ရှေးဟောင်းခေါင်းလောင်းကြီးကို ခိုးသွားပြီး ရောင်းဖို့ခက်တော့မှ အမှိုက်ပုံထဲ စွန့်ပစ်ခဲ့

Sharing is caring!

သမိုင်းဝင်အောင်စည်းဂုံစေတီတော်ကြီး ရင်ပြင်တော်မှပျောက်ဆုံးသွားသော ရှေးဟောင်းခေါင်းလောင်းကြီးအား အမှိုက်ပုံတစ်ခုပေါ်မှ ပြန်လည်တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော် ထုတ်နေကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ သိရည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် အောင်စည်းခုံဘုရားလမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာအတွင်းရှိ သမိုင်းဝင်အောင်စည်းခုံစေတီတော်မြတ်ကြီးတွင် ယာယီအကျိုးတော်ဆောင်အဖြစ် လုပ်ကိုင်နေသည်မှာ (၁) နှစ်ကျော်ခန့်ရှိပြီဖြစ်သော မင်္ဂလာဒုံမြို့နယ်သင်္ဃန်းကျွန်းကြီး

ကျေးရွာ အရှေ့ဘက် သန္တိသုခလမ်းနေသူဦးသန်းရီ (၆၇) နှစ်သည်အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်တွင် နေအိမ်၌ရှိနေစဉ် သမိုင်းဝင်အောင်စည်းခုံစေတီတော်မြတ်ကြီးတွင် ဘုရားသန့်ရှင်းရေးတာဝန်ဆောင်ရွက်နေသည့် မျိုးဇင်(ဘု

ရားသန့်ရှင်းရေးလုပ်သား) အောင်စည်းခုံဘုရားလမ်း သက်န်းကျွန်းကြီးကျေးရွာမင်္ဂလာဒုံမြို့နယ်နေသူမှ ဖုန်းဖြင့်ဆက်၍ သမိုင်းဝင်အောင်စည်းခုံ စေတီတော်မြတ်ကြီးမြောက်ဘက်မုခ်၊ဘုရားရင်ပြင်တော်ပေါ်၌ ဗုဒ္ဓဘာသာဝင်များကုသိုလ်ကောင်းမှုပြုအမျှဝေရန် လှူဒါ

န်းထားသည့် ခေါင်းလောင်းကြီးမှာ ပျောက် ဆုံးနေကြောင်း အကြောင်းကြားခဲ့သဖြင့် တရားလိုမှသွား ရောက်ကြည့်ရှုရာ ကြေးခေါင်းလောင်းကြီး (၇၅) ပိသာခန့် (၁) ပိသာလျှင် (၁၁၀၀၀) ကျပ်နှုန်းဖြင့် ကာလတန်ဖိုးငွေကျပ် (၈၂၅၀၀ဝိ/-) ခန့်မှာ ပျောက်ဆုံးနေ

သည်ကို တွေ့ရှိရသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေး ယူပေးပါရန် တိုင်တန်းသောအမှုဖြစ်ကြောင်း ရဲစခန်းမှတ် တမ်းများအရ သိရသည်။မင်္ဂလာဒုံမြို့မရဲစခန်းနှင့် သင်္ဃန်းကျွန်းကြီးနယ်မြေရဲ ကင်းတို့မှ ရဲတပ်ဖွဲ့ဝင်များက အပူတပြင်းစုံစမ်းခဲ့ရာအ မှတ်

(၃) လမ်းမကြီးအိုးအိမ်နှင့် ညောင်ပင်မှတ်တိုင်ကြားအမှိုက်ပုံတွင် အောက်တိုဘာ (၁၇) ရက် မနက် (၇) နာရီကျော်အချိန်က စည်ပင်သာယာလမ်းသန့်ရှင်းရေးဝန် ထမ်း (၁) ဦးမှတွေ့ရှိရ၍ အကြောင်းကြားသတင်းပို့လာသဖြင့် နယ်မြေခံရဲကင်းမှ ဒုရဲအုပ်အောင်

ရဲကျော်ဦးစီးအဖွဲ့နှင့် သင်္ဃန်းကျွန်းကြီးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းသွားရောက်စစ်ဆေးခဲ့ကာ ခေါင်းလောင်းကြီးအား ပြန် လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။အမည်စုံစမ်းဆဲခိုးယူသွားသူများအား မင်္ဂလာဒုံမြို့မရဲ စခန်းမှ (ပ) ၁၂၆၆ /၂၀၂၀ ရာဇသတ်ကြီး

ပုဒ်မ ၃၇၉ /၂၉၅ တို့ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများအားစုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

ရွေမြင့်ဦး (ရွေပြည်သာ)

Add a Comment

Your email address will not be published.