အခုခေတ်မှာ လူတိုင်းနီးပါး ဖုန်းတွေအကြည့်များလွန်းလို့ ခေါင်းကိုက်တတ်ကြပါတယ်

Sharing is caring!

အခုကာလက Work from home ကာလဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အရင်ကထက်ပိုပြီး screentime တွေ များနေတတ်ပါတယ်။ ဖုန်းပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ်ပေါ့။ ဒီအတွက် ခေါင်းလည်း ပိုကိုက်လာတတ်တာ သဘာဝပါပဲ။

ဒါကြောင့် screen ကြည့်တာများပြီးေ ခါင်းကိုက်တတ်တဲ့ လူတွေအတွက် ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ကြည့်လိုက်ရအောင်။

(၁) မျက်လုံးကိုအနားပေးပါ

20/20/20 ဆိုတဲ့ စည်းမျဉ်းကို ကျင့်သုံးပါ။ အဲဒါကတော့ screen ကြည့်ပြီး မိနစ် ၂၀ ကြာတိုင်း တခြား ပေ၂၀ ကွာဝေးတဲ့နေရာကို စက္ကန့် ၂၀ လောက်ကြည့်ပေးပါ။

(၂) အခန်းအလင်းရောင်ကိုသတိထားပါ

မီးအဖြူအရမ်းလင်းနေတာမျိုး၊ အရမ်းမှောင်နေတာမျိုးတွေဆိုရင် ကွန်ပြူတာမကြည့်သင့်ဘဲနဲ့ သဘာဝအလင်းရောင်ကပဲ အသင့်တော်ဆုံးဖြစ်ပါတယ်။

(၃) ကွန်ပြူတာနေရာကို သေချာထားပါ

Screen ပေါ်မှာ အလင်းပြန်နေတာမျိုးတွေမဖြစ်အောင် သေချာသတိထားရပါမယ်။ မဟုတ်ရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါ စွဲကပ်နိုင်ပါတယ်။

(၄) ကွန်ပြူတာအလင်းကာတဲ့ မျက်မှန်ကိုအသုံးပြုပါ

Screen တွေဟာ ခရမ်းလွန်ရောင်ခြည်နဲ့ တူလွန်းတဲ့ရောင်ခြည်တွေကိုထုတ်လွှင့်ပေးတဲ့အတွက်ကြောင့် သင့်မျက်လုံးကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မျက်မှန်ရွေးချယ်တဲ့အခါမှာ ရောင်ခြည်ကာတဲ့မှန်ကို

ရွေးချယ်ပါ။

(၅) မျက်စဉ်းကိုအသုံးပြုပါ

မျက်လုံးဟာ screen ကြည့်ပါများရင် မျက်လုံးတွေဟာ ခြောက်လာတတ်ပါတယ်။ မျက်သားခြောက်ခြင်းကို ကာကွယ်ဖို့အတွက် မျက်စဉ်းကို တစ်နေ့ ၂ ကြိမ်မှ ၄ ကြိမ်အထိ ခပ်ပေးလို့ရနိုင်ပါတယ်။

(၆) မျက်လုံးကပင်ပမ်းနွမ်းနယ်မှုတွေ လျော့အောင်လို့

ဒါကလည်း မျက်သားခြောက်ခြင်းအတွက်ပါပဲ။ မျက်စဉ်းတငမဟုတ်ဘဲ ရေကိုလည်းအသုံးပြုပြီးတော့ မျက်သားခြောက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အဲဒါကတော့ ရေနွေးနွေးလေးထဲ ပုဝါစိမ်ပြီးတော့ မျက်လုံးပေါ်မှာ ၃ မိနစ်နဲ့

၁၅ မိနစ်လောက် ဖိကပ်ထားးပေးပါ။

penny

Zawgyi

အခုေခတ္မွာ လူတိုင္းနီးပါး ဖုန္းေတြအၾကည့္မ်ားလြန္းလို႔ ေခါင္းကိုက္တတ္ၾကပါတယ္

အခုကာလက Work from home ကာလဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ အရင္ကထက္ပိုၿပီး screentime ေတြ မ်ားေနတတ္ပါတယ္။ ဖုန္းပဲျဖစ္ျဖစ္ laptop ပဲျဖစ္ျဖစ္ေပါ့။ ဒီအတြက္ ေခါင္းလည္း ပိုကိုက္လာတတ္တာ သဘာဝပါပဲ။

ဒါေၾကာင့္ screen ၾကည့္တာမ်ားၿပီးေ ခါင္းကိုက္တတ္တဲ့ လူေတြအတြက္ ဒီလိုမျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမယ္ဆိုတာကို ၾကည့္လိုက္ရေအာင္။

(၁) မ်က္လုံးကိုအနားေပးပါ

20/20/20 ဆိုတဲ့ စည္းမ်ဥ္းကို က်င့္သုံးပါ။ အဲဒါကေတာ့ screen ၾကည့္ၿပီး မိနစ္ ၂၀ ၾကာတိုင္း တျခား ေပ၂၀ ကြာေဝးတဲ့ေနရာကို စကၠန႔္ ၂၀ ေလာက္ၾကည့္ေပးပါ။

(၂) အခန္းအလင္းေရာင္ကိုသတိထားပါ

မီးအျဖဴအရမ္းလင္းေနတာမ်ိဳး၊ အရမ္းေမွာင္ေနတာမ်ိဳးေတြဆိုရင္ ကြန္ျပဴတာမၾကည့္သင့္ဘဲနဲ႔ သဘာဝအလင္းေရာင္ကပဲ အသင့္ေတာ္ဆုံးျဖစ္ပါတယ္။

(၃) ကြန္ျပဴတာေနရာကို ေသခ်ာထားပါ

Screen ေပၚမွာ အလင္းျပန္ေနတာမ်ိဳးေတြမျဖစ္ေအာင္ ေသခ်ာသတိထားရပါမယ္။ မဟုတ္ရင္ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ စြဲကပ္ႏိုင္ပါတယ္။

(၄) ကြန္ျပဴတာအလင္းကာတဲ့ မ်က္မွန္ကိုအသုံးျပဳပါ

Screen ေတြဟာ ခရမ္းလြန္ေရာင္ျခည္နဲ႔ တူလြန္းတဲ့ေရာင္ျခည္ေတြကိုထုတ္လႊင့္ေပးတဲ့အတြက္ေၾကာင့္ သင့္မ်က္လုံးကို တိုက္႐ိုက္ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္မွန္ေ႐ြးခ်ယ္တဲ့အခါမွာ ေရာင္ျခည္ကာတဲ့မွန္ကို ေ႐ြးခ်ယ္ပါ။

(၅) မ်က္စဥ္းကိုအသုံးျပဳပါ

မ်က္လုံးဟာ screen ၾကည့္ပါမ်ားရင္ မ်က္လုံးေတြဟာ ေျခာက္လာတတ္ပါတယ္။ မ်က္သားေျခာက္ျခင္းကို ကာကြယ္ဖို႔အတြက္ မ်က္စဥ္းကို တစ္ေန႔ ၂ ႀကိမ္မွ ၄ ႀကိမ္အထိ ခပ္ေပးလို႔ရႏိုင္ပါတယ္။

(၆) မ်က္လုံးကပင္ပမ္းႏြမ္းနယ္မႈေတြ ေလ်ာ့ေအာင္လို႔

ဒါကလည္း မ်က္သားေျခာက္ျခင္းအတြက္ပါပဲ။ မ်က္စဥ္းတငမဟုတ္ဘဲ ေရကိုလည္းအသုံးျပဳၿပီးေတာ့ မ်က္သားေျခာက္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။ အဲဒါကေတာ့ ေရေႏြးေႏြးေလးထဲ ပုဝါစိမ္ၿပီးေတာ့ မ်က္လုံးေပၚမွာ ၃ မိနစ္နဲ႔ ၁၅

မိနစ္ေလာက္ ဖိကပ္ထားးေပးပါ။

penny

Add a Comment

Your email address will not be published. Required fields are marked *