အာရှရဲ့ ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုကို ရရှိခဲ့တဲ့ မြန်မာအမျိုးသမီး
|The Asian Banker ၏ မြန်မာနိုင်ငံအတွက် ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းခမ်းနောင့်မှ ပေးအပ်ချီးမြှင့်ခံရသည် ။
ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဒေါ်နန်းခမ်းနောင့်ဟ
ာ The Asian Banker ကနေ ပေးအပ်တဲ့ မြန်မာနိုင်ငံရဲ့ ထူးချွန်လူငယ် ဘဏ်လုပ်ငန်းရှင်ဆုကို ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတယ်ဆိုတာ ဝမ်းမြောက်စွာနဲ့ အသိပေးလိုပါတယ်။သုံးနှစ်တစ်ကြိမ်သာ ကျင်းပပြုလုပ်တဲ့ ဂုဏ်သ တင်းကျော်ကြားလှတဲ့ Asian Banker Leader
ship Achievement Awards အစီအစဉ်ဟာဆိုရင်အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွင်း နိုင်ငံတွေက အသက် (၄၀) အောက် ထိပ်တန်းဘဏ်လုပ်ငန်းရှင်တွေကို အခုလို အသိအမှတ်ပြု ဆုချီးမြှင့်ပေးနေတာ ဖြစ်ပါတယ်။ဒီဆုဟာ ကမ္ဘောဇ
ဘဏ်ကို ဦးစီးဆောင်ရွက်နေတဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းခမ်းနောင့်ရဲ့ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေး လုပ်ငန်းစဉ် တွေမှာသူမရဲ့ ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့မှုတွေ၊ ဘဏ်လုပ်ငန်း အဆင်ပြေ၊ ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်မှုနဲ့
ဘဏ် တွင်း အုပ်ချုပ်ရေးပိုင်းတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ တိုးတက်အောင်ပြောင်းလဲနိုင်မှုတွေ၊ဘဏ်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွေမှာ ပြင်ဆင်မွမ်းမံခဲ့မှုတွေကြောင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။အများအကျိုးအတွက်အလှူငွေသန်းပေါ
င်းများစွာကိုလည်း ကူညီလှူဒါန်းပေးခဲ့သူ နိုင်ငံတော် ဂုဏ်ထူးဆောင်တံဆိပ်များစွာရရှိနေသော်လည်း လက်ဝတ်ရတနာများဝတ်ဆင်ကြွားဝါလိုခြင်းလုံးဝမရှိသူဖြစ်သည်မှာလေးစားဖွယ်ဖြစ်၏ ။
Zawgyi Version