ရန်ကုန်မှာ ကိုဗစ်လက္ခဏာ ပြင်းထန်သူတွေ များလာတဲ့ အကြောင်း ဒေါက်တာ ဇော်ဝေစိုး ပြောပြီ

Sharing is caring!

ကိုဗစ် ရောဂါလက္ခဏာ ပြင်းထန်သူများကို အတော်အသင့် တွေ့ရှိနေရပြီး ပြင်းထန်သူအရေအတွက် များပြားလျက်ရှိ၍ ပြည်သူလူထုအနေ ဖြင့် စည်းကမ်းချက်များကို လိုက်နာရန် အရေးကြီးနေကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ ခချုပ် ပါမောက္ခဒေါက်

တာ ဇော်ဝေစိုးက ပြောကြားလိုက်သည်။“ရောဂါလက္ခဏာ မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာမရှိတဲ့သူတွေကို စင်တာတော်တော်များများမှာ ပို့ဆောင်ပြီး ကုသနိုင်ပေမယ့် ရောဂါလက္ခဏာ ပြင်းထန်သူတွေနဲ့ အတော်အသင့် ပြင် းထန်သူတွေကိုတော့ ဝေဘာဂီ၊

တောင်ဥက္ကလာ၊ ဖောင်ကြီး၊ ဧရာဝတီစင်တာတွေမှာ ကုသပေးနေပါတယ်။ပြည်သူလူထုကို မှာချင်တာက လုံးဝမပေါ့ဖို့ ပြောချင်တယ်။ အသာစီးရရှိလာပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းလိုက်နာခြင်းဟာ

သိပ်ကိုအရေး ကြီးပါတယ်” ဟု ၎င်းက ပြောပါသည်။ရန်ကုန်တွင် ဝေဘာဂီ၊ တောင် ဥက္ကလာ၊ ဖောင်ကြီး၊ လှိုင် (မြတ်လေး ဆောင်)၊ ရိုးမရိပ်သာ (၁)နှင့်(၂)၊ အောင် မြင့်မိုရ်အိမ်ရာ၊ ရန်ကုန်ပညာရေးကောလိပ်၊ ယဉ်ကျေးမှု ကောလိပ်၊ ဧရာဝတီ စင်တာ၊

Fortune စင်တာ၊ ဗိုလ်တထောင်စင်တာအစရှိသည့် ကုသရေးစင် တာများ အပါအဝင် ကုသရေးဌာနပေါင်း ၁၅ ခုရှိပြီး ခုတင်ပေါင်း ၁၀၀၀၀ ကျော်ရှိ၍ လက်ရှိ ကုသနေသူဦးရေမှာ ၇၀၀၀ ကျော်သာရှိသည့်အတွက် နေရာလွတ်များရှိကြောင်း ပါမောက္ခဒေါက်တာ

ဇော်ဝေစိုးက ဆက်လက်ပြောဆိုသည်။“ယခုလက်ရှိက ရောဂါလက္ခဏာတွေ့ရှိသူတွေက ဆေးရုံကိုရောက်ရှိတာ နောက် ကျတယ်။ ဒါကြောင့် အမြန်ဆုံးရောဂါ လက္ခဏာပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ယခင်က အ ကြောင်းအမျိုးမျိုးကြောင့်

ဆေးရုံရောက်ချိန်မှာ အခက်အခဲ တွေရှိခဲ့ပေမယ့်အခုအချိန်မှာ ကြိုးစားပြီးတော့ ရောက်ရှိလာတဲ့သူတွေကို သက်သောင့် သက်သာ နေရာထိုင်ခင်းရရှိနိုင်အောင် ကြိုးစားစီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ရောဂါ လက္ခဏာ ပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုပေးသင့်

တယ်။ အခြေခံရောဂါလက္ခဏာရှိသူ တွေအနေနဲ့ ကိုယ့်ရဲ့အခြေခံရောဂါတွေကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့လိုပါတယ်။ သွေးတိုး၊ ရင်ကျပ် စဉ်ဆက်မပြတ်ကုသမှုခံယူနေဖို့လိုပါတယ်” ၎င်းက ပြောဆိုသည်။

ကုသရေးစင်တာများသည် ဆေးရုံများမှတစ်ဆင့် လွှဲပြောင်းခြင်းဖြစ်၍ ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်၊ သင်္ ဃန်းကျွန်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံနှင့် ရန်ကုန်

အနောက်ပိုင်းဆေးရုံများ အပါအဝင် မြို့နယ်ဆေးရုံများအားလုံးသို့ သွားရောက် ပြသနိုင်ပြီး ဆေးရုံအားလုံးတွင် စစ်ဆေး ကုသ၍ရနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

Zawgyi Version

ကိုဗစ္ ေရာဂါလကၡဏာ ျပင္းထန္သူမ်ားကို အေတာ္အသင့္ ေတြ႕ရွိေနရၿပီး ျပင္းထန္သူအေရအတြက္ မ်ားျပားလ်က္ရွိ၍ ျပည္သူလူထုအေန ျဖင့္ စည္းကမ္းခ်က္မ်ားကို လိုက္နာရန္ အေရးႀကီးေနေၾကာင္း ေဆးတကၠသိုလ္ (၁) ပါေမာက္ ခခ်ဳပ္ ပါေမာကၡေဒါက္

တာ ေဇာ္ေဝစိုးက ေျပာၾကားလိုက္သည္။“ေရာဂါလကၡဏာ မျပင္းထန္သူေတြနဲ႔ ေရာဂါလကၡဏာမရွိတဲ့သူေတြကို စင္တာေတာ္ေတာ္မ်ားမ်ားမွာ ပို႔ေဆာင္ၿပီး ကုသႏိုင္ေပမယ့္ ေရာဂါလကၡဏာ ျပင္းထန္သူေတြနဲ႔ အေတာ္အသင့္ ျပင္ းထန္သူေတြကိုေတာ့ ေဝဘာဂီ၊

ေတာင္ဥကၠလာ၊ ေဖာင္ႀကီး၊ ဧရာဝတီစင္တာေတြမွာ ကုသေပးေနပါတယ္။ျပည္သူလူထုကို မွာခ်င္တာက လုံးဝမေပါ့ဖို႔ ေျပာခ်င္တယ္။ အသာစီးရရွိလာၿပီလို႔ ေျပာဖို႔ ေစာပါေသးတယ္။ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ ကိုဗစ္နဲ႔ပတ္သက္ၿပီး စည္းကမ္းလိုက္နာျခင္းဟာ

သိပ္ကိုအေရး ႀကီးပါတယ္” ဟု ၎က ေျပာပါသည္။ရန္ကုန္တြင္ ေဝဘာဂီ၊ ေတာင္ ဥကၠလာ၊ ေဖာင္ႀကီး၊ လႈိင္ (ျမတ္ေလး ေဆာင္)၊ ႐ိုးမရိပ္သာ (၁)ႏွင့္(၂)၊ ေအာင္ ျမင့္မိုရ္အိမ္ရာ၊ ရန္ကုန္ပညာေရးေကာလိပ္၊ ယဥ္ေက်းမႈ ေကာလိပ္၊ ဧရာဝတီ စင္တာ၊

Fortune စင္တာ၊ ဗိုလ္တေထာင္စင္တာအစရွိသည့္ ကုသေရးစင္ တာမ်ား အပါအဝင္ ကုသေရးဌာနေပါင္း ၁၅ ခုရွိၿပီး ခုတင္ေပါင္း ၁၀၀၀၀ ေက်ာ္ရွိ၍ လက္ရွိ ကုသေနသူဦးေရမွာ ၇၀၀၀ ေက်ာ္သာရွိသည့္အတြက္ ေနရာလြတ္မ်ားရွိေၾကာင္း ပါေမာကၡေဒါက္တာ

ေဇာ္ေဝစိုးက ဆက္လက္ေျပာဆိုသည္။“ယခုလက္ရွိက ေရာဂါလကၡဏာေတြ႕ရွိသူေတြက ေဆး႐ုံကိုေရာက္ရွိတာ ေနာက္ က်တယ္။ ဒါေၾကာင့္ အျမန္ဆုံးေရာဂါ လကၡဏာေပၚလာတာနဲ႔ အျမန္ဆုံးကုသမႈခံယူဖို႔ လိုအပ္ပါတယ္။ ယခင္က အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္

ေဆး႐ုံေရာက္ခ်ိန္မွာ အခက္အခဲ ေတြရွိခဲ့ေပမယ့္အခုအခ်ိန္မွာ ႀကိဳးစားၿပီးေတာ့ ေရာက္ရွိလာတဲ့သူေတြကို သက္ေသာင့္ သက္သာ ေနရာထိုင္ခင္းရရွိႏိုင္ေအာင္ ႀကိဳးစားစီစဥ္ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ေရာဂါ လကၡဏာ ေပၚလာတာနဲ႔ အျမန္ဆုံးကုသမႈေပးသင့္

တယ္။ အေျခခံေရာဂါလကၡဏာရွိသူ ေတြအေနနဲ႔ ကိုယ့္ရဲ႕အေျခခံေရာဂါေတြကို စဥ္ဆက္မျပတ္ ကုသမႈခံယူေနဖို႔လိုပါတယ္။ ေသြးတိုး၊ ရင္က်ပ္ စဥ္ဆက္မျပတ္ကုသမႈခံယူေနဖို႔လိုပါတယ္” ၎က ေျပာဆိုသည္။

ကုသေရးစင္တာမ်ားသည္ ေဆး႐ုံမ်ားမွတစ္ဆင့္ လႊဲေျပာင္းျခင္းျဖစ္၍ ျပည္သူ မ်ားအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါလကၡဏာ သံသယရွိပါက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပေဆး႐ုံႀကီး၊ အင္းစိန္၊ သၤ ဃန္းကြၽန္း၊ ရန္ကုန္အေရွ႕ပိုင္းေဆး႐ုံႏွင့္ ရန္ကုန္

အေနာက္ပိုင္းေဆး႐ုံမ်ား အပါအဝင္ ၿမိဳ႕နယ္ေဆး႐ုံမ်ားအားလုံးသို႔ သြားေရာက္ ျပသႏိုင္ၿပီး ေဆး႐ုံအားလုံးတြင္ စစ္ေဆး ကုသ၍ရႏိုင္ရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

Add a Comment

Your email address will not be published. Required fields are marked *