မန်မာနိုင်ငံရဲ့ ကိုဗစ်ကုသရေးကို အကြံပေးလိုက်တဲ့ အင်္ဂလန်ရောက် မြန်မာဆရာဝန်တစ်ဦး
|၁။ Hotline လို့ အခေါ်များတဲ့ လူမှတ်မိလွယ်တဲ့ နံပါတ်တခုလိုပါမယ်။ ယူကေမှာဆိုရင်တော့ ၁၁၁ ကိုသုံးပါတယ်။ call handlers (ဖုန်းဖြေသူ) တွေက ဆေးပညာ အခြေခံရှိပြီး၊ သင်တန်းတိုလေးတခုပေးထားပါတယ်။ သူတို့ကို
အကြံဉာဏ် ပေးနိုင်သူလဲရှိပါတယ်။ ဒီစနစ်ရဲ့ အကျိုးက လူနာနဲ့ထိတွေ့မှု (contact or exposure) မလိုဘဲ ဖုန်းထဲကတဆင့် လူနာကို ကိုဗစ် test လိုသလား၊ လိုရင် အနီးအနားဘယ်နေရာမှာလုပ်ရမလဲ ဆိုတာတွေရှာပြီး ဖုန်း
ပေါ်ကတင် လုပ်ပေးလိုရတယ်။
ပေါ့စတစ်သမားတွေ ဘယ်လောက် နေမကောင်းဖြစ်လဲပေါ်မူတည်ပြီး အိမ်မှာဘဲ Q လုပ်မလား၊Fever Clinic သွားရမလား၊ အရေးပေါ်ကတဆင့်ဆေးရုံတက်ရမလား အကြံပေးနိုင်တယ်။ တခြားဌာနတော်တော်များများ
(ဆေးရုံ၊ အရေးပေါ်လူနာတင်ကား၊ ဂျီပီ၊ ဖီဗာကလင်းနစ်၊ lab, ရပ်ကွက်လူကြီး၊ ရဲ) နဲ့ချိတ်ဆက်ထားတော့ (emforcement) လူနာဘယ်လောက်လိုက်နာမှူရှိသလဲပါ စစ်လို့ရတယ်။ ဖုန်းဖြေရုံဘဲဆိုတော့ risk များတဲ့ ဗော်လံတီ
ယာတွေပါ ဝင်လုပ်လို့ ရတယ်။ ပင်စင်စားဆရာတွေ၊ အသက်ကြီးတဲ့ တခြားရောဂါရှိ့တဲ့သူတွေ ပါလုပ်လို့ရနိုင်ပါတယ်။
၂။ မလိုတာတွေ အားလုံးရပ်ရန်
ဆေးဖြန်းတာသည်ဘာမှ အသုံးမဝင်ပါ။ နေရောင်ခြည်သည် အကောင်းဆုံးပိုးသတ်ဆေးပါ။ ဗိုက်တာမင်တွေကို ကာကွယ်ဆေးလို့မထင်ကြပါနဲ့။ ဗိုက်တာမင် C နဲ့ D ကိုတော့ အလွန်အကျွံမဟုတ်ရင်သောက်နိုင်ပါတယ်။
ဆေးသွားဝယ်ရင်း ကွမ်းယာဆိုင်မှာ ရောဂါကူးတာမျိုး မဖြစ်ရင်ပြီးတာပါဘဲ။
၃။ Outbreak ဖြစ်လာခဲ့ရင် Positive အားလုံး ဆေးရုံ (သို့) facility Q မလိုသလို လုပ်လဲ မလုပ်နိုင်တော့ပါ။ အားလုံးတမျိုးတည်း (one size fits all) ပေါ်လစီ အစား တဦးချင်း အဆင်ပြေမယ့် လမ်းညွှန်ချက် (guideline on
how to manage patients by individual basis) လိုပါမယ်။
၄။ ကိုဗစ်ဖြစ်သူအများစုက နေကောင်းနေတတ်တယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ရေများများသောက်ရုံကလွဲ ဘာမှမလိုပါ။ ကိုယ့်အိမ်မှာ ဘယ်သူနဲ့မှ မရောဘဲနေတာအကောင်းဆုံးပါ။ ရန်ကုန်တိုက်ခန်းတွေ
လို သိပ်ပြွပ်သိပ်နေရင်တော့ facility Q လိုကောင်းလိုနိုင်ပါတယ်။
၄။ နေမကောင်းတော်တော်ဖြစ်လာရင်တော့ ဆရာဝန်ပြဖို့လိုပါပြီ။ ယူကေမှာတော့ဒီနေရာမှာ ၄ အုပ်စုခွဲလိုက်ပါတယ်။ လူကလဲ သာမန်အားဖြင့်ကျန်းမာ အဆုတ်ယောင်ရောဂါလဲမရှိ၊ သွေးပေါင် အောင်စီဂျင် Level တွေလဲ
ကောင်းဆိုရင် အိမ်ပြန်လွှတ်ပါတယ်။ ပိုဆိုးလာရင်ဆေးရုံပြန်လာပေါ့။
ဒုတိယ အုပ်စုကတော့ အဆုတ်ယောင်ရောဂါရှိနေပြီဖြစ်သော်လည်း၊ ကျန်တာအားလုံးကောင်းတယ် (သို့မဟုတ်) အဆုတ်ရောင်ရောဂါမရှိပေမယ့် ရောဂါအခံရှိတယ်ဆိုတဲ့သူတွေပါ။ သူတို့ကိုတော့ ဝါရင့် ဆရာဝန်တယောက်
က စစ်ဆေးပါတယ်။ အားလုံး မဆိုးဘူး stable ဖြစ်တယ်ဆို ခုံတစ်လုံးမှာထိုင်ထ ငါးမိနစ်လုပ်ခိုင်းတယ်။ အောက်စီဂျင်ထိုးကျသွားရင်ဆေးရုံတင်၊ မကျရင်အိမ်ပြန်လွှတ်ပါတယ်။ တတိယအုပ်စုကတော့ အဆုတ်ယောင်
ရောဂါလဲရှိ၊ ရောဂါအခံလဲရှိဆိုသူတွေပါ။ သူတို့ကိုတော့ ဆေးရုံတင်ကုဖို့လိုပါတယ်။ စတုတ္ထ အုပ်စုကတော့ တစ်ချက်ကြည့်ရုံနဲ့ သိသာတဲ့ အသည်းအသန်နေမကောင်းတဲ့ အုပ်စုပါ။ ကျိန်းသေပေါက် ဆေးရုံတက်ဖို့လိုပြီး
ICU၊ အသက်ရှူစက် တွေလိုနိုင်ပါတယ်။
၅။ ဆေးရုံပေါ်မှာ ရောဂါပေါင်းစုံကူးနိုင်တယ်။ ခြေခင်းလက်ခင်းမသာဘူး။ stress များတယ်။ လူနာများလာရင် ကုတင်မလောက်တော့ ဆေးရုံတင်သင့်တဲ့သူက ကျူသွား၊ ကောင်းတဲ့သူကဆေးရုံရောက် ကမောက်ကမတွေဖြစ်
တတ်ပါတယ်။
၆။ တဆက်ထဲပြောဖို့လိုတာက Positive ထွက်တဲ့သူကို သွားခေါ်ရင် ကမ္ဘာပေါ်ကို ပထမဆုံးရောက်လာတဲ့ ဂြိုဟ်သားကိုသွားတွေ့သလိုမလုပ်ဖို့ပါ။ လုံးဝ မလိုအပ်ပါ။ အေးဆေးလုပ်လို့လဲရပါတယ်။ ဘယ်သူမှထွက်မပြေးပါ။
ပြေးမယ့်လူဆိုလဲ ဒါမျိုးလုပ်ရင် ပိုတောင်ပြေးချင်ဦးမယ်။
၇။ ဆရာဝန်၊ ဆရာမ၊ စေတနာ့ဝန်ထမ်းတွေကို အထောက်အပံ့ ကောင်းကောင်းပေးပါ။ အနားယူချိန်စီစဉ်ပေးပါ။ တခါတလေ ဖြစ်တတ်တာက လုပ်တတ်တဲ့သူ အလုပ်ကြိုးစားတတ်တဲ့သူကို ပိုပို ခိုင်းမိတတ်တယ်။ နဂိုထဲက
အလုပ်လုပ်တတ်တဲ့သူဆိုတော့ ပြန်မပြောဘဲ ကျုံးရုန်းလုပ်တာ နောက်ဆုံးပေါက်ကွဲ ဒါမှမဟုတ် ပြိုကွဲ (breakdown) အလုပ်ထွက် abscond လုပ်တဲ့ အထိပါ။ ဘယ်သူ့အတွက်မှမကောင်းပါ။
ဒါမျိုးရှောင်ဖို့ ဆေးရုံအုပ်က မျှမျှတတ တာဝန်ချဖို့လိုပါမယ်။ မျှမျှတတ ချဖို့မပြောနဲ့ လူကိုမရှိတာ ဆိုတာလူတိုင်းသိပါတယ်။ အဲဒါနောက်ပြောချင်တဲ့တချက်ပါ။
၈။ ခုချိန်မှာ တကမ္ဘာလုံး ဆရာဝန် သူနာပြု အင်အားနည်းနေပါတယ်။ သေနိုင်တဲ့ ကူးစက်ရောဂါအချိန်မှာ ကျန်းမာရေးဝန်ထမ်းလုပ်ရတာ တွန့်ဆုတ်စရာပါ။ ဒါပေမယ့် ယူကေမှာ စေတနာ့ဝန်ထမ်း ခေါ်လိုက်တော့
ပင်စင်ယူပြီး ဆရာဝန် တသောင်းကျော် သူနာပြု သုံးသောင်းကျော် ပြန်ထွက်လာပြီး ကူကြပါတယ်။ လူကြီးတွေဖြစ်တော့ အန္တရယ်လျော့တဲ့နေရာမှာတော့ထားရတာပေါ့။ သူတို့ဆီမှာ တစ်ပြည်လုံးက ကျန်းမာရေးလုပ်သား
တွေကို (အနဲဆုံး ကိုဗစ်ကာလမှာ) လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားပါတယ်။
၉။ နောက်တခုက လူငယ်တွေကို ခေါ်သုံးတာပါ။ ဒီမှာက year 5 ဆေးကျောင်သားတွေဆို ဆရာဝန်တပိုင်းဖြစ်ပြီးတော်တော် တတ်နေကြပါပြီ။ သူတို့ကိုဖိတ်ခေါ်ပြီးသုံးတာ ကိုဗစ်ကာလမှာသိပ်ထိရောက်ပါတယ်။ ကိုဗစ်ရောဂါ
တစ်မျိုးထဲကို ကုတတ်အောင်သင်ပေးရတာ သိပ်မခဲယဉ်းပါ။ မြန်မာပြည်မှာ အပြင်ဆရာဝန် ဂျီပီစတဲ့ လူငယ်တွေထဲမှာ ကူညီချင်သူအများကြီးရှိနိုင်ပါတယ်။လူငယ်တွေ ကျန်းမာသူတွေဖြစ်တဲ့အတွက် ကိုဗစ်က ဖြစ်ရင်တောင်
သက်သာတတ်တော့ သတ္တိရှိသူ စိတ်ကောင်းရှိသူ အများကြီးထွက်လာနိုင်ပါတယ်။ ဒီလိုဖြစ်အောင့် ကြိုးနီစနစ်လျော့ပေးဖို့တော့လိုမှာပေါ့။ အရေးပေါ် မဟုတ်တဲ့ခွဲစိတ်မှုမျိုးကိုရပ်ပြီး ထွက်လာတဲ့ကျန်းမာရေးဝန်ထမ်းတွေကို
redeploy လဲလုပ်လို့ရပါတယ်။ ဒါတွေဖြစ်လာဖို့ ဝန်ကြီးဌာနကတော့ တော်တော် ထောက်ပံ့ပေးရပါလိမ့်မယ်။
၁၀။ ကိုဗစ်ဦးရေများလာတာနဲ့အမျှ covid contact သတ်မှတ်ချက် definition ကိုပြောင်းရပါလိမ့်မယ်။ သို့မဟုတ်ရင် အားလုံး PUIဖြစ်ပြီးဆေးကုပေမယ့်သူတောင်ကျန်တော့မှာမဟုတ်ပါ။တစ်ချိန်လုံးပြောင်းလဲနေတဲ့ ဗိုင်း
ရပ်ကို ကုရင် ကိုယ်ကလည်း ပြောင်းစရာရှိရင် မြန်မြန်ဆန်ဆန် ပြောင်းတတ်ရမယ်။ ဥပမာ လူနာတယောက် အဖျား ၁၀၀ ဒီဂရီ နဲ့ဝမ်းလျှောပြီး ရောက်လာတယ်ဆိုပါတော့။ လူထုထဲမှာ ကူးစက်နှူန်း တစ်သိန်းကို နှစ်ယောက်
လောက်ဘဲရှိရင် ကိုဗစ်ကို မစဉ်းစားသလောက်ပါဘဲ။ ကူးစက်နှူန်း တစ်သိန်းကို ၂၀၀ ရှိနေပြီဆိုရင်တော့ ကိုဗစ် ဖြစ်နိုင်ခြေ အတော်တိုးတက်သွားပါပြီ။
၁၁။ outbreak စတာနဲ့ အောက်စီဂျင် ကုန်နှုန်းက ကြောက်စရာကောင်းပါတယ်။ အခုထဲက အောင်စီဂျင် supply များအောင်ကြိုပြင်ကြပါ။ Ventilator မရှိလို့ လူနာသေတာ ဒီခေတ်မှာ ဒီလောက်မဆန်းပါ (Intubation and
ventilation in Covid 19 is not that effective and outcomes are not that great. Its nature and outcome is very different from your garden variety ARDS) ။ အောက်စီဂျင်ကုန်လို့ သေရတယ် (ဖြစ်တတ်တယ်၊
ဖြစ်နိုင်တယ်) ဆိုရင်တော့သိပ်ဝမ်းနည်းစရာကောင်းပါမယ်။
မြန်မာပြည်သားအားလုံး ကပ်သုံးပါးကျော်နင်းနိုင်ကြပါစေ။
Ref – Dr.Aung Mon (UK)
Zawgyi
မန္မာႏိုင္ငံရဲ႕ ကိုဗစ္ကုသေရးကို အႀကံေပးလိုက္တဲ့ အဂၤလန္ေရာက္ ျမန္မာဆရာဝန္တစ္ဦး
၁။ Hotline လို႔ အေခၚမ်ားတဲ့ လူမွတ္မိလြယ္တဲ့ နံပါတ္တခုလိုပါမယ္။ ယူေကမွာဆိုရင္ေတာ့ ၁၁၁ ကိုသုံးပါတယ္။ call handlers (ဖုန္းေျဖသူ) ေတြက ေဆးပညာ အေျခခံရွိၿပီး၊ သင္တန္းတိုေလးတခုေပးထားပါတယ္။ သူတို႔ကို အႀ
ကံဉာဏ္ ေပးႏိုင္သူလဲရွိပါတယ္။ ဒီစနစ္ရဲ႕ အက်ိဳးက လူနာနဲ႔ထိေတြ႕မႈ (contact or exposure) မလိုဘဲ ဖုန္းထဲကတဆင့္ လူနာကို ကိုဗစ္ test လိုသလား၊ လိုရင္ အနီးအနားဘယ္ေနရာမွာလုပ္ရမလဲ ဆိုတာေတြရွာၿပီး ဖုန္းေပၚက
တင္ လုပ္ေပးလိုရတယ္။
ေပါ့စတစ္သမားေတြ ဘယ္ေလာက္ ေနမေကာင္းျဖစ္လဲေပၚမူတည္ၿပီး အိမ္မွာဘဲ Q လုပ္မလား၊Fever Clinic သြားရမလား၊ အေရးေပၚကတဆင့္ေဆး႐ုံတက္ရမလား အႀကံေပးႏိုင္တယ္။ တျခားဌာနေတာ္ေတာ္မ်ားမ်ား (ေဆး႐ုံ၊
အေရးေပၚလူနာတင္ကား၊ ဂ်ီပီ၊ ဖီဗာကလင္းနစ္၊ lab, ရပ္ကြက္လူႀကီး၊ ရဲ) နဲ႔ခ်ိတ္ဆက္ထားေတာ့ (emforcement) လူနာဘယ္ေလာက္လိုက္နာမႉရွိသလဲပါ စစ္လို႔ရတယ္။ ဖုန္းေျဖ႐ုံဘဲဆိုေတာ့ risk မ်ားတဲ့ ေဗာ္လံတီယာေတြပါ ဝ
င္လုပ္လို႔ ရတယ္။ ပင္စင္စားဆရာေတြ၊ အသက္ႀကီးတဲ့ တျခားေရာဂါရွိ႕တဲ့သူေတြ ပါလုပ္လို႔ရႏိုင္ပါတယ္။
၂။ မလိုတာေတြ အားလုံးရပ္ရန္
ေဆးျဖန္းတာသည္ဘာမွ အသုံးမဝင္ပါ။ ေနေရာင္ျခည္သည္ အေကာင္းဆုံးပိုးသတ္ေဆးပါ။ ဗိုက္တာမင္ေတြကို ကာကြယ္ေဆးလို႔မထင္ၾကပါနဲ႔။ ဗိုက္တာမင္ C နဲ႔ D ကိုေတာ့ အလြန္အကြၽံမဟုတ္ရင္ေသာက္ႏိုင္ပါတယ္။ ေဆးသြား
ဝယ္ရင္း ကြမ္းယာဆိုင္မွာ ေရာဂါကူးတာမ်ိဳး မျဖစ္ရင္ၿပီးတာပါဘဲ။
၃။ Outbreak ျဖစ္လာခဲ့ရင္ Positive အားလုံး ေဆး႐ုံ (သို႔) facility Q မလိုသလို လုပ္လဲ မလုပ္ႏိုင္ေတာ့ပါ။ အားလုံးတမ်ိဳးတည္း (one size fits all) ေပၚလစီ အစား တဦးခ်င္း အဆင္ေျပမယ့္ လမ္းၫႊန္ခ်က္ (guideline on how
to manage patients by individual basis) လိုပါမယ္။
၄။ ကိုဗစ္ျဖစ္သူအမ်ားစုက ေနေကာင္းေနတတ္တယ္။ ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္၊ ေရမ်ားမ်ားေသာက္႐ုံကလြဲ ဘာမွမလိုပါ။ ကိုယ့္အိမ္မွာ ဘယ္သူနဲ႔မွ မေရာဘဲေနတာအေကာင္းဆုံးပါ။ ရန္ကုန္တိုက္ခန္းေတြလို သိ
ပ္ႁပြပ္သိပ္ေနရင္ေတာ့ facility Q လိုေကာင္းလိုႏိုင္ပါတယ္။
၄။ ေနမေကာင္းေတာ္ေတာ္ျဖစ္လာရင္ေတာ့ ဆရာဝန္ျပဖို႔လိုပါၿပီ။ ယူေကမွာေတာ့ဒီေနရာမွာ ၄ အုပ္စုခြဲလိုက္ပါတယ္။ လူကလဲ သာမန္အားျဖင့္က်န္းမာ အဆုတ္ေယာင္ေရာဂါလဲမရွိ၊ ေသြးေပါင္ ေအာင္စီဂ်င္ Level ေတြလဲေကာင္း
ဆိုရင္ အိမ္ျပန္လႊတ္ပါတယ္။ ပိုဆိုးလာရင္ေဆး႐ုံျပန္လာေပါ့။
ဒုတိယ အုပ္စုကေတာ့ အဆုတ္ေယာင္ေရာဂါရွိေနၿပီျဖစ္ေသာ္လည္း၊ က်န္တာအားလုံးေကာင္းတယ္ (သို႔မဟုတ္) အဆုတ္ေရာင္ေရာဂါမရွိေပမယ့္ ေရာဂါအခံရွိတယ္ဆိုတဲ့သူေတြပါ။ သူတို႔ကိုေတာ့ ဝါရင့္ ဆရာဝန္တေယာက္က စ
စ္ေဆးပါတယ္။ အားလုံး မဆိုးဘူး stable ျဖစ္တယ္ဆို ခုံတစ္လုံးမွာထိုင္ထ ငါးမိနစ္လုပ္ခိုင္းတယ္။ ေအာက္စီဂ်င္ထိုးက်သြားရင္ေဆး႐ုံတင္၊ မက်ရင္အိမ္ျပန္လႊတ္ပါတယ္။ တတိယအုပ္စုကေတာ့ အဆုတ္ေယာင္ေရာဂါလဲရွိ၊ ေရာ
ဂါအခံလဲရွိဆိုသူေတြပါ။ သူတို႔ကိုေတာ့ ေဆး႐ုံတင္ကုဖို႔လိုပါတယ္။ စတုတၳ အုပ္စုကေတာ့ တစ္ခ်က္ၾကည့္႐ုံနဲ႔ သိသာတဲ့ အသည္းအသန္ေနမေကာင္းတဲ့ အုပ္စုပါ။ က်ိန္းေသေပါက္ ေဆး႐ုံတက္ဖို႔လိုၿပီး ICU၊ အသက္ရႉစက္ ေတြ
လိုႏိုင္ပါတယ္။
၅။ ေဆး႐ုံေပၚမွာ ေရာဂါေပါင္းစုံကူးႏိုင္တယ္။ ေျခခင္းလက္ခင္းမသာဘူး။ stress မ်ားတယ္။ လူနာမ်ားလာရင္ ကုတင္မေလာက္ေတာ့ ေဆး႐ုံတင္သင့္တဲ့သူက က်ဴသြား၊ ေကာင္းတဲ့သူကေဆး႐ုံေရာက္ ကေမာက္ကမေတြျဖစ္တ
တ္ပါတယ္။
၆။ တဆက္ထဲေျပာဖို႔လိုတာက Positive ထြက္တဲ့သူကို သြားေခၚရင္ ကမာၻေပၚကို ပထမဆုံးေရာက္လာတဲ့ ၿဂိဳဟ္သားကိုသြားေတြ႕သလိုမလုပ္ဖို႔ပါ။ လုံးဝ မလိုအပ္ပါ။ ေအးေဆးလုပ္လို႔လဲရပါတယ္။ ဘယ္သူမွထြက္မေျပးပါ။ ေျပးမ
ယ့္လူဆိုလဲ ဒါမ်ိဳးလုပ္ရင္ ပိုေတာင္ေျပးခ်င္ဦးမယ္။
၇။ ဆရာဝန္၊ ဆရာမ၊ ေစတနာ့ဝန္ထမ္းေတြကို အေထာက္အပံ့ ေကာင္းေကာင္းေပးပါ။ အနားယူခ်ိန္စီစဥ္ေပးပါ။ တခါတေလ ျဖစ္တတ္တာက လုပ္တတ္တဲ့သူ အလုပ္ႀကိဳးစားတတ္တဲ့သူကို ပိုပို ခိုင္းမိတတ္တယ္။ နဂိုထဲက အလုပ္
လုပ္တတ္တဲ့သူဆိုေတာ့ ျပန္မေျပာဘဲ က်ဳံး႐ုန္းလုပ္တာ ေနာက္ဆုံးေပါက္ကြဲ ဒါမွမဟုတ္ ၿပိဳကြဲ (breakdown) အလုပ္ထြက္ abscond လုပ္တဲ့ အထိပါ။ ဘယ္သူ႔အတြက္မွမေကာင္းပါ။
ဒါမ်ိဳးေရွာင္ဖို႔ ေဆး႐ုံအုပ္က မွ်မွ်တတ တာဝန္ခ်ဖို႔လိုပါမယ္။ မွ်မွ်တတ ခ်ဖို႔မေျပာနဲ႔ လူကိုမရွိတာ ဆိုတာလူတိုင္းသိပါတယ္။ အဲဒါေနာက္ေျပာခ်င္တဲ့တခ်က္ပါ။
၈။ ခုခ်ိန္မွာ တကမာၻလုံး ဆရာဝန္ သူနာျပဳ အင္အားနည္းေနပါတယ္။ ေသႏိုင္တဲ့ ကူးစက္ေရာဂါအခ်ိန္မွာ က်န္းမာေရးဝန္ထမ္းလုပ္ရတာ တြန႔္ဆုတ္စရာပါ။ ဒါေပမယ့္ ယူေကမွာ ေစတနာ့ဝန္ထမ္း ေခၚလိုက္ေတာ့ ပင္စင္ယူၿပီး
ဆရာဝန္ တေသာင္းေက်ာ္ သူနာျပဳ သုံးေသာင္းေက်ာ္ ျပန္ထြက္လာၿပီး ကူၾကပါတယ္။ လူႀကီးေတြျဖစ္ေတာ့ အႏၲရယ္ေလ်ာ့တဲ့ေနရာမွာေတာ့ထားရတာေပါ့။ သူတို႔ဆီမွာ တစ္ျပည္လုံးက က်န္းမာေရးလုပ္သားေတြကို (အနဲဆုံး ကို
ဗစ္ကာလမွာ) လႈိက္လႈိက္လွဲလွဲ တန္ဖိုးထားပါတယ္။
၉။ ေနာက္တခုက လူငယ္ေတြကို ေခၚသုံးတာပါ။ ဒီမွာက year 5 ေဆးေက်ာင္သားေတြဆို ဆရာဝန္တပိုင္းျဖစ္ၿပီးေတာ္ေတာ္ တတ္ေနၾကပါၿပီ။ သူတို႔ကိုဖိတ္ေခၚၿပီးသုံးတာ ကိုဗစ္ကာလမွာသိပ္ထိေရာက္ပါတယ္။ ကိုဗစ္ေရာဂါတစ္
မ်ိဳးထဲကို ကုတတ္ေအာင္သင္ေပးရတာ သိပ္မခဲယဥ္းပါ။ ျမန္မာျပည္မွာ အျပင္ဆရာဝန္ ဂ်ီပီစတဲ့ လူငယ္ေတြထဲမွာ ကူညီခ်င္သူအမ်ားႀကီးရွိႏိုင္ပါတယ္။လူငယ္ေတြ က်န္းမာသူေတြျဖစ္တဲ့အတြက္ ကိုဗစ္က ျဖစ္ရင္ေတာင္ သက္
သာတတ္ေတာ့ သတၱိရွိသူ စိတ္ေကာင္းရွိသူ အမ်ားႀကီးထြက္လာႏိုင္ပါတယ္။ ဒီလိုျဖစ္ေအာင့္ ႀကိဳးနီစနစ္ေလ်ာ့ေပးဖို႔ေတာ့လိုမွာေပါ့။ အေရးေပၚ မဟုတ္တဲ့ခြဲစိတ္မႈမ်ိဳးကိုရပ္ၿပီး ထြက္လာတဲ့က်န္းမာေရးဝန္ထမ္းေတြကို redeploy
လဲလုပ္လို႔ရပါတယ္။ ဒါေတြျဖစ္လာဖို႔ ဝန္ႀကီးဌာနကေတာ့ ေတာ္ေတာ္ ေထာက္ပံ့ေပးရပါလိမ့္မယ္။
၁၀။ ကိုဗစ္ဦးေရမ်ားလာတာနဲ႔အမွ် covid contact သတ္မွတ္ခ်က္ definition ကိုေျပာင္းရပါလိမ့္မယ္။ သို႔မဟုတ္ရင္ အားလုံး PUIျဖစ္ၿပီးေဆးကုေပမယ့္သူေတာင္က်န္ေတာ့မွာမဟုတ္ပါ။တစ္ခ်ိန္လုံးေျပာင္းလဲေနတဲ့ ဗိုင္းရပ္ကို
ကုရင္ ကိုယ္ကလည္း ေျပာင္းစရာရွိရင္ ျမန္ျမန္ဆန္ဆန္ ေျပာင္းတတ္ရမယ္။ ဥပမာ လူနာတေယာက္ အဖ်ား ၁၀၀ ဒီဂရီ နဲ႔ဝမ္းေလွ်ာၿပီး ေရာက္လာတယ္ဆိုပါေတာ့။ လူထုထဲမွာ ကူးစက္ႏႉန္း တစ္သိန္းကို ႏွစ္ေယာက္ေလာက္ဘဲရွိ
ရင္ ကိုဗစ္ကို မစဥ္းစားသေလာက္ပါဘဲ။ ကူးစက္ႏႉန္း တစ္သိန္းကို ၂၀၀ ရွိေနၿပီဆိုရင္ေတာ့ ကိုဗစ္ ျဖစ္ႏိုင္ေျခ အေတာ္တိုးတက္သြားပါၿပီ။
၁၁။ outbreak စတာနဲ႔ ေအာက္စီဂ်င္ ကုန္ႏႈန္းက ေၾကာက္စရာေကာင္းပါတယ္။ အခုထဲက ေအာင္စီဂ်င္ supply မ်ားေအာင္ႀကိဳျပင္ၾကပါ။ Ventilator မရွိလို႔ လူနာေသတာ ဒီေခတ္မွာ ဒီေလာက္မဆန္းပါ (Intubation and
ventilation in Covid 19 is not that effective and outcomes are not that great. Its nature and outcome is very different from your garden variety ARDS) ။ ေအာက္စီဂ်င္ကုန္လို႔ ေသရတယ္ (ျဖစ္တတ္တယ္၊ ျ
ဖစ္ႏိုင္တယ္) ဆိုရင္ေတာ့သိပ္ဝမ္းနည္းစရာေကာင္းပါမယ္။
ျမန္မာျပည္သားအားလုံး ကပ္သုံးပါးေက်ာ္နင္းႏိုင္ၾကပါေစ။
Ref – Dr.Aung Mon (UK)