ရေးမဆေးကျောက်ရှာသမားတွေ တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းအရိုင်းတုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူ
|ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ မမုံနဲ့ ဖားပြင်ကျေးရွာကြား မက်လင်ချောင်မျောချောင်းမှာ အရွယ်အစားကြီးမားတဲ့ ဒုတိယမြောက် ကျောက်စိမ်းရိုင်းတုံးကို အောက်တိုဘာလ(၁၆) ရက်က ထပ်မံတွေ့ရှိ
ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ကျောက်စိမ်းရိုင်းတုံး ကို ရေမဆေးကျောက်ရှာသူ ကျောက် ထူးဖော်သူအချို့က တွေ့ရှိခဲ့ရတာ ဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာကနေ လုံခြုံရေးရဲတပ်ဖွဲ့ကတွေ့ရှိ သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ သိရပါ
တယ်၊
“ကျွန်တော်တို့ လေးယောက်တူးရှာကြရာက စတွေ့တာပါ၊ စတွေ့တုန်းက ပိဿာချိန် နှစ်ရာလောက်ပဲ၊ ဖော်ရင်း ဖော်ရင်းနဲ့ အလုံးကြီးလာတာ”လို့ ကျောက်စိမ်းရိုင်းတုံး စတွေ့သူ ကိုကျော်စိုးနိုင်က ပြောပြသည်။
ဒီကနေ့ အောက်တိုဘာ (၁၇) မှာတော့ ဖာကန့် ကျောက်စိမ်းရုံး တာဝန်ရှိသူတွေက ကျောက်တန်ဖိုး အကြမ်း တွက်ချက်ကာ ဆုကြေးငွေပေးဖို့ ကနဦးညှိနှိုင်းထားတယ်လို့ ရေမဆေးကျောက်ရှာသူတွေက ပြောပါတယ်။
“ရေမဆေးတွေက ခက်ခက်ခဲခဲရှာကြရတာ ခုလိုခက်ခဲနေချိန်ကျ သူတို့ရသင့်တာလေးပေးရင်တော့ ကောင်းတာပေါ့”ဟု ဖားပြင်ကျေးရွာ ရပ်မိရပ်ဖ ဦးနော်တောင်က ပြောပါတယ်။ ။
လက်ရှိ ကျောက်စိမ်းရိုင်းတုံးကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)ကို သယ်ဆောင်သွားပြီ ဖြစ်ပြီး ကျောက်စိမ်းရုံး တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုး ဖြတ်ပေးကာ ကျောက်တွေ့သူနဲ့ ရေမဆေးကျောက် ထူးဖော်သူတွေကို
ဆုကြေးပေးသွားမယ်လို့လည်း သိရပါတယ်။
အခုတွေ့ရှိရတဲ့ ကျောက်စိမ်းအရိုင်းတုံးဟာ ဝှေခါမှော်မှာ အောက်တိုဘာ (၁၂) ရက်က အရွယ်အစားကြီးမားတဲ့ ကျောက်စိမ်းရိုင်းတုံး တွေ့ရှိပြီး ငါးရက်မြောက်မှာ ဒုတိယအကြိမ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ တွေ့ရှိရတဲ့
ကျောက်စိမ်းအရိုင်း (၂) တုံးကို နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
သတင်း- ကိုတာ(ဖားကန့်)
Zawgyi
ေရးမေဆးေက်ာက္ရွာသမားေတြ ေတြ႕ရွိခဲ့တဲ့ ေက်ာက္စိမ္းအ႐ိုင္းတုံးကို ႏိုင္ငံပိုင္အျဖစ္ သိမ္းယူ
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု ၊ မမုံနဲ႔ ဖားျပင္ေက်း႐ြာၾကား မက္လင္ေခ်ာင္ေမ်ာေခ်ာင္းမွာ အ႐ြယ္အစားႀကီးမားတဲ့ ဒုတိယေျမာက္ ေက်ာက္စိမ္း႐ိုင္းတုံးကို ေအာက္တိုဘာလ(၁၆) ရက္က ထပ္မံေတြ႕ရွိခဲ့ရ
တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
အဲဒီ ေက်ာက္စိမ္း႐ိုင္းတုံး ကို ေရမေဆးေက်ာက္ရွာသူ ေက်ာက္ ထူးေဖာ္သူအခ်ိဳ႕က ေတြ႕ရွိခဲ့ရတာ ျဖစ္ၿပီး ႐ြံ႕ႏြံေတြၾကား သယ္ထုတ္ဖို႔ အခက္အခဲျဖစ္ေနရာကေန လုံၿခဳံေရးရဲတပ္ဖြဲ႕ကေတြ႕ရွိ သိမ္းဆည္းခဲ့တာ ျဖစ္တယ္လို႔ သိရပါ
တယ္၊
“ကြၽန္ေတာ္တို႔ ေလးေယာက္တူးရွာၾကရာက စေတြ႕တာပါ၊ စေတြ႕တုန္းက ပိႆာခ်ိန္ ႏွစ္ရာေလာက္ပဲ၊ ေဖာ္ရင္း ေဖာ္ရင္းနဲ႔ အလုံးႀကီးလာတာ”လို႔ ေက်ာက္စိမ္း႐ိုင္းတုံး စေတြ႕သူ ကိုေက်ာ္စိုးႏိုင္က ေျပာျပသည္။
ဒီကေန႔ ေအာက္တိုဘာ (၁၇) မွာေတာ့ ဖာကန႔္ ေက်ာက္စိမ္း႐ုံး တာဝန္ရွိသူေတြက ေက်ာက္တန္ဖိုး အၾကမ္း တြက္ခ်က္ကာ ဆုေၾကးေငြေပးဖို႔ ကနဦးညႇိႏႈိင္းထားတယ္လို႔ ေရမေဆးေက်ာက္ရွာသူေတြက ေျပာပါတယ္။
“ေရမေဆးေတြက ခက္ခက္ခဲခဲရွာၾကရတာ ခုလိုခက္ခဲေနခ်ိန္က် သူတို႔ရသင့္တာေလးေပးရင္ေတာ့ ေကာင္းတာေပါ့”ဟု ဖားျပင္ေက်း႐ြာ ရပ္မိရပ္ဖ ဦးေနာ္ေတာင္က ေျပာပါတယ္။ ။
လက္ရွိ ေက်ာက္စိမ္း႐ိုင္းတုံးကို ေက်ာက္စိမ္းတူးေဖာ္ေရးဌာန(လုံးခင္း)ကို သယ္ေဆာင္သြားၿပီ ျဖစ္ၿပီး ေက်ာက္စိမ္း႐ုံး တန္ဖိုးျဖတ္အဖြဲ႕က တန္ဖိုး ျဖတ္ေပးကာ ေက်ာက္ေတြ႕သူနဲ႔ ေရမေဆးေက်ာက္ ထူးေဖာ္သူေတြကို ဆုေၾကးေ
ပးသြားမယ္လို႔လည္း သိရပါတယ္။
အခုေတြ႕ရွိရတဲ့ ေက်ာက္စိမ္းအ႐ိုင္းတုံးဟာ ေဝွခါေမွာ္မွာ ေအာက္တိုဘာ (၁၂) ရက္က အ႐ြယ္အစားႀကီးမားတဲ့ ေက်ာက္စိမ္း႐ိုင္းတုံး ေတြ႕ရွိၿပီး ငါးရက္ေျမာက္မွာ ဒုတိယအႀကိမ္ ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။ ေတြ႕ရွိရတဲ့ ေက်ာက္စိ
မ္းအ႐ိုင္း (၂) တုံးကို ႏိုင္ငံေတာ္ပိုင္ အျဖစ္ သိမ္းဆည္းထားတယ္လို႔ သိရပါတယ္။
သတင္း- ကိုတာ(ဖားကန႔္)