ပိတ်ရက်တွေမှာပါ စာသင်ကြားရတော့မယ့် ကိုဗစ်အလွန် သင်ရိုးညွှန်းတန်းအသစ်

Sharing is caring!

သြဂုတ်လ ၂၇ ရက်မှာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းတွေကို ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကို ကိုဗစ်ရောဂါထိန်းချုပ်နိုင်ချိန်ရောက်မှသာပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါသင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့အခြေ ခံပညာဦးစီးဌာနမှ သိရပါ

တယ်။

စာသင်ကျောင်းတွေဟာပုံမှန်ဆိုရင်အချိန်ကာလ ကိုးလ (ရက်သတ္တပတ် ၃၆ ပတ်) တက်ရောက်စာသင်ကြားရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက်

ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းသူ ကျောင်းသားတွေ နောက်ကျမှုမရှိစေရန် စနေ၊တနင်္ဂနွေပိတ်ရက်မှာပါ စာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

“ဒီကာလက ကိုဗစ်ကူးစက်မှု အရမ်းမြင့်နေတာဆိုတော့ ကိုဗစ်ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းဖြစ်တယ်။ ကျောင်းဖွင့်ဖို့ကိစ္စလည်း ကိုဗစ်ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ပဲလိုက်နာရတယ်။ ရောဂါထိန်းချုပ်နိုင်ပြီ

ကျောင်းသားတွေကို ကာကွယ်ဆေးထိုးနှံနိုင်ပြီဖွင့်ရပြီဆိုဖွင့်မယ် “လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

လတ်တလော မှာတော့ အခြေခံပညာကျောင်းအားလုံးကို ပိတ်ထားကြောင်းနဲ့ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားချက်ရပြီဆိုတာနဲ့ တရားဝင်အသိပေးထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။ “ကျောင်းတွေပြန်ဖွင့်မယ်ဆိုလို့ ကလေး

တွေကိုတောင် ကျူရှင်ထားခဲ့တယ်။ နောက်တော့ ဆရာမကကျောင်း မဖွင့်သေးဘူးဆိုြ့ပီးကျူရှင်သင်တာကို နားလိုက်တယ်။ ကိုဗစ်ရောဂါဖြစ်နေတော့ ကျောင်းမဖွင့်တာကောင်းပေမယ့် ၊ကလေးတွေက စာသင်နှစ်နောက်ကျ

တယ်။ ကလေးတွေ တစ်နေကုန် Maskတပ် စာသင်ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး။ ခုထိတော့ကျောင်းဖွင့်မယ်မဖွင့်ဘူးဘာမှမသိရသေးဘူး”လို့ ကျောင်းသား မိဘဖြစ်သူ ဒေါ်ခင်စိုးဝင်းကပြောပါတယ်။

စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းခဲ့တဲ့ ဇူလိုင်လမှာ ခတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှုစတင်ချိန် သြဂုတ်လ၂၇ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည်ပိတ်ခဲ့

တာ လက်ရှိအချိန်အထိလည်းဖြစ်ပါတယ်။

Zawgyi

ပိတ္ရက္ေတြမွာပါ စာသင္ၾကားရေတာ့မယ့္ ကိုဗစ္အလြန္ သင္႐ိုးၫႊန္းတန္းအသစ္

ၾသဂုတ္လ ၂၇ ရက္မွာ တစ္ႏိုင္ငံလုံးရွိ စာသင္ေက်ာင္းေတြကို ျပန္ပိတ္ခဲ့တာ ျဖစ္ပါတယ္။

အေျခခံပညာစာသင္ေက်ာင္းေတြကို ကိုဗစ္ေရာဂါထိန္းခ်ဳပ္ႏိုင္ခ်ိန္ေရာက္မွသာျပန္ဖြင့္ႏိုင္မွာျဖစ္ၿပီး ျပန္ဖြင့္ခ်ိန္မွာ ပိတ္ရက္ေတြမွာပါသင္ၾကားမႈေတြျပဳလုပ္သြားရမယ့္အေျခအေနရွိတယ္လို႔အေျခ ခံပညာဦးစီးဌာနမွ သိရပါတယ္။

စာသင္ေက်ာင္းေတြဟာပုံမွန္ဆိုရင္အခ်ိန္ကာလ ကိုးလ (ရက္သတၱပတ္ ၃၆ ပတ္) တက္ေရာက္စာသင္ၾကားရတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိကေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြပိတ္ထားရတဲ့အတြက္ ေက်ာင္းျပန္

ဖြင့္တဲ့အခါ ေက်ာင္းသူ ေက်ာင္းသားေတြ ေနာက္က်မႈမရွိေစရန္ စေန၊တနဂၤေႏြပိတ္ရက္မွာပါ စာသင္ၾကားႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔သိရပါတယ္။

“ဒီကာလက ကိုဗစ္ကူးစက္မႈ အရမ္းျမင့္ေနတာဆိုေတာ့ ကိုဗစ္ဗဟိုေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္အတိုင္းျဖစ္တယ္။ ေက်ာင္းဖြင့္ဖို႔ကိစၥလည္း ကိုဗစ္ဗဟိုေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္ပဲလိုက္နာရတယ္။ ေရာဂါထိန္းခ်ဳပ္ႏိုင္ၿပီ ေက်ာင္း

သားေတြကို ကာကြယ္ေဆးထိုးႏွံႏိုင္ၿပီဖြင့္ရၿပီဆိုဖြင့္မယ္ “လို႔ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

လတ္တေလာ မွာေတာ့ အေျခခံပညာေက်ာင္းအားလုံးကို ပိတ္ထားေၾကာင္းနဲ႔ျပန္လည္ဖြင့္လွစ္ဖို႔ ၫႊန္ၾကားခ်က္ရၿပီဆိုတာနဲ႔ တရားဝင္အသိေပးထုတ္ျပန္မွာျဖစ္တယ္လို႔ သိရပါတယ္။ “ေက်ာင္းေတြျပန္ဖြင့္မယ္ဆိုလို႔ ကေလးေတြ

ကိုေတာင္ က်ဴရွင္ထားခဲ့တယ္။ ေနာက္ေတာ့ ဆရာမကေက်ာင္း မဖြင့္ေသးဘူးဆိုျ့ပီးက်ဴရွင္သင္တာကို နားလိုက္တယ္။ ကိုဗစ္ေရာဂါျဖစ္ေနေတာ့ ေက်ာင္းမဖြင့္တာေကာင္းေပမယ့္ ၊ကေလးေတြက စာသင္ႏွစ္ေနာက္က်တယ္။

ကေလးေတြ တစ္ေနကုန္ Maskတပ္ စာသင္ဖို႔ကလည္း ထင္သေလာက္မလြယ္ပါဘူး။ ခုထိေတာ့ေက်ာင္းဖြင့္မယ္မဖြင့္ဘူးဘာမွမသိရေသးဘူး”လို႔ ေက်ာင္းသား မိဘျဖစ္သူ ေဒၚခင္စိုးဝင္းကေျပာပါတယ္။

စာသင္ေက်ာင္းေတြကို ကိုဗစ္ကူးစက္မႈႏႈန္းက်ဆင္းခဲ့တဲ့ ဇူလိုင္လမွာ ခတၱျပန္လည္ဖြင့္လွစ္ခဲ့ေပမယ့္ ဒုတိယလႈိင္းကူးစက္မႈစတင္ခ်ိန္ ၾသဂုတ္လ၂၇ရက္မွာေတာ့ တစ္ႏိုင္ငံလုံးက စာသင္ေက်ာင္းေတြကို ျပန္လည္ပိတ္ခဲ့တာ လက္

ရွိအခ်ိန္အထိလည္းျဖစ္ပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *