အကြွေးမကင်း​တဲ့ သူဌေးမင်း

Sharing is caring!

ကျွန်​​တော်က ​​​ငွေကို ​ချွေတာပြီး တတ်နိုင်သမျှ ကြိုတင်စု​​ဆောင်းထားဖို့၊ ချေးငှါးပြီး ​နေထိုင်စားသောက်တာမျိုးမလုပ်​ဖို့၊ ​ကြွေး​သံသရာထဲရောက်သွားတာဟာ ငရဲကျသလိုမို့ ​အတတ်နိုင်ဆုံး ​​ရှောင်ရှားကြဖို့ ရေး​​တော့ ​

စောဒကတက်ကြ​တဲ့ စကားတစ်ခွန်းက “​​ကောင်း​တဲ့​ အကြွေး​တွေလည်း ရှိပါတယ်။ သူဌေး​တွေလည်း ​အကြွေးမကင်းပါဘူး” ​တဲ့။

မမှား​တဲ့ ​စကားပါ။ ဒါ​ပေ​မဲ့ ဒီစကားကို နားလည်မှုလွဲရင် ဒုက္ခရောက်တတ်တာ​​ကြောင့် နည်းနည်းရှင်းပြပါရ​စေ။

​အကြွေးဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် ​အကျိုးရှိပြီး မသုံးတတ်ရင် ​အန္တရာယ်ရှိပါတယ်။

သူဌေး​တွေ အကြွေးရှိတယ်ဆိုတာ စီးပွားရေးလုပ်ငန်း တိုး​ချဲ့ဖို့ ချေးယူထားကြတာပါ။ ​​အကျိုး​စီးပွား တိုးတက်ဖို့ ချေး​ငွေကို ​အသုံးချပြီး ​အမြတ်များ​တဲ့ စီးပွားရေးလုပ်ငန်း​တွေကို လုပ်ကြတာပါ။ ​​ကောင်း​တဲ့​အကြွေးဆိုတာ ဒါမျိုးပါ။

အကြွေးမကင်းဘူး ဆို​ပေ​မဲ့ ဝင်-ထွက်-ပိုင်-ကြွေး-ကြွယ် သ​ဘောတရား​အရ သူတို့​ရဲ့ ပိုင်ဆိုင်မှု​တန်ဖိုးဟာ ​အကြွေး​တွေထက် ​အဆ​​ပေါင်းများစွာ များ​နေတာမျိုးပါ။

​အကြွေးမကင်း​ပေ​မဲ့ ​သူတို့​ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက တစ်သက်စားမကုန်လို့ သူဌေးမင်း​တွေ ဖြစ်​နေကြတုန်းပါ။

ချေး​ငွေကိုလည်း ​အလွယ်ယူကြတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ယူသလို ​အတိုးကြီးကြီး​နဲ့ ယူကြတာ မဟုတ်ပါဘူး။ ​​​အတိုးသက်သက်သာသာ​နဲ့ ချေးယူကြတာပါ။

ပြီး​​တော့ ချေး​ပေးတဲ့ ​ဘဏ်​တွေ ​အ​ဖွဲ့​အစည်း​တွေကလည်း သူတို့ကို ​အလွယ်ချေးပေးလိုက်ကြတာ မဟုတ်ပါဘူး။ ဘာ​​ကြောင့်ချေးချင်တယ်၊ ဘာလုပ်ငန်းလုပ်မယ်၊ ​အကျိုး​အမြတ် ခန့်မှန်း​ခြေ ဘယ်လောက်ရှိမယ်၊ ချေးထား​တဲ့​

ငွေကို ဘယ်​အချိန်မှာ ​အ​ပြည့်​ပြန်ဆပ်နိုင်မယ် စသဖြင့် ​သေချာ စီ​မံကိန်း ချပြရတာပါ။ ​

မ​ရေရာ မ​သေချာ​နဲ့ ဆုံးရှုံးနိုင်​ခြေများ​တဲ့ လုပ်ငန်းမျိုး​အတွက်ဆို ​ဘဏ်​တွေ အ​ဖွဲ့​အစည်း​တွေက ​ငွေမချေးပေးချင်ပါဘူး။

ပြီး​​တော့ အကြွေး​တွေ​ပြန်မဆပ်နိုင်ရင် ​ပြန်သိမ်းဖို့ အာမ​ခံ ပိုင်ဆိုင်မှု ပစ္စည်း​တွေ ​အ​​ပေါင်သ​ဘောမျိုး ​(အများ​အားဖြင့်) ထားပေးရပါတယ်။

ဒီ​​တော့ ​ထပ်​ပြောပါရ​စေ။ သူဌေး​တွေ ​ငွေချေးတာ သူတို့မှာ ​ငွေမရှိလို့ မဟုတ်ပါဘူး။ ​တင်​နေ​တဲ့​အကြွေး​တွေထက် ​အဆ​​ပေါင်းများစွာ ပိုချမ်းသာကြပါတယ်။ ပြီး​​တော့ ​​အတိုး​တွေကလည်း သက်သက်သာသာ ​​အတိုး​တွေပါ။ ​ချေး

ယူတာကလည်း ပေး​နေရ​တဲ့ ​အတိုးထက် ​အဆ​​ပေါင်းများစွာ ​အမြတ်​ကျန်နိုင်​တဲ့ လုပ်ငန်းမျိုး လုပ်ဖို့ ​သေချာ ပြင်ဆင်စီ​မံတွက်ချက်ပြီးမှ ချေးတာပါ။ ​အ​ခြေ​ခံ စားဝတ်​နေရေး​အတွက်၊ ကြွားလုံးထုတ်ဖို့ ဝယ်​တဲ့ ပစ္စည်း​တွေ​

အတွက် ချေးယူ​နေကြတာ မဟုတ်ပါဘူး။

ကဲ ​အကြွေးမကင်း​တဲ့ သူဌေး​မင်းတွေကို ​အားကျပြီး တစ်လွဲ​ဆံပင်​​ကောင်းပြီး လိုက်လုပ်​တဲ့သူ​တွေကို ကြည့်ပါဦး။

“သူဌေး​တွေလည်း ​အကြွေးမကင်းပါဘူး။ ဒီ​​တော့ ကျွန်​​တော်လည်း ​အကြွေး​နဲ့ ဖုန်း​အသစ်​​လေး ဝယ်လိုက်တယ်​လေ။”

ဟုတ်​ကဲ့ မွဲဆေး​​ဖော်​နေတာပါ။

“​အကြွေးဆိုတာ လူ​နဲ့​တည့်တယ်။ ဒါ့​​ကြောင့် ကြွားဖို့ အိမ်မှာစီးဖို့ ကားသစ်တစ်စီး ​အကြွေး​နဲ့ ဝယ်ထားလိုက်တယ်​လေ။”

“​အကြွေးကို ကြောက်​နေလို့မဖြစ်ဘူး။ ​အင်္ကျီ​အသစ်လေး​တွေ ခုယူ စပါး​​ပေါ်မှပေး စနစ်​နဲ့ ​အကြွေးဝယ်ထားလိုက်တယ်​လေ။”

​ဟုတ်​ကဲ့ ​အကြွေး​နဲ့ရရင် ဆင်ပါဝယ်မယ့်လူစားမျိုးပါ။

“စွန့်စားမှ ကြီးပွားမယ်။ ​အကြွေးကို ​အသုံးချပြီး ကြီးပွါးအောင်လုပ်ရမယ်။ ​ဘဏ်​တွေကလည်း ​ငွေမချေးပေး​​တော့ ရပ်ကွက်ထဲက​နေ ၂၀ တိုး​နဲ့ ချေးပြီး လုပ်ငန်းလုပ်မယ်။”

ဟုတ်​ကဲ့ ​​လုပ်ငန်းက ထင်သလောက်​အဆင်မ​ပြေ​တဲ့​အခါ ကြွေး​နွံနစ်ရဦးမယ်။ ခုလို ကိုဗစ်ကာလမှာ တိုင်ပတ်ပြီ။ စီးပွါးရေးပန္နက် (Business Plan) ကို ​သေချာဆွဲပြီး ရလာနိုင်​တဲ့ ​အကျိုး​အမြတ်က ​ပေးရ​တဲ့​အတိုး​နဲ့ ကိုက်မ

ကိုက် တွက်ကြည့်ကြပါဦးခင်ဗျာ။

“​အကြွေးဆိုတာ ​အကြွေး​​ကောင်း​တွေလည်း ရှိပါတယ်။ ကျွန်မဆို ၂၀ တိုး​နဲ့ ချေးယူပြီး ရပ်ကွက်ထဲမှာ၂၅ ကျပ်တိုး​နဲ့ ​တစ်ဆင့်ပြန်ပြီး ​အတိုးပေးစားတယ်​လေ။”

ရပ်ကွက်ထဲမှာ ​ဒီလောက် အတိုးကြီးကြီး​နဲ့ ချေးပေးလိုက်​တဲ့​အခါ အတိုးပုံ​မှန်​ပြန်ပေး​တဲ့သူက ရှားပြီး ထွက်ပြေး​တဲ့သူက များပါတယ်။ သူတို့ထွက်ပြေး​​တော့ ကိုယ်က စိုက်ဆပ်ရပြီး ဘဝပျက်ဦးမယ်။ ကိုယ်ပါထွက်ပြေးရမယ့် ​အ​

ခြေ​အ​နေဖြစ်ရဦးမယ်။

ဒီ​​တော့ သူဌေး​တွေ​အကြွေးမကင်းတာကို သွား​အားကျမ​နေကြပါ​နဲ့။ ​သူတို့ချေးတာ​နဲ့ ကိုယ်ချေးတာ​ ရည်ရွယ်ချက်၊ အတိုးရာခိုင်နှုန်း၊ ​​ငွေချေးလိုက်လို့ ရလာနိုင်​တဲ့ အကျိုး​အမြတ်ရာခိုင်နှုန်း မတူပါဘူး။

​အကြွေးမယူခင် ဒီစာလေးဖတ်ပြီး ​ချေး​ငွေယူသင့်မယူသင့် သေချာ သုံးသပ်ပါ။

​မဖြစ်မ​နေ ​ငွေချေးရ​​တော့မယ်ဆိုရင်​​တောင် ​အတိုးနှုန်းသက်သာ​တဲ့ ​နေရာမှာချေးပါ။ ချေး​ငွေကို ရင်းပြီး လုပ်​တဲ့ စီးပွားရေး​လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ပါ။ တွက်ကြည့်လို့ ​အမြတ်ရနိုင်​ခြေနည်းရင် ​ငွေမချေးပါ​နဲ့

ဦး။ ပိုကိုက်​တဲ့ နောက်လုပ်ငန်းတစ်ခု စဥ်းစားပါ။ ​ငွေ​အများကြီး ချေးစရာမလိုအောင် ​ငွေရှိ​တဲ့သူ​တွေ​နဲ့ ရှယ်ယာသ​ဘော ​​ပေါင်းလုပ်ပါ။

​အကြွေးဆိုတာ မီးပါ။ မီးကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် ပြာကျသွားမယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

လေးစားစွာဖြင့် ပိုးစုန်းကြူး

Zawgyi

အေႂကြးမကင္း​တဲ့ သူေဌးမင္း

ကြၽန္​​ေတာ္က ​​​ေငြကို ​ေခြၽတာၿပီး တတ္ႏိုင္သမွ် ႀကိဳတင္စု​​ေဆာင္းထားဖို႔၊ ေခ်းငွါးၿပီး ​ေနထိုင္စားေသာက္တာမ်ိဳးမလုပ္​ဖို႔၊ ​ေႂကြး​သံသရာထဲေရာက္သြားတာဟာ ငရဲက်သလိုမို႔ ​အတတ္ႏိုင္ဆုံး ​​ေရွာင္ရွားၾကဖို႔ ေရး​​ေတာ့ ​ေစာဒကတက္ၾ

က​တဲ့ စကားတစ္ခြန္းက “​​ေကာင္း​တဲ့​ အေႂကြး​ေတြလည္း ရွိပါတယ္။ သူေဌး​ေတြလည္း ​အေႂကြးမကင္းပါဘူး” ​တဲ့။

မမွား​တဲ့ ​စကားပါ။ ဒါ​ေပ​မဲ့ ဒီစကားကို နားလည္မႈလြဲရင္ ဒုကၡေရာက္တတ္တာ​​ေၾကာင့္ နည္းနည္းရွင္းျပပါရ​ေစ။

​အေႂကြးဆိုတာ မီးလိုပါပဲ။ သုံးတတ္ရင္ ​အက်ိဳးရွိၿပီး မသုံးတတ္ရင္ ​အႏၲရာယ္ရွိပါတယ္။

သူေဌး​ေတြ အေႂကြးရွိတယ္ဆိုတာ စီးပြားေရးလုပ္ငန္း တိုး​ခ်ဲ႕ဖို႔ ေခ်းယူထားၾကတာပါ။ ​​အက်ိဳး​စီးပြား တိုးတက္ဖို႔ ေခ်း​ေငြကို ​အသုံးခ်ၿပီး ​အျမတ္မ်ား​တဲ့ စီးပြားေရးလုပ္ငန္း​ေတြကို လုပ္ၾကတာပါ။ ​​ေကာင္း​တဲ့​အေႂကြးဆိုတာ ဒါမ်ိဳးပါ။

အေႂကြးမကင္းဘူး ဆို​ေပ​မဲ့ ဝင္-ထြက္-ပိုင္-ေႂကြး-ႂကြယ္ သ​ေဘာတရား​အရ သူတို႔​ရဲ႕ ပိုင္ဆိုင္မႈ​တန္ဖိုးဟာ ​အေႂကြး​ေတြထက္ ​အဆ​​ေပါင္းမ်ားစြာ မ်ား​ေနတာမ်ိဳးပါ။

​အေႂကြးမကင္း​ေပ​မဲ့ ​သူတို႔​ရဲ႕ အသားတင္ႂကြယ္ဝခ်မ္းသာမႈက တစ္သက္စားမကုန္လို႔ သူေဌးမင္း​ေတြ ျဖစ္​ေနၾကတုန္းပါ။

ေခ်း​ေငြကိုလည္း ​အလြယ္ယူၾကတာ မဟုတ္ပါဘူး။ ရပ္ကြက္ထဲမွာ ယူသလို ​အတိုးႀကီးႀကီး​နဲ႔ ယူၾကတာ မဟုတ္ပါဘူး။ ​​​အတိုးသက္သက္သာသာ​နဲ႔ ေခ်းယူၾကတာပါ။

ၿပီး​​ေတာ့ ေခ်း​ေပးတဲ့ ​ဘဏ္​ေတြ ​အ​ဖြဲ႕​အစည္း​ေတြကလည္း သူတို႔ကို ​အလြယ္ေခ်းေပးလိုက္ၾကတာ မဟုတ္ပါဘူး။ ဘာ​​ေၾကာင့္ေခ်းခ်င္တယ္၊ ဘာလုပ္ငန္းလုပ္မယ္၊ ​အက်ိဳး​အျမတ္ ခန္႔မွန္း​ေျခ ဘယ္ေလာက္ရွိမယ္၊ ေခ်းထား​တဲ့​ေငြ

ကို ဘယ္​အခ်ိန္မွာ ​အ​ျပည့္​ျပန္ဆပ္ႏိုင္မယ္ စသျဖင့္ ​ေသခ်ာ စီ​မံကိန္း ခ်ျပရတာပါ။ ​

မ​ေရရာ မ​ေသခ်ာ​နဲ႔ ဆုံးရႈံးႏိုင္​ေျခမ်ား​တဲ့ လုပ္ငန္းမ်ိဳး​အတြက္ဆို ​ဘဏ္​ေတြ အ​ဖြဲ႕​အစည္း​ေတြက ​ေငြမေခ်းေပးခ်င္ပါဘူး။

ၿပီး​​ေတာ့ အေႂကြး​ေတြ​ျပန္မဆပ္ႏိုင္ရင္ ​ျပန္သိမ္းဖို႔ အာမ​ခံ ပိုင္ဆိုင္မႈ ပစၥည္း​ေတြ ​အ​​ေပါင္သ​ေဘာမ်ိဳး ​(အမ်ား​အားျဖင့္) ထားေပးရပါတယ္။

ဒီ​​ေတာ့ ​ထပ္​ေျပာပါရ​ေစ။ သူေဌး​ေတြ ​ေငြေခ်းတာ သူတို႔မွာ ​ေငြမရွိလို႔ မဟုတ္ပါဘူး။ ​တင္​ေန​တဲ့​အေႂကြး​ေတြထက္ ​အဆ​​ေပါင္းမ်ားစြာ ပိုခ်မ္းသာၾကပါတယ္။ ၿပီး​​ေတာ့ ​​အတိုး​ေတြကလည္း သက္သက္သာသာ ​​အတိုး​ေတြပါ။ ​ေခ်းယူ

တာကလည္း ေပး​ေနရ​တဲ့ ​အတိုးထက္ ​အဆ​​ေပါင္းမ်ားစြာ ​အျမတ္​က်န္ႏိုင္​တဲ့ လုပ္ငန္းမ်ိဳး လုပ္ဖို႔ ​ေသခ်ာ ျပင္ဆင္စီ​မံတြက္ခ်က္ၿပီးမွ ေခ်းတာပါ။ ​အ​ေျခ​ခံ စားဝတ္​ေနေရး​အတြက္၊ ႂကြားလုံးထုတ္ဖို႔ ဝယ္​တဲ့ ပစၥည္း​ေတြ​အတြက္ ေခ်း

ယူ​ေနၾကတာ မဟုတ္ပါဘူး။

ကဲ ​အေႂကြးမကင္း​တဲ့ သူေဌး​မင္းေတြကို ​အားက်ၿပီး တစ္လြဲ​ဆံပင္​​ေကာင္းၿပီး လိုက္လုပ္​တဲ့သူ​ေတြကို ၾကည့္ပါဦး။

“သူေဌး​ေတြလည္း ​အေႂကြးမကင္းပါဘူး။ ဒီ​​ေတာ့ ကြၽန္​​ေတာ္လည္း ​အေႂကြး​နဲ႔ ဖုန္း​အသစ္​​ေလး ဝယ္လိုက္တယ္​ေလ။”

ဟုတ္​ကဲ့ မြဲေဆး​​ေဖာ္​ေနတာပါ။

“​အေႂကြးဆိုတာ လူ​နဲ႔​တည့္တယ္။ ဒါ့​​ေၾကာင့္ ႂကြားဖို႔ အိမ္မွာစီးဖို႔ ကားသစ္တစ္စီး ​အေႂကြး​နဲ႔ ဝယ္ထားလိုက္တယ္​ေလ။”

“​အေႂကြးကို ေၾကာက္​ေနလို႔မျဖစ္ဘူး။ ​အက်ႌ​အသစ္ေလး​ေတြ ခုယူ စပါး​​ေပၚမွေပး စနစ္​နဲ႔ ​အေႂကြးဝယ္ထားလိုက္တယ္​ေလ။”

​ဟုတ္​ကဲ့ ​အေႂကြး​နဲ႔ရရင္ ဆင္ပါဝယ္မယ့္လူစားမ်ိဳးပါ။

“စြန္႔စားမွ ႀကီးပြားမယ္။ ​အေႂကြးကို ​အသုံးခ်ၿပီး ႀကီးပြါးေအာင္လုပ္ရမယ္။ ​ဘဏ္​ေတြကလည္း ​ေငြမေခ်းေပး​​ေတာ့ ရပ္ကြက္ထဲက​ေန ၂၀ တိုး​နဲ႔ ေခ်းၿပီး လုပ္ငန္းလုပ္မယ္။”

ဟုတ္​ကဲ့ ​​လုပ္ငန္းက ထင္သေလာက္​အဆင္မ​ေျပ​တဲ့​အခါ ေႂကြး​ႏြံနစ္ရဦးမယ္။ ခုလို ကိုဗစ္ကာလမွာ တိုင္ပတ္ၿပီ။ စီးပြါးေရးပႏၷက္ (Business Plan) ကို ​ေသခ်ာဆြဲၿပီး ရလာႏိုင္​တဲ့ ​အက်ိဳး​အျမတ္က ​ေပးရ​တဲ့​အတိုး​နဲ႔ ကိုက္မကိုက္

တြက္ၾကည့္ၾကပါဦးခင္ဗ်ာ။

“​အေႂကြးဆိုတာ ​အေႂကြး​​ေကာင္း​ေတြလည္း ရွိပါတယ္။ ကြၽန္မဆို ၂၀ တိုး​နဲ႔ ေခ်းယူၿပီး ရပ္ကြက္ထဲမွာ၂၅ က်ပ္တိုး​နဲ႔ ​တစ္ဆင့္ျပန္ၿပီး ​အတိုးေပးစားတယ္​ေလ။”

ရပ္ကြက္ထဲမွာ ​ဒီေလာက္ အတိုးႀကီးႀကီး​နဲ႔ ေခ်းေပးလိုက္​တဲ့​အခါ အတိုးပုံ​မွန္​ျပန္ေပး​တဲ့သူက ရွားၿပီး ထြက္ေျပး​တဲ့သူက မ်ားပါတယ္။ သူတို႔ထြက္ေျပး​​ေတာ့ ကိုယ္က စိုက္ဆပ္ရၿပီး ဘဝပ်က္ဦးမယ္။ ကိုယ္ပါထြက္ေျပးရမယ့္ ​အ​ေျခ​

အ​ေနျဖစ္ရဦးမယ္။

ဒီ​​ေတာ့ သူေဌး​ေတြ​အေႂကြးမကင္းတာကို သြား​အားက်မ​ေနၾကပါ​နဲ႔။ ​သူတို႔ေခ်းတာ​နဲ႔ ကိုယ္ေခ်းတာ​ ရည္႐ြယ္ခ်က္၊ အတိုးရာခိုင္ႏႈန္း၊ ​​ေငြေခ်းလိုက္လို႔ ရလာႏိုင္​တဲ့ အက်ိဳး​အျမတ္ရာခိုင္ႏႈန္း မတူပါဘူး။

​အေႂကြးမယူခင္ ဒီစာေလးဖတ္ၿပီး ​ေခ်း​ေငြယူသင့္မယူသင့္ ေသခ်ာ သုံးသပ္ပါ။

​မျဖစ္မ​ေန ​ေငြေခ်းရ​​ေတာ့မယ္ဆိုရင္​​ေတာင္ ​အတိုးႏႈန္းသက္သာ​တဲ့ ​ေနရာမွာေခ်းပါ။ ေခ်း​ေငြကို ရင္းၿပီး လုပ္​တဲ့ စီးပြားေရး​လုပ္ငန္းအတြက္ ႀကိဳတင္ျပင္ဆင္တြက္ခ်က္ပါ။ တြက္ၾကည့္လို႔ ​အျမတ္ရႏိုင္​ေျခနည္းရင္ ​ေငြမေခ်းပါ​နဲ႔ဦး။ ပို

ကိုက္​တဲ့ ေနာက္လုပ္ငန္းတစ္ခု စဥ္းစားပါ။ ​ေငြ​အမ်ားႀကီး ေခ်းစရာမလိုေအာင္ ​ေငြရွိ​တဲ့သူ​ေတြ​နဲ႔ ရွယ္ယာသ​ေဘာ ​​ေပါင္းလုပ္ပါ။

​အေႂကြးဆိုတာ မီးပါ။ မီးကို ႏိုင္ေအာင္ထိန္းပါ။ မထိန္းႏိုင္ရင္ ျပာက်သြားမယ္။

အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

​ေလးစားစြာျဖင့္ ပိုးစုန္းၾကဴး

Add a Comment

Your email address will not be published. Required fields are marked *