လာမည့် အပတ်တွင် မိုးများမည် တောင်သူများ အထူးသတိပြု

Sharing is caring!

ဒီတပါတ်လည်း လေဖိအားနည်း သိုမဟုတ် လေပွေလှိုင်းဖြစ်ပေါ်နိုင်သေးတဲ့ ရက်သတ္တပါတ် ဖြစ်နေဆဲပါ။ အလယ်ပိုင်းဒေသ တချို့(စစ်ကိုင်းအောက်၊ မန္တလေးတိုင်း၊ မကွေးတိုင်း) မိုးရခဲ့လို့ စိတ်သက်သာပါတယ်။ဒေသတချို့ (ရန်ကုန်တိုင်း ပဲခူးတိုင်း) မိုးများခဲ့

လို့ တချိုဆည်/ရေကန်ကြီးများ ရေပြည့်မှတ်ရောက် နေတာလည်းတွေ့ရပါတယ်။ သတိပြုလိုတာက ဒီတပါတ်အတွင်းလည်း ရန်ကုန်တိုင်း ပဲခူးတိုင်းအပြင် မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်တွေ ၂၀ ရက်မှ ၂၄ ရက် အတွင်း လေပွေလှိုင်းကြောင့် မိုးထပ်ရနိုင်

လို့ ဆည်/ကန်များ ရေလွတ်ရေထိမ်း သတိပြုစေလိုပါတယ်။အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်းမှတော့ အလယ်ပိုင်းက စစ်ကိုင်းအောက်ပိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေ မိုးအသင့်အတင် ထပ်မံရွာနိုင်ပါတယ်။ အဲဒီရက်များမှာ မန္တလေးတိုင်းနဲ့

မကွေးတိုင်းက နေရာကျဲကျဲ မှ နေရာကွက်ကျား မိုးအနည်းငယ်မှ အသင်အတင့် ရွာနိုင်ပါကြောင်း အသိပေးလိုပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှ လယ်သမားများ လယ်ကွင်းအတွင်း ရေသွင်းရေထုတ် ဂရုစိုက်သင့်သလို လာမဲ့ စပါးရိတ်သိမ်းချိန်တွင်လည်း ချိန်ခါ

မဟုတ် မိုးများကို အထူးသတိပြုရန်ရှိနေပါကြောင်း ကြိုတင်အသိပေးလိုပါတယ်။မုတ္တမကွေ့ မြစ်ဝကျွန်းပေါ် ရေလုပ်သားများ နေ့စဉ် မိုးလေဝသသတင်းနားထောင်၍ မိုးလေလျိုင်း ပြင်းထန်ချိန် ဘေးကင်းရာ ခိုလှုံနိုင်ရေး အလေးထား စေလိုပါတယ်။ နောက်တပတ်
မှာ ထပ်မံတင်ပြပါမယ်။Credit

Zawgyi Version

ဒီတပါတ္လည္း ေလဖိအားနည္း သိုမဟုတ္ ေလေပြလႈိင္းျဖစ္ေပၚႏိုင္ေသးတဲ့ ရက္သတၱပါတ္ ျဖစ္ေနဆဲပါ။ အလယ္ပိုင္းေဒသ တခ်ိဳ႕(စစ္ကိုင္းေအာက္၊ မႏၲေလးတိုင္း၊ မေကြးတိုင္း) မိုးရခဲ့လို႔ စိတ္သက္သာပါတယ္။ေဒသတခ်ိဳ႕ (ရန္ကုန္တိုင္း ပဲခူးတိုင္း) မိုးမ်ားခဲ့

လို႔ တခ်ိဳဆည္/ေရကန္ႀကီးမ်ား ေရျပည့္မွတ္ေရာက္ ေနတာလည္းေတြ႕ရပါတယ္။ သတိျပဳလိုတာက ဒီတပါတ္အတြင္းလည္း ရန္ကုန္တိုင္း ပဲခူးတိုင္းအျပင္ မြန္ျပည္နယ္ ဧရာဝတီတိုင္း ရခိုင္ျပည္ေတြ ၂၀ ရက္မွ ၂၄ ရက္ အတြင္း ေလေပြလႈိင္းေၾကာင့္ မိုးထပ္ရႏိုင္

လို႔ ဆည္/ကန္မ်ား ေရလြတ္ေရထိမ္း သတိျပဳေစလိုပါတယ္။ေအာက္တိုဘာ ၂၄ ရက္မွ ၂၆ ရက္အတြင္းမွေတာ့ အလယ္ပိုင္းက စစ္ကိုင္းေအာက္ပိုင္း ခ်င္းျပည္နယ္ ကခ်င္ျပည္နယ္ေတြ မိုးအသင့္အတင္ ထပ္မံ႐ြာႏိုင္ပါတယ္။ အဲဒီရက္မ်ားမွာ မႏၲေလးတိုင္းနဲ႔

မေကြးတိုင္းက ေနရာက်ဲက်ဲ မွ ေနရာကြက္က်ား မိုးအနည္းငယ္မွ အသင္အတင့္ ႐ြာႏိုင္ပါေၾကာင္း အသိေပးလိုပါတယ္။ျမန္မာႏိုင္ငံေအာက္ပိုင္းမွ လယ္သမားမ်ား လယ္ကြင္းအတြင္း ေရသြင္းေရထုတ္ ဂ႐ုစိုက္သင့္သလို လာမဲ့ စပါးရိတ္သိမ္းခ်ိန္တြင္လည္း ခ်ိန္ခါ

မဟုတ္ မိုးမ်ားကို အထူးသတိျပဳရန္ရွိေနပါေၾကာင္း ႀကိဳတင္အသိေပးလိုပါတယ္။မုတၱမေကြ႕ ျမစ္ဝကြၽန္းေပၚ ေရလုပ္သားမ်ား ေန႔စဥ္ မိုးေလဝသသတင္းနားေထာင္၍ မိုးေလလ်ိဳင္း ျပင္းထန္ခ်ိန္ ေဘးကင္းရာ ခိုလႈံႏိုင္ေရး အေလးထား ေစလိုပါတယ္။ ေနာက္တပတ္
မွာ ထပ္မံတင္ျပပါမယ္။Credit

Add a Comment

Your email address will not be published.