ကိုဗစ်ကြောင့် နိုင်ငံစီးပွားရေးအတွက် စက်ကုန်ဖွင့်၍ မမောင်းနှင်နိုင်ကြောင်း ဒေါက်တာမြင့်ထွေးပြော

Sharing is caring!

ယခုအစိုးရသက်တမ်း၏ နောက်ဆုံးနှစ်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် စက်ကုန်ဖွင့်၍ မောင်းနှင်မည်ဟု ကြံရွယ်ထားသော်လည်း COVID-19 ကြောင့် လုပ်ငန်းများ ဆောင်ရွက်မှု နှေးကွေးတုံ့ဆိုင်း သွားခဲ့ရကြောင်း ကျန်းမာရေး

နှင့်အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး စီမံချက်မန်နေဂျာများနှင့် ကျန်းမာရေး လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခံများအနေဖြင့် ဆောင်ရွက်ပေးရမည့် အချက်အလက်များအား အောက်တို ဘာလ ၁၆ ရက်က

ထုတ်ပြန်ထားသည့် အသိပေး အကြောင်းကြားချက်ထဲတွင် ယင်းသို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ယခုအစိုးရ၏ ပထမ လေးနှစ်တာ ကာလ၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး လုပ်ငန်းများ၊ အခြေခံအဆောက်အဦ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမို ခိုင်မာတောင့်တင်းအောင် ရရှိထားသော

အရင်းအမြစ်များကို အသုံးပြု၍ ဆောင်ရွက်ခဲ့ရာ လက်ခံနိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိသည်ဟု မှတ်ယူကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံ အစီအစဉ် များ အရ ပံ့ပိုးမှုများစွာကို

ရရှိခဲ့ပြီး ယင်းပံ့ပိုး ကူညီမှုများမှာ ရေရှည်တွင် မည်သည့် အတိုင်းအတာ၊ မည်သည့် အချိန်ထိ ရရှိမည်ကို ခန့်မှန်း၍ မရနိုင်ကြောင်း၊ အကောင်းဆုံးသော နည်းလမ်းမှာ မိမိ၏ ခြေထောက်ပေါ်၌ ရပ်နိုင်အောင် ကြိုးစားခြင်းပင်

ဖြစ်ကြောင်း ပြောဆိုသည်။

အချို့အကူအညီများမှာ နိုင်ငံရေးနှင့်လည်း ဆက်နွယ်နေသည်ကို တွေ့ရှိရသောကြောင့် မိမိတို့သည် ယခုလောလောဆယ် ပြည်ပမှ ရရှိထားသော ဘဏ္ဍာငွေများကို လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ ခွဲဝေချမှတ်ပေးသော

ဘဏ္ဍာငွေများကိုလည်းကောင်း မည်ကဲ့သို့ အကျိုးရှိ ထိရောက်မှု အရှိဆုံးဖြစ်အောင် သုံးမည်ကို စဉ်းစားရန်လိုမည်ဟုဆိုသည်။

ထို့ပြင် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေး တာဝန်ခံများ အနေဖြင့်လည်း အရည်အသွေး ပြည့်ဝသော ဆေးနှင့်ဆေးပစ္စည်းများကို မည်သည့် အတိုင်းအတာထိ ဝယ်ယူရမည်ကို ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ ရှုထောင့်မှ သုံးသပ်

ပြီး National Supply Chain Management ကို ပိုမိုကောင်းမွန် အောင် စဉ်ဆက်မပြတ် သုံးသပ်ကာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး

Zawgyi

ကိုဗစ္ေၾကာင့္ ႏိုင္ငံစီးပြားေရးအတြက္ စက္ကုန္ဖြင့္၍ မေမာင္းႏွင္ႏိုင္ေၾကာင္း ေဒါက္တာျမင့္ေထြးေျပာ

ယခုအစိုးရသက္တမ္း၏ ေနာက္ဆုံးႏွစ္ျဖစ္ေသာ ၂၀၂၀ ခုႏွစ္တြင္ စက္ကုန္ဖြင့္၍ ေမာင္းႏွင္မည္ဟု ႀကံ႐ြယ္ထားေသာ္လည္း COVID-19 ေၾကာင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္မႈ ေႏွးေကြးတုံ႔ဆိုင္း သြားခဲ့ရေၾကာင္း က်န္းမာေရးႏွင့္

အားကစား ဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ က်န္းမာေရး စီမံခ်က္မန္ေနဂ်ာမ်ားႏွင့္ က်န္းမာေရး လုပ္ငန္းက႑အလိုက္ တာဝန္ခံမ်ားအေနျဖင့္ ေဆာင္႐ြက္ေပးရမည့္ အခ်က္အလက္မ်ားအား ေအာက္တို ဘာလ ၁၆ ရက္က ထုတ္ျပန္

ထားသည့္ အသိေပး အေၾကာင္းၾကားခ်က္ထဲတြင္ ယင္းသို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

မိမိတို႔အေနျဖင့္ ယခုအစိုးရ၏ ပထမ ေလးႏွစ္တာ ကာလ၌ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး လုပ္ငန္းမ်ား၊ အေျခခံအေဆာက္အဦ၊ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္မ်ား ပိုမို ခိုင္မာေတာင့္တင္းေအာင္ ရရွိထားေသာ အရင္းအျ

မစ္မ်ားကို အသုံးျပဳ၍ ေဆာင္႐ြက္ခဲ့ရာ လက္ခံႏိုင္ေသာ အဆင့္တစ္ဆင့္သို႔ ေရာက္ရွိသည္ဟု မွတ္ယူေၾကာင္း ျပည္ေထာင္စုဝန္ႀကီးကဆိုသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးလုပ္ငန္းမ်ားကို ကမာၻ႔ကုလသမဂၢ အဖြဲ႕အစည္းမ်ား၊ဖြံ႕ၿဖိဳး တိုးတက္မႈ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ႏွစ္ႏိုင္ငံ အစီအစဥ္ မ်ား အရ ပံ့ပိုးမႈမ်ားစြာကို ရရွိခဲ့ၿပီး

ယင္းပံ့ပိုး ကူညီမႈမ်ားမွာ ေရရွည္တြင္ မည္သည့္ အတိုင္းအတာ၊ မည္သည့္ အခ်ိန္ထိ ရရွိမည္ကို ခန႔္မွန္း၍ မရႏိုင္ေၾကာင္း၊ အေကာင္းဆုံးေသာ နည္းလမ္းမွာ မိမိ၏ ေျခေထာက္ေပၚ၌ ရပ္ႏိုင္ေအာင္ ႀကိဳးစားျခင္းပင္ ျဖစ္ေၾကာင္း ေျ

ပာဆိုသည္။

အခ်ိဳ႕အကူအညီမ်ားမွာ ႏိုင္ငံေရးႏွင့္လည္း ဆက္ႏြယ္ေနသည္ကို ေတြ႕ရွိရေသာေၾကာင့္ မိမိတို႔သည္ ယခုေလာေလာဆယ္ ျပည္ပမွ ရရွိထားေသာ ဘ႑ာေငြမ်ားကို လည္းေကာင္း၊ ႏိုင္ငံေတာ္အစိုးရမွ ခြဲေဝခ်မွတ္ေပးေသာ

ဘ႑ာေငြမ်ားကိုလည္းေကာင္း မည္ကဲ့သို႔ အက်ိဳးရွိ ထိေရာက္မႈ အရွိဆုံးျဖစ္ေအာင္ သုံးမည္ကို စဥ္းစားရန္လိုမည္ဟုဆိုသည္။

ထို႔ျပင္ ေဆးႏွင့္ေဆးပစၥည္း ဝယ္ယူေရး တာဝန္ခံမ်ား အေနျဖင့္လည္း အရည္အေသြး ျပည့္ဝေသာ ေဆးႏွင့္ေဆးပစၥည္းမ်ားကို မည္သည့္ အတိုင္းအတာထိ ဝယ္ယူရမည္ကို ကြၽမ္းက်င္မႈ ပိုင္းဆိုင္ရာ ရႈေထာင့္မွ သုံးသပ္ၿပီး

National Supply Chain Management ကို ပိုမိုေကာင္းမြန္ ေအာင္ စဥ္ဆက္မျပတ္ သုံးသပ္ကာ ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး

Add a Comment

Your email address will not be published. Required fields are marked *