ထိုင်းမှာ ပြည်တွင်းကူးစက်မှုများ ပြန်စနေပါပြီ

Sharing is caring!

မြန်မာနဲ့နယ်စပ်အနီး နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားမျာားဖြစ်ကြောင်း နေ့စဉ် ကူးစက်မှုအခြေအနေ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ထိုင်းနိုင်ငံမှာ တစ်လကျော်အတွင်း ပထမဆုံး COVID-19 ပြည်တွင်းကူးစက်မှုနှစ်ခုကို မြန်မာနိုင်ငံသားများထံမှာ တွေ့ရှိရကြောင်း တာဝန်ရှိသူတွေက ယနေ့ (အောက်တိုဘာ ၁၇ ရက်) ပြောပါတယ်။

အဆိုပါ ပြည်တွင်းကူးစက်မှုနှစ်ခုဟာ မြန်မာနဲ့နယ်စပ်အနီး နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထိုင်းနိုင်ငံရဲ့ နေ့စဉ် ကူးစက်မှုအခြေအနေ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၎င်းတို့ကို အောက်တိုဘာ ၁၃ ရက်နေ့

မှာ COVID-19 စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသားနှစ်ဦးဟာ ရောဂါလက္ခဏာမပြခဲ့ပေမဲ့ ၎င်းတို့ထံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) တွေ့ခဲ့ရတယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြော

ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထိုင်းမှာ ပြည်တွင်းကူးစက်မှုကို စက်တင်ဘာလအစောပိုင်းမှာ နောက်ဆုံး တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွားတွေကို ပထမဆုံးအကြိမ် ပြန်လည်လာ‌ရောက်ခွင့်ပြုမယ့် အစီအစဉ်အား စီမံခန့်ခွဲမှု

ကိစ္စတွေကြောင့် ရွေ့ဆိုင်းလိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ထားပါတယ်။

အထူးဗီဇာများ လျှောက်ထားမှုနဲ့ ခွင့်ပြုပေးမှုပါဝင်တဲ့ လုပ်ငန်းစဉ်က ပြည်ပခရီးသွား ပြန်လည်ဝင်ခွင့်ပြုမယ့် အစီအစဉ်ကို နှောင့်နှေးနေစေကြောင်း Tourism Authority of Thailand (TAT) အကြီးအကဲ Yuthasak

Supasorn က Reuters သတင်းဌာနကို ထိုစဉ်က ပြောခဲ့ပါတယ်။ ယခုလအတွင်း ပြည်ပခရီးသည် ၁၀၀ ခန့် ရောက်ရှိလာမယ်လို့ ခန့်မှန်းထားခဲ့ကြောင်းလည်း Yuthasak Supasorn က ဖြည့်စွက်ပြောခဲ့ပါတယ်။

COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး အစိုးရက စီးပွားဖြစ်လေကြောင်းလိုင်း ပျံသန်းမှုများ ပိတ်ပင်ခဲ့ပြီးနောက် ဧပြီလအတွင်း ထိုင်းနိုင်ငံကို ခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိအချိန်

အထိ COVID-19 ကူးစက်ခံရသူ ၃,၆၀၀ ကျော်မျှသာ တွေ့ရှိခဲ့ရပြီး အာရှဒေသတွင်း ကူးစက်ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

သို့သော် ခရီးသွားလုပ်ငန်းအပေါ် အဓိက အားထားနေရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ကပ်ရောဂါဂယက်ကြောင့် ယခုနှစ်မှာ ၇.၈ ရာခိုင်နှုန်းအထိ စံချိန်တင်ကျုံ့သွားနိုင်ကြောင်း ခန့်မှန်ထားပါတယ်။ ယခုနှစ်

အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုဟာ ၆.၇ သန်းမျှသာ ရှိနိုင်တယ်လို့ အစိုးရက ခန့်မှန်ထားပြီး ၂၀၁၉ ခုနှစ်မှာတော့ ၃၉.၈ သန်းအထိ စံချိန်တင်ထားခဲ့ပါတယ်။

Zawgyi

ထိုင္းမွာ ျပည္တြင္းကူးစက္မႈမ်ား ျပန္စေနပါၿပီ

ျမန္မာနဲ႔နယ္စပ္အနီး ေနထိုင္ၾကတဲ့ ျမန္မာႏိုင္ငံသားမ်ာားျဖစ္ေၾကာင္း ေန႔စဥ္ ကူးစက္မႈအေျခအေန ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ထိုင္းႏိုင္ငံမွာ တစ္လေက်ာ္အတြင္း ပထမဆုံး COVID-19 ျပည္တြင္းကူးစက္မႈႏွစ္ခုကို ျမန္မာႏိုင္ငံသားမ်ားထံမွာ ေတြ႕ရွိရေၾကာင္း တာဝန္ရွိသူေတြက ယေန႔ (ေအာက္တိုဘာ ၁၇ ရက္) ေျပာပါတယ္။

အဆိုပါ ျပည္တြင္းကူးစက္မႈႏွစ္ခုဟာ ျမန္မာနဲ႔နယ္စပ္အနီး ေနထိုင္ၾကတဲ့ ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရဲ႕ ေန႔စဥ္ ကူးစက္မႈအေျခအေန ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ၎တို႔ကို ေအာက္တိုဘာ ၁၃ ရက္ေန႔မွာ

COVID-19 စစ္ေဆးခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံသားႏွစ္ဦးဟာ ေရာဂါလကၡဏာမျပခဲ့ေပမဲ့ ၎တို႔ထံမွာ COVID-19 ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (SARS-CoV-2) ေတြ႕ခဲ့ရတယ္လို႔ ထိုင္းတာဝန္ရွိသူေတြကေျပာေၾကာင္း

Reuters သတင္းက ေဖာ္ျပပါတယ္။

ထိုင္းမွာ ျပည္တြင္းကူးစက္မႈကို စက္တင္ဘာလအေစာပိုင္းမွာ ေနာက္ဆုံး ေတြ႕ရွိထားခဲ့တာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံက ႏိုင္ငံျခားခရီးသြားေတြကို ပထမဆုံးအႀကိမ္ ျပန္လည္လာ‌ေရာက္ခြင့္ျပဳမယ့္ အစီအစဥ္အား စီမံခန႔္ခြဲမႈကိစၥေ

တြေၾကာင့္ ေ႐ြ႕ဆိုင္းလိုက္ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ထုတ္ျပန္ထားပါတယ္။

အထူးဗီဇာမ်ား ေလွ်ာက္ထားမႈနဲ႔ ခြင့္ျပဳေပးမႈပါဝင္တဲ့ လုပ္ငန္းစဥ္က ျပည္ပခရီးသြား ျပန္လည္ဝင္ခြင့္ျပဳမယ့္ အစီအစဥ္ကို ေႏွာင့္ေႏွးေနေစေၾကာင္း Tourism Authority of Thailand (TAT) အႀကီးအကဲ Yuthasak Supasorn

က Reuters သတင္းဌာနကို ထိုစဥ္က ေျပာခဲ့ပါတယ္။ ယခုလအတြင္း ျပည္ပခရီးသည္ ၁၀၀ ခန႔္ ေရာက္ရွိလာမယ္လို႔ ခန႔္မွန္းထားခဲ့ေၾကာင္းလည္း Yuthasak Supasorn က ျဖည့္စြက္ေျပာခဲ့ပါတယ္။

COVID-19 ကူးစက္မႈ ထိန္းခ်ဳပ္ကာကြယ္ေရး အစိုးရက စီးပြားျဖစ္ေလေၾကာင္းလိုင္း ပ်ံသန္းမႈမ်ား ပိတ္ပင္ခဲ့ၿပီးေနာက္ ဧၿပီလအတြင္း ထိုင္းႏိုင္ငံကို ခရီးသြားဝင္ေရာက္မႈ ရပ္ဆိုင္းသြားခဲ့ပါတယ္။ ထိုင္းႏိုင္ငံဟာ လက္ရွိအခ်ိန္အထိ

COVID-19 ကူးစက္ခံရသူ ၃,၆၀၀ ေက်ာ္မွ်သာ ေတြ႕ရွိခဲ့ရၿပီး အာရွေဒသတြင္း ကူးစက္ျဖစ္ပြားမႈ အနည္းဆုံးႏိုင္ငံေတြထဲမွာ ပါဝင္ပါတယ္။

သို႔ေသာ္ ခရီးသြားလုပ္ငန္းအေပၚ အဓိက အားထားေနရတဲ့ ထိုင္းႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈဟာ ကပ္ေရာဂါဂယက္ေၾကာင့္ ယခုႏွစ္မွာ ၇.၈ ရာခိုင္ႏႈန္းအထိ စံခ်ိန္တင္က်ဳံ႕သြားႏိုင္ေၾကာင္း ခန႔္မွန္ထားပါတယ္။ ယခုႏွစ္အတြင္း ထို

င္းႏိုင္ငံသို႔ ခရီးသြားဝင္ေရာက္မႈဟာ ၆.၇ သန္းမွ်သာ ရွိႏိုင္တယ္လို႔ အစိုးရက ခန႔္မွန္ထားၿပီး ၂၀၁၉ ခုႏွစ္မွာေတာ့ ၃၉.၈ သန္းအထိ စံခ်ိန္တင္ထားခဲ့ပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *