Facebook ကြော်ငြာလောကကို သိမ်းပိုက်ဦးမယ့် တစ်ချိန်က ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး
|ကိုဗစ် ကပ်ရောဂါကြောင့် ပြောင်းလဲလာတဲ့ Trend အရ စားသောက်ကုန် လုပ်ငန်းများကလွဲပြီး ကျန်တဲ့လုပ်ငန်း တော်တော်များများဟာ အွန်လိုင်းကနေ ရောင်းချလာကြတာကို တွေ့ရပါတယ်။လုပ်ငန်း တချို့က လူသိများ ကျော်ကြားသူများကို သူတို့ရဲ့ကုန်ပစ္စည်းများ ရောင်းချပေးရန် ငှားရမ်းတာကြမျိုး ရှိကြပါတယ်။ ဒီထဲမှာမှ လတ်တလော ရေပန်းစားနေတာကတော့ စိန်ထည်၊ ရွှေထည်များကို အွန်လိုင်းကနေ ရောင်းချပေးနေတာဖြစ်ပြီး အနုပညာရှင်များစွာထဲမှာမှ ရောင်းအားကောင်းပြီး ထိပ်ဆုံးက ဦးဆောင်နေတာကတော့
ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။သူကတော့ ဟိုအရင် ကြော်ငြာတခေတ်မှာလည်း နာမည်တလုံးနဲ့ အောင်မြင် ကျော်ကြားခဲ့သလို သူ့ရဲ့အောင်မြင်မှု အရှိန်အဝါကတော့ အခုအချိန်ထိ သူ့ရဲ့ပရိသတ်များကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။“ထက်ကို အရင်က ကြော်ငြာခေတ်မှာ အားပေးကြသလို အခု လိုက်ဖ် တွေမှာလည်း အားပေးကြ ကြည့်ပေးကြ ချစ်ပေးကြတာ စကားလုံးတွေနဲ့ ပြောစရာ မရှိအောင် ပျော်ရွှင်ရပါတယ်။ အခုလို ထက် ဘာပဲလုပ်လုပ် အားပေးကြတဲ့ တဦး တယောက်ချင်းစီကို ကျေးဇူးတင်သလို ထက်ဘက်ကလည်း
ပရိသတ်တွေကို အလုပ်တွေနဲ့ ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်”“ထက်အမြဲ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ အားလုံးကိုလည်း မေတ္တာတွေပို့ပေးပါတယ်။ ကျန်းမာအောင်နေပါ။ ဂရုစိုက်ကြပါနော်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။ ထက်ထက်မိုးဦးကတော့ ယခင် ကြော်ငြာခေတ်တုန်းကလည်း ထိပ်တန်း အောင်မြင်မှုတခုကို ရရှိခဲ့သလို စိန်ရွှေ ရတနာ ကြော်ငြာတွေဟာလည်း အခုအချိန်ထိ ခေတ်မီနေဆဲပဲ ဖြစ်ပါတယ်။လတ်တလော ရောင်းချနေတဲ့ Live လွှင့် ရောင်းချမှုများမှာလည်း
စိန်၊ ရွှေရတနာများ ရောင်းချနေတယ်လို့ မထင်မှတ်ရအောင် အားပေးသူများနဲ့ စည်ကား နေပါတယ်။ သူ့ရဲ့ လိုက်ဖ် လွှင့်ရောင်းချမှုများကတော့ နေ့တိုင်းလိုလို ထက်ထက်မိုးဦးရဲ့ ဖေ့ဘုတ် မှာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။စိန်ထည်၊ ရွှေထည်များအပြင် ပိုးထ ည် များ၊ မိတ်ကပ်ပစ္စည်းများလည်း ရောင်းချပေးနေပြီး အောက်တိုဘာလ ၁၉ ရက်နေ့ကစတင်ပြီးတော့ ကားတွေကို လိုက်ဖ် လွှင့် ရောင်းပေးနေတာ တွေ့ရပါတယ်။“ထက်က မိုးကုတ်သူဆိုတော့ ရတနာတွေ ကြိုက်တယ်။ ပြီးရင် အိမ်တခုလို လုံခြုံမှုပေးပြီး လိုရာ
ခရီးပို့ပေးနိုင် သွားနိုင်တဲ့ ကားတွေကို နှစ်သက်တယ်။ ဒီနေ့ နေ့လယ် ၂ နာရီမှာ လိုက်ဖ် လွင့်ပြီး မာစီဒီး၊ ဘီအမ်ဒဗလျူ၊ လက်ဆက်၊ ရိန်ဂျ့် ရိုဗမာတွေက စလို့ ကားတံဆိပ်အမျိုးမျိုးကို ပြမယ်၊ ရောင်းမယ်။ ဝယ်တဲ့ကားတွေကိုလည်း ထက်ကိုယ်တိုင် အိမ်ရှေ့ထိရောက်အောင် လာပို့ပေးမယ်” လို့ ထက်ထက်မိုးဦးက မကြာသေးခင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါသေးတယ်။အခုလို Live လွှင့်ပြီး ရောင်းချနေတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စတင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့ Live များဟာ ဝယ်ယူသူများသာမက ထက်ထက်မိုးဦးကို ချစ်ခင်ကြတဲ့ ပရိသတ်များ ၊ အနုပညာရှင်များ ကိုယ်တိုင်လည်း ကြည့်ရှုအားပေးကြပါတယ်။
Credit
Zawgyi Version
ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ေျပာင္းလဲလာတဲ့ Trend အရ စားေသာက္ကုန္ လုပ္ငန္းမ်ားကလြဲၿပီး က်န္တဲ့လုပ္ငန္း ေတာ္ေတာ္မ်ားမ်ားဟာ အြန္လိုင္းကေန ေရာင္းခ်လာၾကတာကို ေတြ႕ရပါတယ္။လုပ္ငန္း တခ်ိဳ႕က လူသိမ်ား ေက်ာ္ၾကားသူမ်ားကို သူတို႔ရဲ႕ကုန္ပစၥည္းမ်ား ေရာင္းခ်ေပးရန္ ငွားရမ္းတာၾကမ်ိဳး ရွိၾကပါတယ္။ ဒီထဲမွာမွ လတ္တေလာ ေရပန္းစားေနတာကေတာ့ စိန္ထည္၊ ေ႐ႊထည္မ်ားကို အြန္လိုင္းကေန ေရာင္းခ်ေပးေနတာျဖစ္ၿပီး အႏုပညာရွင္မ်ားစြာထဲမွာမွ ေရာင္းအားေကာင္းၿပီး ထိပ္ဆုံးက ဦးေဆာင္ေနတာကေတာ့
ထက္ထက္မိုးဦးပဲ ျဖစ္ပါတယ္။သူကေတာ့ ဟိုအရင္ ေၾကာ္ျငာတေခတ္မွာလည္း နာမည္တလုံးနဲ႔ ေအာင္ျမင္ ေက်ာ္ၾကားခဲ့သလို သူ႔ရဲ႕ေအာင္ျမင္မႈ အရွိန္အဝါကေတာ့ အခုအခ်ိန္ထိ သူ႔ရဲ႕ပရိသတ္မ်ားကို လႊမ္းမိုးထားဆဲ ျဖစ္ပါတယ္။“ထက္ကို အရင္က ေၾကာ္ျငာေခတ္မွာ အားေပးၾကသလို အခု လိုက္ဖ္ ေတြမွာလည္း အားေပးၾက ၾကည့္ေပးၾက ခ်စ္ေပးၾကတာ စကားလုံးေတြနဲ႔ ေျပာစရာ မရွိေအာင္ ေပ်ာ္႐ႊင္ရပါတယ္။ အခုလို ထက္ ဘာပဲလုပ္လုပ္ အားေပးၾကတဲ့ တဦး တေယာက္ခ်င္းစီကို ေက်းဇူးတင္သလို ထက္ဘက္ကလည္း
ပရိသတ္ေတြကို အလုပ္ေတြနဲ႔ ေပးႏိုင္ဖို႔ အေကာင္းဆုံး ႀကိဳးစားေနပါတယ္”“ထက္အၿမဲ ပရိသတ္ေတြအတြက္ အေကာင္းဆုံးႀကိဳးစားေနပါတယ္။ အားလုံးကိုလည္း ေမတၱာေတြပို႔ေပးပါတယ္။ က်န္းမာေအာင္ေနပါ။ ဂ႐ုစိုက္ၾကပါေနာ္” လို႔ ထက္ထက္မိုးဦးက ေျပာပါတယ္။ ထက္ထက္မိုးဦးကေတာ့ ယခင္ ေၾကာ္ျငာေခတ္တုန္းကလည္း ထိပ္တန္း ေအာင္ျမင္မႈတခုကို ရရွိခဲ့သလို စိန္ေ႐ႊ ရတနာ ေၾကာ္ျငာေတြဟာလည္း အခုအခ်ိန္ထိ ေခတ္မီေနဆဲပဲ ျဖစ္ပါတယ္။လတ္တေလာ ေရာင္းခ်ေနတဲ့ Live လႊင့္ ေရာင္းခ်မႈမ်ားမွာလည္း
စိန္၊ ေ႐ႊရတနာမ်ား ေရာင္းခ်ေနတယ္လို႔ မထင္မွတ္ရေအာင္ အားေပးသူမ်ားနဲ႔ စည္ကား ေနပါတယ္။ သူ႔ရဲ႕ လိုက္ဖ္ လႊင့္ေရာင္းခ်မႈမ်ားကေတာ့ ေန႔တိုင္းလိုလို ထက္ထက္မိုးဦးရဲ႕ ေဖ့ဘုတ္ မွာ ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။စိန္ထည္၊ ေ႐ႊထည္မ်ားအျပင္ ပိုးထ ည္ မ်ား၊ မိတ္ကပ္ပစၥည္းမ်ားလည္း ေရာင္းခ်ေပးေနၿပီး ေအာက္တိုဘာလ ၁၉ ရက္ေန႔ကစတင္ၿပီးေတာ့ ကားေတြကို လိုက္ဖ္ လႊင့္ ေရာင္းေပးေနတာ ေတြ႕ရပါတယ္။“ထက္က မိုးကုတ္သူဆိုေတာ့ ရတနာေတြ ႀကိဳက္တယ္။ ၿပီးရင္ အိမ္တခုလို လုံၿခဳံမႈေပးၿပီး လိုရာ
ခရီးပို႔ေပးႏိုင္ သြားႏိုင္တဲ့ ကားေတြကို ႏွစ္သက္တယ္။ ဒီေန႔ ေန႔လယ္ ၂ နာရီမွာ လိုက္ဖ္ လြင့္ၿပီး မာစီဒီး၊ ဘီအမ္ဒဗလ်ဴ၊ လက္ဆက္၊ ရိန္ဂ်႕္ ႐ိုဗမာေတြက စလို႔ ကားတံဆိပ္အမ်ိဳးမ်ိဳးကို ျပမယ္၊ ေရာင္းမယ္။ ဝယ္တဲ့ကားေတြကိုလည္း ထက္ကိုယ္တိုင္ အိမ္ေရွ႕ထိေရာက္ေအာင္ လာပို႔ေပးမယ္” လို႔ ထက္ထက္မိုးဦးက မၾကာေသးခင္က သူ႔ရဲ႕ ဆိုရွယ္မီဒီယာမွာ ေၾကညာခဲ့ပါေသးတယ္။အခုလို Live လႊင့္ၿပီး ေရာင္းခ်ေနတာဟာ ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္းက စတင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ သူ႔ရဲ႕ Live မ်ားဟာ ဝယ္ယူသူမ်ားသာမက ထက္ထက္မိုးဦးကို ခ်စ္ခင္ၾကတဲ့ ပရိသတ္မ်ား ၊ အႏုပညာရွင္မ်ား ကိုယ္တိုင္လည္း ၾကည့္ရႈအားေပးၾကပါတယ္။
Credit