်အတွင်း ရွှေတိဂုံစေတီတော်ပုံရိပ် အောက် ကြမ်းပြင်ပေါ်မှာ ကျရောက်နေသည်ကိုလည်း ဖျော်ဖြေတင်ဆက်ပြီးမှသာ သိရှိကြရသဖြင့် စိတ်ဆင်းရဲကြရကာ မ

သိရှိသည်ကို ပြုမိမှားသဖြင့် သည်းခံခွင့်လွှတ်ကြပါရန် နှစ်ကြိမ်တိုင်တိုင်တောင်းပန်ခဲ့ပါတယ်။

ဖျော်ဖြေတင်ဆက်သူများသည် ၎င်းတို့ကိုယ်တိုင်ကပင် အနူးအညွတ်တောင်းပန်ထားသဖြင့် ထိုကိစ္စကို အ ကြောင်းပြုလျက် ဗုဒ္ဓဘာသာဝင်အားလုံး အကုသိုလ်မတိုးပွားသင့်ကြောင်းလည်း သာသနာရေးဝန်ကြီဌာနရဲ့

ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

TMA

Zawgyi

Project-K အဖြဲ႕ ေ႐ႊတိဂုံေစတီေတာ္ပုံရိပ္ကို နင္းလိုတဲ့ ရည္ရြယ္ခ်က္မရွိဘူးလို႔ ႔ သာသနာေရးဝန္ႀကီးဌာနေျပာၿပီ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၆။

Project K အဖြဲ႕ဝင္ေဖ်ာ္ေျဖသူမ်ားသည္ ေ႐ႊတိဂုံေစတီေတာ္ ပုံရိပ္ပါဝင္ခဲ့ျခင္းကို ေဖ်ာ္ေျဖၿပီးမွ သိရွိရသည့္အ တြက္ လြန္စြာစိတ္မေကာင္းျဖစ္ရေၾကာင္း ေတာင္းပန္ထားသျဖင့္ ေစတီေတာ္ပုံရိပ္ကို နင္းေျခလိုေသာ ေစတနာဆိုး-အကုသိုလ္ေစတနာ မရွိေၾကာင္းထင္ရွားတယ္လို႔ သာသနာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

Project-K အဖြဲ႕အေနနဲ႔ ၿပီးခဲ့သည့္လပိုင္းအတြင္းက ေတာင္ကိုရီးယားႏိုင္ငံမွာျပဳလုပ္ခဲ့သည့္ ျမန္မာႏိုင္ငံကိုယ္ စားျပဳ ေဖ်ာ္ေျဖတင္ဆက္ခဲ့ရာမွာ ေ႐ႊတိဂုံေစတီေတာ္ရဲ႕ပုံရိပ္အား ေျချဖင့္နင္းခဲ့သည္ဟုဆိုကာ ေဝဖန္ေျပာဆိုမႈ မ်ား ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရွိ အခ်ိဳ႕ေစတီေတာ္မ်ား၌ ညေနပိုင္းအခ်ိန္မွာ ဖူးေျမာ္လာၾကေသာ ဘုရားဖူးအားလုံးသည္ အေနာက္ အရပ္မွ ေနေရာင္ထိုးေသာေၾကာင့္ အေရွ႕အရပ္မွာျဖစ္ေပၚေနေသာ ေစတီေတာ္ပုံရိပ္မွာ နင္းေလွ်ာက္ၾကရေသာ္ လည္း မည္သူမွ်အကုသိုလ္စိတ္မျဖစ္ပဲ ေစတီေတာ္ႀကီးကို ၾကည္ညိဳသဒၶါျဖင့္ ပူေဇာ္ရွိခိုးၾကတယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ Project-K အဖြဲ႕ကလည္း ေဖ်ာ္ေျဖတင္ဆက္ေနစဥ္အခ်ိန္အတြင္း ေ႐ႊတိဂုံေစတီေတာ္ပုံရိပ္ ေအာက္ ၾကမ္းျပင္ေပၚမွာ က်ေရာက္ေနသည္ကိုလည္း ေဖ်ာ္ေျဖတင္ဆက္ၿပီးမွသာ သိရွိၾကရသျဖင့္ စိတ္ဆင္းရဲၾကရကာ မသိရွိသည္ကို ျပဳမိမွားသျဖင့္ သည္းခံခြင့္လႊတ္ၾကပါရန္ ႏွစ္ႀကိမ္တိုင္တိုင္ေတာင္းပန္ခဲ့ပါတယ္။

ေဖ်ာ္ေျဖတင္ဆက္သူမ်ားသည္ ၎တို႔ကိုယ္တိုင္ကပင္ အႏူးအၫြတ္ေတာင္းပန္ထားသျဖင့္ ထိုကိစၥကို အ ေၾကာင္းျပဳလ်က္ ဗုဒၶဘာသာဝင္အားလုံး အကုသိုလ္မတိုးပြားသင့္ေၾကာင္းလည္း သာသနာေရးဝန္ႀကီဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။
TMA

Add a Comment

Your email address will not be published. Required fields are marked *