ကျောက်ကပ်ဆေးဖို့ အခက်အခဲရှိတဲ့ ကျောင်းဆရာမလေးကို တပ်မတော်က တာဝန်ယူ ကုသပေးပြီ
|အလယ်တန်းပြ ကျောင်းဆရာမလေး ဒေါ်ငြိမ်းစန္ဒာခိုင် ရဲ့ သတင်းလေးကို ဖတ်မိတုန်းက ရင်ထဲ အတော်လေးမကောင်းဖြစ်မိပါတယ်။ သားသမီး (၂) ဦးရဲ့ မိခင် ၊ ကလေးငယ်တို့ရဲ့ စာပြ ဆရာမ ဖြစ်တဲ့ ဆရာမလေးဟာ သူ့အနေနဲ့ သေဖို့ အသင့်ရှိပေမယ့်..
သားသမီး ၂ ယောက်ကို စိတ်မချလို့ မကောင်းတဲ့ ကျောက်ကပ်ကို ဆေးပြီး အသက်ဆက်နေရတဲ့ ဘဝ။
တစ်လမှာ ၈ ခါလောက်ဆေးရပြီး တစ်လ (၈) သိန်းလောက် ကုန်နေရတဲ့ ငွေကြေးနဲ့ သူတစ်လစာ ကျောင်းဆရာမ ဝင်ငွေ ၊ ပြီးတော့ မိသားစု စားဝတ်နေရေးဘယ်လိုမှ အဆင်မပြေလို့ ကူညီပေးကြဖို့ သူ့အနေနဲ့ ဆရာမ သိက္ခာကို ဘေးထားပြီး မေတ္တာရပ်ခံခဲ့ပါတယ်။
အခုတော့ ဆရာမလေးရဲ့ မိခင်မေတ္တာကြောင့် ထင်ပါတယ်။ မော်လမြိုင်က စစ်ဆေးရုံက ဆရာမလေး ရောဂါအခြေအနေအတွက် လိုအပ်တဲ့ ဆေးစစ်မှုတွေ၊ ကုသပေးမှုတွေ လုပ်ဆောင်ပေးတော့မယ်လို့ သိရပါတယ်။ အခုလိုကြားသိရလို့ ဆရာမလေးအတွက် ဝမ်းသာမိပါတယ်။
အသက်တစ်ချောင်းနဲ့ မိသားစု ဘဝတစ်ခုကို ကယ်တင်ပေးခဲ့ကြတဲ့ အတွက် သာဓု ခေါ်ပေးကြပါဦးနော်။
Zawgyi Version
အလယ္တန္းျပ ေက်ာင္းဆရာမေလး ေဒၚၿငိမ္းစႏၵာခိုင္ ရဲ႕ သတင္းေလးကို ဖတ္မိတုန္းက ရင္ထဲ အေတာ္ေလးမေကာင္းျဖစ္မိပါတယ္။ သားသမီး (၂) ဦးရဲ႕ မိခင္ ၊ ကေလးငယ္တို႔ရဲ႕ စာျပ ဆရာမ ျဖစ္တဲ့ ဆရာမေလးဟာ သူ႔အေနနဲ႔ ေသဖို႔ အသင့္ရွိေပမယ့္..
သားသမီး ၂ ေယာက္ကို စိတ္မခ်လို႔ မေကာင္းတဲ့ ေက်ာက္ကပ္ကို ေဆးၿပီး အသက္ဆက္ေနရတဲ့ ဘဝ။
တစ္လမွာ ၈ ခါေလာက္ေဆးရၿပီး တစ္လ (၈) သိန္းေလာက္ ကုန္ေနရတဲ့ ေငြေၾကးနဲ႔ သူတစ္လစာ ေက်ာင္းဆရာမ ဝင္ေငြ ၊ ၿပီးေတာ့ မိသားစု စားဝတ္ေနေရးဘယ္လိုမွ အဆင္မေျပလို႔ ကူညီေပးၾကဖို႔ သူ႔အေနနဲ႔ ဆရာမ သိကၡာကို ေဘးထားၿပီး ေမတၱာရပ္ခံခဲ့ပါတယ္။
အခုေတာ့ ဆရာမေလးရဲ႕ မိခင္ေမတၱာေၾကာင့္ ထင္ပါတယ္။ ေမာ္လၿမိဳင္က စစ္ေဆး႐ုံက ဆရာမေလး ေရာဂါအေျခအေနအတြက္ လိုအပ္တဲ့ ေဆးစစ္မႈေတြ၊ ကုသေပးမႈေတြ လုပ္ေဆာင္ေပးေတာ့မယ္လို႔ သိရပါတယ္။ အခုလိုၾကားသိရလို႔ ဆရာမေလးအတြက္ ဝမ္းသာမိပါတယ္။
အသက္တစ္ေခ်ာင္းနဲ႔ မိသားစု ဘဝတစ္ခုကို ကယ္တင္ေပးခဲ့ၾကတဲ့ အတြက္ သာဓု ေခၚေပးၾကပါဦးေနာ္။