ဖားကန့်မှာ ကမ်းပါးယံပြိုကျလို့ လူတွေ သေကြပြန်ပြီ
|ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အောက်တိုဘာလ(၁၇)ရက်က ညနေပိုင်းက ကမ်းပါးပြိုပြီး ရေမဆေးကျောက်တူးနေသူ (၂)ဦး သေဆုံးခဲ့တယ်လို့ ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာအနီးက တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်း မှာ ရေမဆေး ကျောက်တူးနေစဉ် ကျောက်ကမ်းပါးယံ ရုတ်တရက်ပြိုကျခဲ့ပြီး အခင်းဖြစ်ပွားတဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါ
တယ်။
သေဆုံးခဲ့သူ နှစ်ဦးရဲ့ ရုပ်အလောင်းများတွေကို ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းကားနဲ့ ဖားကန့်ပြည်သူ့ဆေးရုံသို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း- ကိုတာ(ဖားကန့်)
Zawgyi
သတင်း- ကိုတာ(ဖားကန့်)