သံဃာတော်တွေကို ဆွမ်းမလှူနိုင်တော့ဘူးဆိုတဲ့ အိမ်ကလေး

Sharing is caring!

အင်းးးးးးးး မေမေရေ ဘုန်းကြီးဘဝနဲ့ ဆက်ပြီးနေရမှာတောင် မလွယ်ပါ့လား ရှက်စရာ ကောင်းလိုက်တာလူမူ့ကွန်ယက်မှာ သံဃာတော်အရှင်မြတ်များကိုဆွမ်းမလှူနိုင်တော့ဘူး ဆိုတဲ့စာရွက်လေးတွေ့လိုက်ရတော့ များစွာတုန်လှုပ် မိသွားတယ် သီဟိုဠ်မှာ ကပ်ဘေး

ဆိုက်တော့ တဆယ့်နှစ်နစ် မိုးခေါင်ခဲ့တယ် လူတွေလည်း ငတ်သေကြ ရဟန်းတော်တွေလည်း ဆွမ်းမရလို့အားပြတ်ပြီး ပျံလွန်တော်မူကြတာ အများကြီး ရှိခဲ့ဘူးတယ်တဲ့ကပ်ဘေးဆိုက်လို့လူတွေ ငတ်ကြ ပြတ်ကြတဲ့အခါ စဉ်းစားသတဲ့ ငါတို့ငတ်ပြီးသေသွားတာအကြေ

င်းမဟုတ်ဘူး သံဃာတော်များ ဆွမ်းမစားရ ရင် ဘုရာရှင်ရဲ့ တရားတော်တွေကို စောင့်ထိမ်းမဲ့သူ မရှိတော့ဘူး အဲဒါဆိုရင် သာသနာကွယ်လိမ့်မယ် ဒါ့ကြောင့် သံဃာတော်များအတွက် စီစဉ်ရမယ် ဆိုပြီး သံဃာတော်တွေ ဆွမ်းအခတ်အခဲ အတွက် သုံးနှစ်စာ လုံ

လောက်တဲ့ စပါးတွေကို စီစဉ်ပေးခဲ့ ကြတယ်ဒါတောင် သုံးနှစ်ပြည့်တဲ့အထိ့ကပ်ဘေးကမပြီးသေးလို့ရဟန်းသံဃာတော်တွေဟာ မိမိတို့ရထားတဲ့ပိဋကတ်စာပေတွေကို မေ့မှာစိုးတဲ့အတွက် သဲသောင်ပြင်ပေါ် ဗိုက်မှောက်သူ တွေရော သဲအစိုတွေကို ဗိုက်ပေါ်တင်သူတွေ

ရော အများကြီးရှိတယ် တဲ့ အစာမစားရလို့ပူနေတဲ့ဝမ်းကို အေးအောင် အဲဒီလိုပြုလုပ်ကြရခဲ့ဘူးပါတယ်အဲဒီအချိန်က ပြည်သူတွေ နဲ့ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့တတွေ အခုအချိန်ထိ ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရနေကြရတာပါ သူတို့တတွေသာ ဆရာ

ဒကာ မညီညွတ်ခဲ့ရင် သာသနာ ကွယ်ခဲ့တာကြာပါပြီ စဉ်းစားကြည့်ကြစမ်းပါ အခု ကပ်ဘေးဆိုတာ ထမင်းမငတ်နိုင်သေးပါဘူး နည်းနည်းလေး စိုးရိမ်စရာ ကောင်းတာ နဲ့ပဲ ကိုယ်လွတ်ရုန်းဖို့ကြိုးစားကြမယ် ဆိုရင် ကျွန်တော်တို့တတွေ ဗုဒ္ဓဘာသာ လို့ပြောရမှာ

ရှက်စရာကောင်းလှပါတယ်ဘုရားရှင်တောင် ဒီသာသနာ ဖြစ်ပေါ်လာဖို့ သွေးတွေလှူခဲ့တာ သမုဒ္ဒရာလေးစင်းထဲက ရေထက် များတယ် တဲ့ မျက်လုံးတွေ လှူခဲ့တာ ကောင်းကင်က ကြယ်တာရာတွေ ထက်များ တယ် တဲ့ အခု အဲဒီလောက် တန်ဘိုးရှိတဲ့ သာသနာ

တော်ကြီး ပျက်ခါနီး မှာဘုရားရှင်တောင် လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်ပြီးရလာခဲ့တာ ငါတို့က အခု ကာကွယ်ဖို့ကြုံလာပြီး ဝမ်းသာစရာကောင်းလှတယ် လို့ နှလုံးမသွင်းနိုင်ကြဘူးလားသာသနာကို အသက်နဲ့လဲပြီးကာကွယ်ရမယ်စောင့်ထိမ်းမယ် ငါတို့သေရင်

သေပါစေ သံဃာတော်တွေ ဆွမ်းမငတ်စေရဘူး ဆိုတဲ့ သီဟိုခေတ်က ဒကာတွေရဲ့ သဒ္ဓါတရား မျိုးတွေ ကို အတုမယူ သင့်ဘူးလား ကိုယ်က ရှာစားလို့ရပါသေးတယ် ရှာစားလို့မရနိုင်တဲ့ ရဟန်းသံဃာတော်များက ကိုယ့်ထက် ပိုကြောက်မှာ အသေအချာပါပဲ သီဟို

ဠ် ခေတ်က ဒကာတွေရဲ့ သဒ္ဓါတရားမျိုးတွေနဲ့သာ ဗုဒ္ဓဘာသာ ဆိုတဲ့ အရှိန်အဝါနဲ့ ထိုက်တန်ပါတယ်နောက်ကို ဒီလို စာရွက်မျိုးတွေ မမြင်ရ မတွေ့ရပါစေနဲ့ ဗုဒ္ဓဘာသာတို့ရယ် ရှက်လွန်း လို့ပါ ဘုရားရှင်ကို အားနာလွန်းလို့ပါ သီဟိုဠ်ခေတ်က ဒကာတွေကို အား

နာလွန်းလို့ပါ ဗုဒ္ဓဘာသာလို့ ပြောရမှာ အားနာလွန်းလို့ပါ

Credit. ဦးမြင့်ခိုင်

Zawgyi Version












Credit. ဦးမြင့်ခိုင်

Add a Comment

Your email address will not be published. Required fields are marked *