ကိုဗစ်ဟာ တကယ့်ကို ကြောက်စရာ၊ လန့်စရာဖြစ်တယ်လို့ သတိပေးလိုက်တဲ့ ဒေါက်တာခင်ခင်ကြီး

Sharing is caring!

ကိုဗစ်သည် တကယ့်ကို ကြောက်စရာလန့်စရာဖြစ်ပြီး သေဆုံးသွားသည့် သူ့သူငယ်ချင်းအဖြစ်မျိုး မရောက်စေဖို့ ဂရုစိုက်ကြပါလို့ ဒေါက်တာခင်ခင်ကြီးက သတိပေးပြောကြားထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်မှုတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ ပြီးခဲ့တဲ့အပတ်က မူလတန်းကတည်းကငယ်သူငယ်ချင်း ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်တုန်းလဲ

သင်တန်းမျိုးစုံအတူတူတက်ခဲ့တဲ့သူငယ်ချင်း ကိုဗစ်ကြောင့် သေဆုံးရတယ် ။အိမ်မှာသူ့အဖေကစဖျားတယ်။ ချောင်းဆိုးတယ် ညီမလုပ်သူကဆေးရုံပို့မယ်လို့ပြောတယ် သူကဆေးရုံမှာလဲ လူတွေမနိုင်ဘူး ကျပ်ညှပ်နေတာပဲ

ရောဂါကသိပ်မဆိုးပါဘူးဆိုပြီး ပေါ့တွက်မိတယ် အိမ်မှာပဲထားတယ် နောက်ရက်သူပါ ဖျားလာတယ် ချောင်းဆိုးလာတယ် နောက်တခြားသူတွေက သိသွားတော့ မဖြစ်ဘူး ဆေးရုံပို့မှဆိုပြီး လုပ်ကြတယ် ဆေးရုံကားပေါ်မှာ သူ

နောက်ဆုံးပြောသွားတာက ငါကိုဗစ်ဖြစ်ပြီထင်တယ်ဆိုတဲ့စကားပဲ အင်းစိန်ဆေးရုံမရောက်ခင် ကားပေါ်မှာပဲ အသက်ဆုံးပါတယ်။ တကယ့်ကို နှမျောစရာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဒေါက်တာခင်ခင်ကြီးက “သေပြီးမှ ဓာတ်ခွဲနမူနာယူပြီးစစ်ရတာ positive ထွက်ပါတယ်။ သူ့အဖေကကျတော့ အင်းစိန်ဆေးရုံမှာ ပြည့်နေလို့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပါတယ် သူ့သမီးအငယ်နဲ့အတူပါ ရောက်ရောက်

ချင်း အတော့်ကို ဆိုးပါတယ် အသက်ကလဲ ၇၇ နဂိုရောဂါအခံတွေကလဲရှိတော့ အတော့်ကို ကုသခဲ့ရပါတယ် ဓာတ်ခွဲနမူနာယူတော့လဲ သူလဲ positive ဖြစ်ပါတယ် ခုတော့ ကုသမှုတွေရပြီး အစားအသောက်တွေဝင်ပြီး အားနေ

တရားထိုင်နေနိုင်ပါပြီ ဘယ်လောက်ဝမ်းသာစရာကောင်းပါသလဲသားအဖ ၃ ယောက်မှာ သမီးအငယ်လေးကတော့ ပိုးမတွေ့ negative ပါ သူကတော့ ရောဂါပြင်းပြင်းထန်ထန် မခံစားရပါ ပြောချင်တာက ကိုဗစ်ဟာ မိသားစု

တွေကို သေခြင်းတရားနဲ့ ရင်ဆိုင်ခိုင်းပြီး သေခွဲခွဲပါတာ် အဖေလုပ်သူကတော့ သူ့သမီးကြီးသေတာ မသိသေးပါ စိတ်မကောင်းဖြစ်ပြီး ပိုဆိုးမှာစိုးလို့ဖြစ်ပါတယ် လက်ရှိလဲဆေးရုံမှာ မဆင်းရသေးပါဘူး ကိုဗစ်ကြောင့် တကယ့်ကို

ကြောက်စရာလန့်စရာအဖြစ်ကို ရောက်ရှိစေနိုင်တာမို့ ဂရုစိုက်ကြပါ”လို့ လူမှုကွန်ယက်မှတဆင့် အသိပေးထားတာဖြစ်ပါတယ်။

MP

Zawgyi

ကိုဗစ္ဟာ တကယ့္ကို ေၾကာက္စရာ၊ လန႔္စရာျဖစ္တယ္လို႔ သတိေပးလိုက္တဲ့ ေဒါက္တာခင္ခင္ႀကီး

ကိုဗစ္သည္ တကယ့္ကို ေၾကာက္စရာလန႔္စရာျဖစ္ၿပီး ေသဆုံးသြားသည့္ သူ႔သူငယ္ခ်င္းအျဖစ္မ်ိဳး မေရာက္ေစဖို႔ ဂ႐ုစိုက္ၾကပါလို႔ ေဒါက္တာခင္ခင္ႀကီးက သတိေပးေျပာၾကားထားပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္မႈတိုက္ဖ်က္ေရးဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက “ ၿပီးခဲ့တဲ့အပတ္က မူလတန္းကတည္းကငယ္သူငယ္ခ်င္း ဆယ္တန္းေအာင္ၿပီး ေက်ာင္းေတြပိတ္တုန္းလဲ သင္

တန္းမ်ိဳးစုံအတူတူတက္ခဲ့တဲ့သူငယ္ခ်င္း ကိုဗစ္ေၾကာင့္ ေသဆုံးရတယ္ ။အိမ္မွာသူ႔အေဖကစဖ်ားတယ္။ ေခ်ာင္းဆိုးတယ္ ညီမလုပ္သူကေဆး႐ုံပို႔မယ္လို႔ေျပာတယ္ သူကေဆး႐ုံမွာလဲ လူေတြမႏိုင္ဘူး က်ပ္ညႇပ္ေနတာပဲ ေရာဂါက

သိပ္မဆိုးပါဘူးဆိုၿပီး ေပါ့တြက္မိတယ္ အိမ္မွာပဲထားတယ္ ေနာက္ရက္သူပါ ဖ်ားလာတယ္ ေခ်ာင္းဆိုးလာတယ္ ေနာက္တျခားသူေတြက သိသြားေတာ့ မျဖစ္ဘူး ေဆး႐ုံပို႔မွဆိုၿပီး လုပ္ၾကတယ္ ေဆး႐ုံကားေပၚမွာ သူေနာက္ဆုံးေျ

ပာသြားတာက ငါကိုဗစ္ျဖစ္ၿပီထင္တယ္ဆိုတဲ့စကားပဲ အင္းစိန္ေဆး႐ုံမေရာက္ခင္ ကားေပၚမွာပဲ အသက္ဆုံးပါတယ္။ တကယ့္ကို ႏွေမ်ာစရာျဖစ္ပါတယ္” လို႔ဆိုပါတယ္။

ေဒါက္တာခင္ခင္ႀကီးက “ေသၿပီးမွ ဓာတ္ခြဲနမူနာယူၿပီးစစ္ရတာ positive ထြက္ပါတယ္။ သူ႔အေဖကက်ေတာ့ အင္းစိန္ေဆး႐ုံမွာ ျပည့္ေနလို႔ ေျမာက္ဥကၠလာပေဆး႐ုံကို ပို႔ပါတယ္ သူ႔သမီးအငယ္နဲ႔အတူပါ ေရာက္ေရာက္ခ်င္း အေ

တာ့္ကို ဆိုးပါတယ္ အသက္ကလဲ ၇၇ နဂိုေရာဂါအခံေတြကလဲရွိေတာ့ အေတာ့္ကို ကုသခဲ့ရပါတယ္ ဓာတ္ခြဲနမူနာယူေတာ့လဲ သူလဲ positive ျဖစ္ပါတယ္ ခုေတာ့ ကုသမႈေတြရၿပီး အစားအေသာက္ေတြဝင္ၿပီး အားေနတရားထိုင္ေ

နႏိုင္ပါၿပီ ဘယ္ေလာက္ဝမ္းသာစရာေကာင္းပါသလဲသားအဖ ၃ ေယာက္မွာ သမီးအငယ္ေလးကေတာ့ ပိုးမေတြ႕ negative ပါ သူကေတာ့ ေရာဂါျပင္းျပင္းထန္ထန္ မခံစားရပါ ေျပာခ်င္တာက ကိုဗစ္ဟာ မိသားစုေတြကို ေသျခင္း

တရားနဲ႔ ရင္ဆိုင္ခိုင္းၿပီး ေသခြဲခြဲပါတာ္ အေဖလုပ္သူကေတာ့ သူ႔သမီးႀကီးေသတာ မသိေသးပါ စိတ္မေကာင္းျဖစ္ၿပီး ပိုဆိုးမွာစိုးလို႔ျဖစ္ပါတယ္ လက္ရွိလဲေဆး႐ုံမွာ မဆင္းရေသးပါဘူး ကိုဗစ္ေၾကာင့္ တကယ့္ကို ေၾကာက္စရာလန႔္စ

ရာအျဖစ္ကို ေရာက္ရွိေစႏိုင္တာမို႔ ဂ႐ုစိုက္ၾကပါ”လို႔ လူမႈကြန္ယက္မွတဆင့္ အသိေပးထားတာျဖစ္ပါတယ္။

MP

Add a Comment

Your email address will not be published. Required fields are marked *