သေဆုံးသွားတဲ့ မီးမီးခဲက သူရဲ့အသက်သခင် ကျေးဇူးရှင်ပါလို့ ပြောပြလာတဲ့ ရေဗက္ကာဝင်း
|ပရိသတ်တွေအရမ်းချစ်ရတဲ့ နာမည်ကျော်တေးသံရှင် မီးမီးခဲကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆)ရက်နေ့မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ် ။ အရည်အချင်းရှိပြီး ထူးချွန်တဲ့ မီးမီးခဲလို ဂီတကြယ်ပွင့်တစ်
ပွင့် ဆုံးရှုံးသွားခဲ့တဲ့အပေါ် ဂီတလောကသားတွေနဲ့ မိတ်ဆွေတွေအားလုံးက စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ အားလုံးကလည်း မီးမီးခဲအတွက် ဝမ်းနည်းပူဆွေးရင်း သူမနဲ့အမှတ်တရလေးတွေကို သတိရနေကြတာ ဖြစ်
ပါတယ် ။
သူငယ်ချင်းဖြစ်တဲ့ ရေဗက္ကာဝင်းကလည်းမီးမီးခဲနဲ့ အမှတ်တရတစ်ခုကို ထုတ်ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ရေဗက္ကာဝင်းက “လွန်ခဲ့တဲ့ ၁၃နှစ်လောက်တုန်းက ကျွန်မရယ် မရတနာဦး၊မဆုန်သင်း၊မဇမ်နူး၊မမီးခဲ၊ ဆရာစံ
ပီးတို့ကို ဦးအောင်ဒူးကနေ ဦးစီးပြီး Christian Musician Fellowship အနေနဲ့ ဘန်ကောက်၊မလေးရှား၊စင်ကာပူကို ဓမ္မတေးတွေချီးမွမ်းဖို့ ခရီးထွက်ခဲ့ကြပါတယ်…ခရီးစဉ်က တစ်လခွဲလောက်ကြာ ပင်လည်းပင်ပန်း ပျော်
စရာလည်းကောင်းပြီး ကျွန်မတို့ အဲ့ဒီခရီးစဉ်မှာ တစ်ယောက်နဲ့တစ်ယောက်အရမ်းရင်းနှီးချစ်ခင်စေခဲ့တယ်လို့ပြောရမှာပါပဲ…ကျွန်မတို့ ယိုးဒယားနိုင်ငံ ဖူးခက်မှာ ဂုဏ်တော်ချီးမွမ်းခြင်းနဲ့ ဟောပြောသက်သေခံဖို့ စင်နားမှာ
စောင့်နေတုန်း ဆရာစံပီးက ရုတ်တရက်အမောဖောက်လာပြီး သတိလစ်သွားခဲ့ပါတယ် အဲ့တုန်းက ဆရာက ဓမ္မဆရာမဟုတ်သေးသလို အားလုံးနဲ့သူငယ်ချင်း လူငယ်ဓမ္မအဆိုတော်ဖြစ်စပဲရှိပါသေးတယ် အရေးပေါ်ဌာနကို
မဇမ်နူးနဲ့ မမီးခဲက ဆေးရုံကားပေါ် ဆရာစံပီးနဲ့လိုက်သွားခဲ့တယ် ကျွန်မရယ် မရတနာဦးရယ် မဆုန်သင်းရယ်က အစီအစဉ်မပျက်သွားအောင် စင်ပေါ်မှာ ဆက်ပြီး ထိန်းထားခဲ့ပါတယ်…ကျွန်မတို့မှာ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့်
အစီအစဉ်အတိုင်းဆက်လုပ်ခဲ့ပါတယ်”
“ဆေးရုံမှာ ဆရာစံပီးက အောက်စီဂျင်ပေးထားရပြီး သတိရတချက်မရတချက်ဖြစ်နေတဲ့အချိန်မှာ မမီးခဲက ရှိုက်ကြီးတငင်ငိုပြီး အားလုံးကိုအခုလိုမထားသွားဖို့ အမြန်အသက်ရှင်လာဖို့ပြောခဲ့တယ်လို့ နောက်ပိုင်းဆရာစံပီး
တရားဟောချက်တွေမှာ ထည့်ပြောလေ့ရှိပါတယ်ဆရာပြောလေ့ရှိတာက အဲ့တုန်းက ကျွန်တော်ကမျောသလိုဖြစ်နေပြီ သတိရတစ်ချက်မရတစ်ချက် အဲ့မှာ မီးခဲက ကျွန်တော့်လက်ကို လှုပ်လှုပ်ပြီး နှပ်ရည်တွေရော
မျက်ရည်တွေရောနဲ့ ခေါ်နေတာ ကျွန်တော်ကြားရတယ်လို့ နေကောင်းကျန်းမာပြီး အမှုတော်ဆောင်တဲ့အချိန်တွေမှာ ဟာသနှောပြီးပြောလေ့ရှိပါတယ် အဲ့နောက်ပိုင်း ဆရာစံပီးက ကိုယ်တွေ့သီချင်းကိုရေးခဲ့တယ်ကျွန်မတို့
လည်းအမြဲမဆုံဖြစ်ကြပေမယ့် သတိရနေကြ အမှတ်ရနေကြပါတယ်”
“ကျွန်မတို့ အဲ့နောက်ပိုင်းလည်း ခရီးတွေ အလုပ်တွေ အများကြီး အတူသွားခဲ့ လုပ်ခဲ့ကြတယ်…ဒီညတော့ ဆရာစံပီးပြန်ငိုရမယ့်အလှည့်လို့ထင်ပါတယ် ဆရာလည်းမမီးခဲကိုလိုက်မခေါ်နိုင်တော့ပါဘူး ကျွန်မတို့တွေ ဘယ်သူမှ
လည်း ပြန်မခေါ်နိုင်တော့ဘူးစိတ်သဘောထားကောင်းပြီး ချစ်စရာကောင်းသော အဆိုပညာကို ကျွမ်းကျင်ပါးနပ်ရုံသာမက သီချင်းရေးလည်းကောင်းသော မမီးခဲ…ကျွန်မသီချင်းရေးပြီးတိုင်း သူ့ကိုဆိုပြဖြစ်ပြီး သူကိုယ်တိုင်က
လည်း ကျွန်မအတွက် သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့ဖူးပါတယ်ကျွန်မတို့ တစ်ချို့အချိန်တွေကပြန်မရတော့ဘူးဆိုတာကို သိပါတယ် ကျွန်မတို့ တစ်ချိန်အဖဘုရားသခင်ရဲ့ အိမ်တော်မှာ ပြန်ဆုံမယ်…ကောင်းမွန်စွာ
အိပ်စက်အနားယူပါတော့ မမီးခဲ” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။
Credit-Rebecca Win’s FB Acc
Zawgyi
ေသဆုံးသြားတဲ့ မီးမီးခဲက သူရဲ႕အသက္သခင္ ေက်းဇူးရွင္ပါလို႔ ေျပာျပလာတဲ့ ေရဗကၠာဝင္း
ပရိသတ္ေတြအရမ္းခ်စ္ရတဲ့ နာမည္ေက်ာ္ေတးသံရွင္ မီးမီးခဲကေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၁၆)ရက္ေန႔မွာပဲ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္ ။ အရည္အခ်င္းရွိၿပီး ထူးခြၽန္တဲ့ မီးမီးခဲလို ဂီတၾကယ္ပြင့္တစ္ပြင့္
ဆုံးရႈံးသြားခဲ့တဲ့အေပၚ ဂီတေလာကသားေတြနဲ႔ မိတ္ေဆြေတြအားလုံးက စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္ ။ အားလုံးကလည္း မီးမီးခဲအတြက္ ဝမ္းနည္းပူေဆြးရင္း သူမနဲ႔အမွတ္တရေလးေတြကို သတိရေနၾကတာ ျဖစ္ပါတယ္ ။
သူငယ္ခ်င္းျဖစ္တဲ့ ေရဗကၠာဝင္းကလည္းမီးမီးခဲနဲ႔ အမွတ္တရတစ္ခုကို ထုတ္ေျပာျပလာခဲ့တာ ျဖစ္ပါတယ္ ။ ေရဗကၠာဝင္းက “လြန္ခဲ့တဲ့ ၁၃ႏွစ္ေလာက္တုန္းက ကြၽန္မရယ္ မရတနာဦး၊မဆုန္သင္း၊မဇမ္ႏူး၊မမီးခဲ၊ ဆရာစံပီးတို႔ကို ဦးေ
အာင္ဒူးကေန ဦးစီးၿပီး Christian Musician Fellowship အေနနဲ႔ ဘန္ေကာက္၊မေလးရွား၊စင္ကာပူကို ဓမၼေတးေတြခ်ီးမြမ္းဖို႔ ခရီးထြက္ခဲ့ၾကပါတယ္…ခရီးစဥ္က တစ္လခြဲေလာက္ၾကာ ပင္လည္းပင္ပန္း ေပ်ာ္စရာလည္းေကာင္းၿပီး
ကြၽန္မတို႔ အဲ့ဒီခရီးစဥ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းရင္းႏွီးခ်စ္ခင္ေစခဲ့တယ္လို႔ေျပာရမွာပါပဲ…ကြၽန္မတို႔ ယိုးဒယားႏိုင္ငံ ဖူးခက္မွာ ဂုဏ္ေတာ္ခ်ီးမြမ္းျခင္းနဲ႔ ေဟာေျပာသက္ေသခံဖို႔ စင္နားမွာေစာင့္ေနတုန္း ဆရာစံပီးက ႐ုတ္
တရက္အေမာေဖာက္လာၿပီး သတိလစ္သြားခဲ့ပါတယ္ အဲ့တုန္းက ဆရာက ဓမၼဆရာမဟုတ္ေသးသလို အားလုံးနဲ႔သူငယ္ခ်င္း လူငယ္ဓမၼအဆိုေတာ္ျဖစ္စပဲရွိပါေသးတယ္ အေရးေပၚဌာနကို မဇမ္ႏူးနဲ႔ မမီးခဲက ေဆး႐ုံကားေပၚ ဆရာ
စံပီးနဲ႔လိုက္သြားခဲ့တယ္ ကြၽန္မရယ္ မရတနာဦးရယ္ မဆုန္သင္းရယ္က အစီအစဥ္မပ်က္သြားေအာင္ စင္ေပၚမွာ ဆက္ၿပီး ထိန္းထားခဲ့ပါတယ္…ကြၽန္မတို႔မွာ စိုးရိမ္စိတ္ေတြရွိခဲ့ေပမယ့္ အစီအစဥ္အတိုင္းဆက္လုပ္ခဲ့ပါတယ္”
“ေဆး႐ုံမွာ ဆရာစံပီးက ေအာက္စီဂ်င္ေပးထားရၿပီး သတိရတခ်က္မရတခ်က္ျဖစ္ေနတဲ့အခ်ိန္မွာ မမီးခဲက ရႈိက္ႀကီးတငင္ငိုၿပီး အားလုံးကိုအခုလိုမထားသြားဖို႔ အျမန္အသက္ရွင္လာဖို႔ေျပာခဲ့တယ္လို႔ ေနာက္ပိုင္းဆရာစံပီးတရားေ
ဟာခ်က္ေတြမွာ ထည့္ေျပာေလ့ရွိပါတယ္ဆရာေျပာေလ့ရွိတာက အဲ့တုန္းက ကြၽန္ေတာ္ကေမ်ာသလိုျဖစ္ေနၿပီ သတိရတစ္ခ်က္မရတစ္ခ်က္ အဲ့မွာ မီးခဲက ကြၽန္ေတာ့္လက္ကို လႈပ္လႈပ္ၿပီး ႏွပ္ရည္ေတြေရာ မ်က္ရည္ေတြေရာနဲ႔
ေခၚေနတာ ကြၽန္ေတာ္ၾကားရတယ္လို႔ ေနေကာင္းက်န္းမာၿပီး အမႈေတာ္ေဆာင္တဲ့အခ်ိန္ေတြမွာ ဟာသေႏွာၿပီးေျပာေလ့ရွိပါတယ္ အဲ့ေနာက္ပိုင္း ဆရာစံပီးက ကိုယ္ေတြ႕သီခ်င္းကိုေရးခဲ့တယ္ကြၽန္မတို႔လည္းအၿမဲမဆုံျဖစ္ၾကေပမ
ယ့္ သတိရေနၾက အမွတ္ရေနၾကပါတယ္”
“ကြၽန္မတို႔ အဲ့ေနာက္ပိုင္းလည္း ခရီးေတြ အလုပ္ေတြ အမ်ားႀကီး အတူသြားခဲ့ လုပ္ခဲ့ၾကတယ္…ဒီညေတာ့ ဆရာစံပီးျပန္ငိုရမယ့္အလွည့္လို႔ထင္ပါတယ္ ဆရာလည္းမမီးခဲကိုလိုက္မေခၚႏိုင္ေတာ့ပါဘူး ကြၽန္မတို႔ေတြ ဘယ္သူမွလ
ည္း ျပန္မေခၚႏိုင္ေတာ့ဘူးစိတ္သေဘာထားေကာင္းၿပီး ခ်စ္စရာေကာင္းေသာ အဆိုပညာကို ကြၽမ္းက်င္ပါးနပ္႐ုံသာမက သီခ်င္းေရးလည္းေကာင္းေသာ မမီးခဲ…ကြၽန္မသီခ်င္းေရးၿပီးတိုင္း သူ႔ကိုဆိုျပျဖစ္ၿပီး သူကိုယ္တိုင္ကလည္း
ကြၽန္မအတြက္ သီခ်င္းတစ္ပုဒ္လက္ေဆာင္ေပးခဲ့ဖူးပါတယ္ကြၽန္မတို႔ တစ္ခ်ိဳ႕အခ်ိန္ေတြကျပန္မရေတာ့ဘူးဆိုတာကို သိပါတယ္ ကြၽန္မတို႔ တစ္ခ်ိန္အဖဘုရားသခင္ရဲ႕ အိမ္ေတာ္မွာ ျပန္ဆုံမယ္…ေကာင္းမြန္စြာ အိပ္စက္အနားယူ
ပါေတာ့ မမီးခဲ” ဆိုၿပီး ေရးသားေျပာျပထားတာ ျဖစ္ပါတယ္ ။
Credit-Rebecca Win’s FB Acc