ကိုဗစ်လက္ခဏာဟာ ချောင်းဆိုးဖျားနာခြင်းတွေထက် အနံ့ပျောက်ခြင်းဟာ အသေချာဆုံးဖြစ်တယ်လို့ ပညာရှင်များပြော

Sharing is caring!

အနံ့ပျောက်သွားခြင်းက ချောင်းဆိုး ခြင်း၊ ဖျားခြင်းတို့ထက် ပိုမိုသေချာသော Coronavirus လက္ခဏာတစ်ရပ်ဖြစ် သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆို လိုက်ပါသည်။ ဗြိတိန် NHS က အဓိက ရောဂါလက္ခဏာသုံးခုကို

ဖော်ပြရာတွင် အဆက်မပြတ်ချောင်းဆိုးခြင်း၊ အဖျားရှိခြင်းနှင့် အနံ့အရသာပျောက်ခြင်းတို့ ပါဝင်ခဲ့သည်။ ထိုရောဂါလက္ခဏာများကို ခံစားရသောအချိန်သည် လူနာတစ်ဦးနှင့် တစ်ဦးမတူနိုင်ဘဲ အချို့မှာ ရောဂါလက္ခဏာမပြ

ခြင်းပင် ရှိပါသည်။ King’s College London ၏သိပ္ပံပညာရှင်များက ရောဂါ ကူးစက်ခံရသူများသည် ခေါင်းကိုက်ခြင်း နှင့် မောပန်းလွယ်ခြင်းကို ဦးစွာခံစားရ ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ စမ်းသပ်မှုတွင် ပါဝင်သော

လူနာ ၈၂ ရာခိုင် နှုန်းနှင့် ၇၂ ရာခိုင်နှုန်းသည် ခေါင်းကိုက်ခြင်းနှင့် မောပန်းခြင်း ဝေဒနာအသီးသီးခံစားခဲ့ရ ပြီး ကိုးရာခိုင်နှုန်းခန့်သာ နှစ်ခုစလုံးမခံ စားခဲ့ရခြင်းဖြစ်သည်။ University College London ရဲ့သုတေသနမှာ မူ လူငါး

ယောက်တွင် လေးယောက်မှာ အနံ့အရ သာပျောက်သည့်လက္ခဏာကို ခံစားခဲ့ရသည်ဟု ဆိုပါသည်။ ၄၀ ရာခိုင်နှုန်းခန့်က ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်းမျိုး မရှိခဲ့ကြပေ။ ထို့ ပြင် အရသာပျောက်ခြင်းထက် အနံ့ ပျောက်

ခြင်းက COVID-19 ဖြစ်ရန် သုံးဆပိုများသည်ကိုလည်း တွေ့ရှိခဲ့ကြသည်ဟု သိရပါသည်။

အေးယုနိုင်

Zawgyi

ကိုဗစ္လကၡဏာဟာ ေခ်ာင္းဆိုးဖ်ားနာျခင္းေတြထက္ အနံ႔ေပ်ာက္ျခင္းဟာ အေသခ်ာဆုံးျဖစ္တယ္လို႔ ပညာရွင္မ်ားေျပာ

အနံ႔ေပ်ာက္သြားျခင္းက ေခ်ာင္းဆိုး ျခင္း၊ ဖ်ားျခင္းတို႔ထက္ ပိုမိုေသခ်ာေသာ Coronavirus လကၡဏာတစ္ရပ္ျဖစ္ သည္ဟု ကြၽမ္းက်င္ပညာရွင္မ်ားက ဆို လိုက္ပါသည္။ ၿဗိတိန္ NHS က အဓိက ေရာဂါလကၡဏာသုံးခုကိုေဖာ္ျပရာ

တြင္ အဆက္မျပတ္ေခ်ာင္းဆိုးျခင္း၊ အဖ်ားရွိျခင္းႏွင့္ အနံ႔အရသာေပ်ာက္ျခင္းတို႔ ပါဝင္ခဲ့သည္။ ထိုေရာဂါလကၡဏာမ်ားကို ခံစားရေသာအခ်ိန္သည္ လူနာတစ္ဦးႏွင့္ တစ္ဦးမတူႏိုင္ဘဲ အခ်ိဳ႕မွာ ေရာဂါလကၡဏာမျပျခင္းပင္ ရွိပါသ

ည္။

King’s College London ၏သိပၸံပညာရွင္မ်ားက ေရာဂါ ကူးစက္ခံရသူမ်ားသည္ ေခါင္းကိုက္ျခင္း ႏွင့္ ေမာပန္းလြယ္ျခင္းကို ဦးစြာခံစားရ ေၾကာင္း ေတြ႕ရွိခဲ့သည္ဟု ဆိုပါသည္။ စမ္းသပ္မႈတြင္ ပါဝင္ေသာလူနာ ၈၂ ရာခိုင္ ႏႈ

န္းႏွင့္ ၇၂ ရာခိုင္ႏႈန္းသည္ ေခါင္းကိုက္ျခင္းႏွင့္ ေမာပန္းျခင္း ေဝဒနာအသီးသီးခံစားခဲ့ရ ၿပီး ကိုးရာခိုင္ႏႈန္းခန႔္သာ ႏွစ္ခုစလုံးမခံ စားခဲ့ရျခင္းျဖစ္သည္။ University College London ရဲ႕သုေတသနမွာ မူ လူငါးေယာက္တြင္ ေလးေ

ယာက္မွာ အနံ႔အရ သာေပ်ာက္သည့္လကၡဏာကို ခံစားခဲ့ရသည္ဟု ဆိုပါသည္။ ၄၀ ရာခိုင္ႏႈန္းခန႔္က ေခ်ာင္းဆိုးျခင္း၊ အဖ်ားတက္ျခင္းမ်ိဳး မရွိခဲ့ၾကေပ။ ထို႔ ျပင္ အရသာေပ်ာက္ျခင္းထက္ အနံ႔ ေပ်ာက္ျခင္းက COVID-19 ျဖစ္ရန္

သုံးဆပိုမ်ားသည္ကိုလည္း ေတြ႕ရွိခဲ့ၾကသည္ဟု သိရပါသည္။

ေအးယုႏိုင္

Add a Comment

Your email address will not be published. Required fields are marked *