ကိုဗစ်နေ့စဉ်ကူးစက်မှု စံချိန်တင်မြင့်တက်လာပြန်ပြီလို့ WHO အကြီးအကဲ သတိပေး

Sharing is caring!

ကမ္ဘာတဝန်းမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စံချိန်တင် မြင့်တက်နေပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄

ရက်အတွင်း နေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင် မြင့်တက်နေတာဖြစ်တယ်လို့ WHO အကြီးအကဲ Dr. Tedros Ghebreyesus က ဂျီနီဗာမြို့မှာ မနေ့က ပြောပါတယ်။

ကပ်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတွေရဲ့ တုံ့ပြန်ပုံတွေ မတူသလို ထိခိုက်မှုတွေကလည်း မတူပါဘူး။ ပြီးခဲ့တဲ့တပတ်က တကမ္ဘာလုံးမှာဖြစ်တဲ့ ကူးစက်မှုရဲ့ ၇၀ ရာခိုင်နှုန်းက ၁၀ နိုင်ငံဖြစ်ပြီး အဲဒီထဲက ထက်ဝက်လောက်က နိုင်ငံ

၃ နိုင်ငံထဲက ဖြစ်တယ်လို့ Dr. Ghebreyesus က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉.၃ သန်းကျော်နဲ့ သေဆုံးသူ ၁.၁ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၆၃,၀၀၀ ကျော်ရှိပြီး စုစုပေါင်း ကူးစက်သူ ၈ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အမေရိကန်က ပြည်နယ် ၄၄ ခုမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတယ်လို့ AP

သတင်းရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူ ၂၁၈,၀၀၀ ကျော်ရှိတာကြောင့် ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

အဲဒီနောက် အိန္ဒိယနိုင်ငံက ၇.၄ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၅.၂ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

VOA

Zawgyi

ကိုဗစ္ေန႔စဥ္ကူးစက္မႈ စံခ်ိန္တင္ျမင့္တက္လာျပန္ၿပီလို႔ WHO အႀကီးအကဲ သတိေပး

ကမာၻတဝန္းမွာ ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြဟာ စံခ်ိန္တင္ ျမင့္တက္ေနၿပီး အထူးသျဖင့္ ဥေရာပနဲ႔ အေမရိကတိုက္ ႏိုင္ငံေတြမွာ ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) က ေျပာပါတယ္။ လြန္ခဲ့တဲ့ ၄ ရက္အတြ

င္း ေန႔စဥ္ကူးစက္မႈႏႈန္းဟာ စံခ်ိန္တင္ ျမင့္တက္ေနတာျဖစ္တယ္လို႔ WHO အႀကီးအကဲ Dr. Tedros Ghebreyesus က ဂ်ီနီဗာၿမိဳ႕မွာ မေန႔က ေျပာပါတယ္။

ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတြရဲ႕ တုံ႔ျပန္ပုံေတြ မတူသလို ထိခိုက္မႈေတြကလည္း မတူပါဘူး။ ၿပီးခဲ့တဲ့တပတ္က တကမာၻလုံးမွာျဖစ္တဲ့ ကူးစက္မႈရဲ႕ ၇၀ ရာခိုင္ႏႈန္းက ၁၀ ႏိုင္ငံျဖစ္ၿပီး အဲဒီထဲက ထက္ဝက္ေလာက္က ႏိုင္ငံ ၃ ႏိုင္

ငံထဲက ျဖစ္တယ္လို႔ Dr. Ghebreyesus က ေျပာပါတယ္။

ကမာၻတဝန္းမွာ အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၉.၃ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁.၁ သန္း ေက်ာ္သြားၿပီျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၆၃,၀၀၀ ေက်ာ္ရွိၿပီး စုစုေပါင္း ကူးစက္သူ ၈ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ အေမရိကန္က ျပည္နယ္ ၄၄ ခုမွာ ေရာဂါကူးစက္မႈေတြ တိုးလာေနတယ္လို႔ AP သ

တင္းရဲ႕ စာရင္းေတြမွာ ေဖာ္ျပပါတယ္။ ဒါ့အျပင္ ေသဆုံးသူ ၂၁၈,၀၀၀ ေက်ာ္ရွိတာေၾကာင့္ ကမာၻေပၚမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈအမ်ားဆုံး ျဖစ္ပါတယ္။

အဲဒီေနာက္ အိႏၵိယႏိုင္ငံက ၇.၄ သန္းနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး ဘရာဇီးလ္ႏိုင္ငံက ၅.၂ သန္းေက်ာ္နဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။

VOA

Add a Comment

Your email address will not be published. Required fields are marked *