လူတိုင်း သိချင်နေတဲ့ နဂါးခေါင်းထီးတော်နဲ့ စေတီရဲ့ သမိုင်းကြောင်းရာဇဝင်
|ဒီနေ့စိတ်နောက်ညူးလို့ တနေကုန်နီးပါး လိုင်းမတက်ဘဲနေလိုက်ပါတယ်။ညဘက်လိုင်းတက်ကြည့်တော့ ဖေးဖွတ်တခွင်လုံးမှာ စေတီမှာနဂါးခေါင်းတင်ထားတဲ့စေတီတွေနဲ့ပန်သက်ပြီးပွဲအတော်ဆူနေတာတွေ့ရပါတယ်။ ပါတီနိုင်ငံရေးသမားတွေကလဲ မဆီမဆိုင် ဘုရားကိုနိုင်ငံရေးထဲ အတွင်းဆွဲထည့်ပြီး တဖွဲ့နဲ့တဖွဲ့စားခွက်လု ရန်စောင်နေကြပြန်တယ်။“အရှင်အရဟံ”တည်ခဲ့တာ၊ ဝိဇ္ဇာတွေတည်ခဲ့” စသည်ဖြင့် ဖြေရှင်းပြောကြားတဲ့သူတွေလည်းရှိပါတယ်။ လေ့လာထားတဲ့အသိ သင်ယူထားတဲ့ပညာအရ ဒီစေတီဟာဘယ်လိုစေတီဆို
တာ သုံးသတ်မိပေမယ့် အာဏာနိုင်ငံရေးတွေကြားမှာ ရေးလိုက်ရင် သူတို့နဲ့ တတန်းစားထဲဖြစ်သွားမှာစိုးလို့ မရေးဘဲနေနေခဲ့ပါတယ်။ဒါပေမယ့် ရင်းနှီးတဲ့ စာဖတ်ပရိတ်သတ် သံဃာတွေ၊လူဒကာ၊ဒကာမတွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး ခဏခဏလာမေးလို့ သူတို့ကိုတွေကို ကိုယ်သိသလောက်ဖြေပေးလိုက်ပါတယ်။ မေးသူတွေများလာတာကြောင့် သာသနာနဲ့စပ်တဲ့ကိစ္စဖြစ်လို့ သံဃာတပါးအနေနဲ့ ရေသင့်လို့ထင်လို့ အခုရေးလိုက်ရပါတယ်။ဒီနဂါးခေါင်းထီတင်တဲ့စေတီဟာ ထေရဝါဒဗုဒ္ဓဘာသာစေတီတော်မဟုတ်ပါဘူး။ ဒါ့ကြောင့်
အရှင်အရဟံတည်ထားတဲ့စေတီမဟုတ်သလို ဝိဇ္ဇာတို့တည်ထားတဲ့စေတီလည်းမဟုတ်ပါဘဲ အရည်းကြီးဂိုဏ်သားတို့တည်ထားတဲ့စေတီပဲဖြစ်ပါတယ်။ပုဂံမင်းတပါးဖြစ်တဲ့ တောင်သူကြီးမင်းခေါ် ညောင်ဦးစောမင်းဟာ သက္ကရာဇ်(၂၉၃) ခု AD ၉၃၁, မှာ နန်းစံပါတယ်။ ထိုဘုရင်ဟာ မင်းမဖြစ်ခင်က သခွားစိုက်တောင်သူတဦးဖြစ်ပါတယ်။ တရက်မှာ ထိုစဉ်ကပုဂံဘုရင်ဖြစ်တဲ့ သိန်းဃိုဠ်မင်းဟာ တောကစားထွက်လာရင်း ဗိုက်ဆာလှတာနဲ့ သခွားခင်းထဲဝင်ပြီး သခွားသီးတွေကို ဆွတ်ပြီးစာပါတယ်။သခွားခင်းပိုင်ရှင်ယာသမားလဲ
သခွားသီးစားနေတဲ့သူကို ဘုရင်မှန်းမသိဘဲ သူခိုးထင်ပြီး တူရွှင်းနဲ့ရိုက်လိုက်ပါတယ်။ ဒီဒဏ်ရာနဲ့ပဲ သခွားခင်းထဲမှာ သိန်းဃိုဠ်မင်းနတ်ရွာစံသွားပါတယ်။ဘုရင်နောက်မှာ ခစားရတဲ့ မြင်းခံဟာ ဘုရင်သေပြီးမှ သခွားခင်းထဲရောက်လာပါတယ်။ သူလက်ချက်နဲ့ ဘုရင်သေတယ်လို့ နတ်တွင်းကအမတ်တွေအထင်မှားမှာစိုးရိမ်တာကတကြောင်း ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တဲ့အလေ့ရှိတာက တကြောင်းကြောင့် သခွားတောင်သူကို တိတ်တဆိတ်နန်းတော်ခေါ်သွားပြီး မိဖုရားကြီးနဲ့တိုင်ပင်ပြီး ဘုရင်တင်မြှောက်လိုက်ပါတယ်။
ဘုရင်ဖြစ်သွားတဲ့ တောင်သူကြီးမင်းဟာ သူ့ရဲ့သခွားခင်းနေရာမှာ ဥယျာဉ်ကြီးဆောက်လုပ်ပြီး နဂါးရုပ်တုများ၊နဂါးစေတီများထုပ်လုပ်တည်းတားကိုးကွယ်ပါတယ်။ ထိုအချိန်က ပုဂံမှာဗုဒ္ဓသာသနာမှေးမှိန်အားပျော့ပြီး အရည်ကြီးဝါဒများက လွှမ်းမိုးနေပြီဖြစ်ပါတယ်။ လုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူး။ အငွေ့အသက်တော့ကျန်ရှိနေပါသေးတယ်။ဗုဒ္ဓဘာသာဟာ သရေခေတ္တရာခေတ်ကတည်းက မြန်မာနိုင်ငံအတွင်းသို့ ပြန့်နှံရောက်ရှိနေပြီဖြစ်သော်လည်း ပုဂံခေတ်ဦး AD ၃၀၀ ကျော်ခန့်လောက်မှာ အားပျော့နေပြီလို့ခန့်မှန်း
ရပါတယ်။ အရည်းကြီးများကလည်း ဗုဒ္ဓဝါဒကိုမျက်ကွယ်ပြုပြီ တန္တရ၊မန္တရများကို ပဓာနထားကာ မိမိတို့ရဲ့ဝါဒများကိုစိတ်ကြိုက်ဖြန့်ဝေကြပါတယ်။တောင်သူကြီးမင်းဟာ ထိုအရည်းကြီးများနဲ့ပေါင်းပြီးစေတီ၊ပုထိုးများတည်ထားပါတယ် ။ထိုစေတီများဟာ ဗုဒ္ဓဘာသာစေတီနဲ့ တူသယောင်တည်ထားပေမယ့် နဂါးရုပ်ကိုပဓာနပြုထားပါတယ်။ ဗုဒ္ဓဘာသာအငွေ့အသက်ကျန်နေဆဲဖြစ်တာမို့ နဂါးစေတီ၊နဂါးပုထိုးတွေတည်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာစေတီ၊ပုထိုးတွေအတိုင်း ပုံစံယူတည်ကြတာပါ။တောင်သူကြီမင်းဟာ နဂါးပုထိုးစေတီတွေ
တည်ပြီးနံနက်၊ညတွေမှာ ထမင်းဟင်း၊သေရည်များတင်ပလေ့ရှိပါတယ်။ နတ်တော်ကျောင်းဒကာ မင်းကျမ်းသာလို့အမည်ခံပါတယ်။ ဒီကာလတွေဟာ နဂါးကိုးကွယ်မှုအလွန်အားကောင်းတဲ့ ကာလဖြစ်ခဲ့ပါတယ်။ မင်းအားပေးမှုနဲ့အတူ တနိုင်ငံလုံးကိုပြန့်နှံ့ခဲ့ပါတယ်။ ထိုခေတ်အကြွင်းအကျန်ဖြစ်တဲ့ နဂါးကိုးကွယ်မှုဟာ အချို့နေရာတွေမှာ ယခုထက်တိုင် ရှိနေဆဲဖြစ်ပါတယ်။ထိုစေတီတွေဟာ ယခုလိုင်းပေါ်မှာပြန့်နေတဲ့စေတီမျိုးတွေပါ။ ထိုကဲ့သို့သောစေတီမျိုးကို ထိုစဉ်က အရည်ကြီးတို့ လွှမ်းမိုးခဲ့တဲ့ မြန်မာနိုင်ငံအလည်ပိုင်းဒေသတချို့မှာ
ယခုတိုင်တွေ့နိုင်ပါတယ်။ထိုစေတီများဟာ အပေါ်ထီနေရာမှာ ထီးတော်မဟုတ်ဘဲ နဂါးခေါင်းတင်ထားတာကလလွဲရင် ဗုဒ္ဓဘာသာစေတီအတိုင်းဖြစ်နေတာမို့ သမိုင်းမသိတဲ့နှောင်းခေတ်လူတွေက ရှေးဟောင်းစေတီ၊ ရှေးဆရာတော်တွေ၊ဝိဇ္ဇာတွေ တည်ထားခဲ့တဲ့စေတီလို့ထင်မှတ်သွားကြတာဖြစ်ပါတယ်။ဒီနေရာမှာ နဂါးရုံရုပ်ပွားတော်၊နဂါးရုံစေတီတို့နဲ့ အရည်းကြီးဘုရားတို့နဲ့ မလွဲဖို့လိုပါတယ်။ နဂါးရုံဘုရားက အားလုံးသိထားတဲ့အတိုင်း ရုပ်ပွားတော်ကို နဂါးက ပါးပျဉ်းနဲ့အုပ်မိုးကာထားတဲ့ပုံတော်ပါ။ နဂါးရုံစေတီကတော့ စေတီကိုနဂါးက
ရစ်ပတ်ကာကွာပြီ ထီးတော်ကို သူ့ရဲ့ပါးပျဉ်းနဲ့ အုပ်မိုးကာကွယ်ထားတာပါ။အရည်းကြီးဘုရားကတော့ ယခုလူပြောများနေတဲ့ စေတီကိုရစ်ပတ်ပြီး ထီးတော်ကို နဂါးခေါင်းထည့်ထားတာပါ။ဒါလောက်ဆိုရင် နဂါးခေါင်းဘုရားနဲ့ပတ်သက်ပြီး အမြင်ရှင်းလောက်ပြီလို့ထင်ပါတယ်။ အလွန်ကျယ်ပြန့်တဲ့ သမိုင်းဆိုင်ရာသုတေသနနယ်ပယ်ဖြစ်တာမို့ သေခြာအသေးစိပ်ပြောမှပြည့်စုံမှာဖြစ်ပေမယ့် တထိုင်တည်းနဲ့ အကုန်ရေးဖို့ရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သို့လောသို့လောစိတ်ဒွိဟဖြစ်နေသူများအမြင်ရှင်းသွားသလို၊ သမိုင်း၊သုတေသန
ကိုစိတ်ဝင်စားသူပညာရှင်များအတွက် ဆက်လက်လေ့လာဖို့အထောက်အကူဖြစ်စေမှာပါ။ဒီနဂါးခေါင်းထီးတင်ထားတဲ့ အရည်းကြီးစေတီတွေဟာ ဗုဒ္ဓသာသနာနဲ့မအပ်စပ်တာမို့ ဒီလိုစေတီပုံစံမျိုးအသစ်တည်ထားတာတွေ မရှိအောင် မဟနအဖွဲ့က ထိန်းကြောင်းပေးဖို့လိုပါတယ်။ ထို့အတူ အရည်းကြီးဘုရားတွေဟာလည်း ကိုးကွယ်သူများအကျိုးမဖြစ်ပေမယ့် သမိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ အထောက်အထားများဖြစ်တာမို့ တာဝန်ရှိသူများအနေနဲ့ ရှေးမူဟောင်းအတိုင်း စနစ်တကျ ထိန်းသိမ်းသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။
“သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေးကြပါစေ)
ဓမ္မဝီရ ဒေါက်တာတေဇနိယ
Zawgyi Version
ဒီေန႔စိတ္ေနာက္ညဴးလို႔ တေနကုန္နီးပါး လိုင္းမတက္ဘဲေနလိုက္ပါတယ္။ညဘက္လိုင္းတက္ၾကည့္ေတာ့ ေဖးဖြတ္တခြင္လုံးမွာ ေစတီမွာနဂါးေခါင္းတင္ထားတဲ့ေစတီေတြနဲ႔ပန္သက္ၿပီးပြဲအေတာ္ဆူေနတာေတြ႕ရပါတယ္။ ပါတီႏိုင္ငံေရးသမားေတြကလဲ မဆီမဆိုင္ ဘုရားကိုႏိုင္ငံေရးထဲ အတြင္းဆြဲထည့္ၿပီး တဖြဲ႕နဲ႔တဖြဲ႕စားခြက္လု ရန္ေစာင္ေနၾကျပန္တယ္။“အရွင္အရဟံ”တည္ခဲ့တာ၊ ဝိဇၨာေတြတည္ခဲ့” စသည္ျဖင့္ ေျဖရွင္းေျပာၾကားတဲ့သူေတြလည္းရွိပါတယ္။ ေလ့လာထားတဲ့အသိ သင္ယူထားတဲ့ပညာအရ ဒီေစတီဟာဘယ္လိုေစတီဆို
တာ သုံးသတ္မိေပမယ့္ အာဏာႏိုင္ငံေရးေတြၾကားမွာ ေရးလိုက္ရင္ သူတို႔နဲ႔ တတန္းစားထဲျဖစ္သြားမွာစိုးလို႔ မေရးဘဲေနေနခဲ့ပါတယ္။ဒါေပမယ့္ ရင္းႏွီးတဲ့ စာဖတ္ပရိတ္သတ္ သံဃာေတြ၊လူဒကာ၊ဒကာမေတြက ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ခဏခဏလာေမးလို႔ သူတို႔ကိုေတြကို ကိုယ္သိသေလာက္ေျဖေပးလိုက္ပါတယ္။ ေမးသူေတြမ်ားလာတာေၾကာင့္ သာသနာနဲ႔စပ္တဲ့ကိစၥျဖစ္လို႔ သံဃာတပါးအေနနဲ႔ ေရသင့္လို႔ထင္လို႔ အခုေရးလိုက္ရပါတယ္။ဒီနဂါးေခါင္းထီတင္တဲ့ေစတီဟာ ေထရဝါဒဗုဒၶဘာသာေစတီေတာ္မဟုတ္ပါဘူး။ ဒါ့ေၾကာင့္
အရွင္အရဟံတည္ထားတဲ့ေစတီမဟုတ္သလို ဝိဇၨာတို႔တည္ထားတဲ့ေစတီလည္းမဟုတ္ပါဘဲ အရည္းႀကီးဂိုဏ္သားတို႔တည္ထားတဲ့ေစတီပဲျဖစ္ပါတယ္။ပုဂံမင္းတပါးျဖစ္တဲ့ ေတာင္သူႀကီးမင္းေခၚ ေညာင္ဦးေစာမင္းဟာ သကၠရာဇ္(၂၉၃) ခု AD ၉၃၁, မွာ နန္းစံပါတယ္။ ထိုဘုရင္ဟာ မင္းမျဖစ္ခင္က သခြားစိုက္ေတာင္သူတဦးျဖစ္ပါတယ္။ တရက္မွာ ထိုစဥ္ကပုဂံဘုရင္ျဖစ္တဲ့ သိန္းဃိုဠ္မင္းဟာ ေတာကစားထြက္လာရင္း ဗိုက္ဆာလွတာနဲ႔ သခြားခင္းထဲဝင္ၿပီး သခြားသီးေတြကို ဆြတ္ၿပီးစာပါတယ္။သခြားခင္းပိုင္ရွင္ယာသမားလဲ
သခြားသီးစားေနတဲ့သူကို ဘုရင္မွန္းမသိဘဲ သူခိုးထင္ၿပီး တူ႐ႊင္းနဲ႔႐ိုက္လိုက္ပါတယ္။ ဒီဒဏ္ရာနဲ႔ပဲ သခြားခင္းထဲမွာ သိန္းဃိုဠ္မင္းနတ္႐ြာစံသြားပါတယ္။ဘုရင္ေနာက္မွာ ခစားရတဲ့ ျမင္းခံဟာ ဘုရင္ေသၿပီးမွ သခြားခင္းထဲေရာက္လာပါတယ္။ သူလက္ခ်က္နဲ႔ ဘုရင္ေသတယ္လို႔ နတ္တြင္းကအမတ္ေတြအထင္မွားမွာစိုးရိမ္တာကတေၾကာင္း ဘုရင္ကိုသတ္ရင္ ဘုရင္ျဖစ္တဲ့အေလ့ရွိတာက တေၾကာင္းေၾကာင့္ သခြားေတာင္သူကို တိတ္တဆိတ္နန္းေတာ္ေခၚသြားၿပီး မိဖုရားႀကီးနဲ႔တိုင္ပင္ၿပီး ဘုရင္တင္ေျမႇာက္လိုက္ပါတယ္။
ဘုရင္ျဖစ္သြားတဲ့ ေတာင္သူႀကီးမင္းဟာ သူ႔ရဲ႕သခြားခင္းေနရာမွာ ဥယ်ာဥ္ႀကီးေဆာက္လုပ္ၿပီး နဂါး႐ုပ္တုမ်ား၊နဂါးေစတီမ်ားထုပ္လုပ္တည္းတားကိုးကြယ္ပါတယ္။ ထိုအခ်ိန္က ပုဂံမွာဗုဒၶသာသနာေမွးမွိန္အားေပ်ာ့ၿပီး အရည္ႀကီးဝါဒမ်ားက လႊမ္းမိုးေနၿပီျဖစ္ပါတယ္။ လုံးဝေပ်ာက္ကြယ္သြားတာေတာ့မဟုတ္ပါဘူး။ အေငြ႕အသက္ေတာ့က်န္ရွိေနပါေသးတယ္။ဗုဒၶဘာသာဟာ သေရေခတၱရာေခတ္ကတည္းက ျမန္မာႏိုင္ငံအတြင္းသို႔ ျပန႔္ႏွံေရာက္ရွိေနၿပီျဖစ္ေသာ္လည္း ပုဂံေခတ္ဦး AD ၃၀၀ ေက်ာ္ခန႔္ေလာက္မွာ အားေပ်ာ့ေနၿပီလို႔ခန႔္မွန္း
ရပါတယ္။ အရည္းႀကီးမ်ားကလည္း ဗုဒၶဝါဒကိုမ်က္ကြယ္ျပဳၿပီ တႏၲရ၊မႏၲရမ်ားကို ပဓာနထားကာ မိမိတို႔ရဲ႕ဝါဒမ်ားကိုစိတ္ႀကိဳက္ျဖန႔္ေဝၾကပါတယ္။ေတာင္သူႀကီးမင္းဟာ ထိုအရည္းႀကီးမ်ားနဲ႔ေပါင္းၿပီးေစတီ၊ပုထိုးမ်ားတည္ထားပါတယ္ ။ထိုေစတီမ်ားဟာ ဗုဒၶဘာသာေစတီနဲ႔ တူသေယာင္တည္ထားေပမယ့္ နဂါး႐ုပ္ကိုပဓာနျပဳထားပါတယ္။ ဗုဒၶဘာသာအေငြ႕အသက္က်န္ေနဆဲျဖစ္တာမို႔ နဂါးေစတီ၊နဂါးပုထိုးေတြတည္တဲ့အခါမွာလည္း ဗုဒၶဘာသာေစတီ၊ပုထိုးေတြအတိုင္း ပုံစံယူတည္ၾကတာပါ။ေတာင္သူႀကီမင္းဟာ နဂါးပုထိုးေစတီေတြ
တည္ၿပီးနံနက္၊ညေတြမွာ ထမင္းဟင္း၊ေသရည္မ်ားတင္ပေလ့ရွိပါတယ္။ နတ္ေတာ္ေက်ာင္းဒကာ မင္းက်မ္းသာလို႔အမည္ခံပါတယ္။ ဒီကာလေတြဟာ နဂါးကိုးကြယ္မႈအလြန္အားေကာင္းတဲ့ ကာလျဖစ္ခဲ့ပါတယ္။ မင္းအားေပးမႈနဲ႔အတူ တႏိုင္ငံလုံးကိုျပန႔္ႏွံ႔ခဲ့ပါတယ္။ ထိုေခတ္အႂကြင္းအက်န္ျဖစ္တဲ့ နဂါးကိုးကြယ္မႈဟာ အခ်ိဳ႕ေနရာေတြမွာ ယခုထက္တိုင္ ရွိေနဆဲျဖစ္ပါတယ္။ထိုေစတီေတြဟာ ယခုလိုင္းေပၚမွာျပန႔္ေနတဲ့ေစတီမ်ိဳးေတြပါ။ ထိုကဲ့သို႔ေသာေစတီမ်ိဳးကို ထိုစဥ္က အရည္ႀကီးတို႔ လႊမ္းမိုးခဲ့တဲ့ ျမန္မာႏိုင္ငံအလည္ပိုင္းေဒသတခ်ိဳ႕မွာ
ယခုတိုင္ေတြ႕ႏိုင္ပါတယ္။ထိုေစတီမ်ားဟာ အေပၚထီေနရာမွာ ထီးေတာ္မဟုတ္ဘဲ နဂါးေခါင္းတင္ထားတာကလလြဲရင္ ဗုဒၶဘာသာေစတီအတိုင္းျဖစ္ေနတာမို႔ သမိုင္းမသိတဲ့ေႏွာင္းေခတ္လူေတြက ေရွးေဟာင္းေစတီ၊ ေရွးဆရာေတာ္ေတြ၊ဝိဇၨာေတြ တည္ထားခဲ့တဲ့ေစတီလို႔ထင္မွတ္သြားၾကတာျဖစ္ပါတယ္။ဒီေနရာမွာ နဂါး႐ုံ႐ုပ္ပြားေတာ္၊နဂါး႐ုံေစတီတို႔နဲ႔ အရည္းႀကီးဘုရားတို႔နဲ႔ မလြဲဖို႔လိုပါတယ္။ နဂါး႐ုံဘုရားက အားလုံးသိထားတဲ့အတိုင္း ႐ုပ္ပြားေတာ္ကို နဂါးက ပါးပ်ဥ္းနဲ႔အုပ္မိုးကာထားတဲ့ပုံေတာ္ပါ။ နဂါး႐ုံေစတီကေတာ့ ေစတီကိုနဂါးက
ရစ္ပတ္ကာကြာၿပီ ထီးေတာ္ကို သူ႔ရဲ႕ပါးပ်ဥ္းနဲ႔ အုပ္မိုးကာကြယ္ထားတာပါ။အရည္းႀကီးဘုရားကေတာ့ ယခုလူေျပာမ်ားေနတဲ့ ေစတီကိုရစ္ပတ္ၿပီး ထီးေတာ္ကို နဂါးေခါင္းထည့္ထားတာပါ။ဒါေလာက္ဆိုရင္ နဂါးေခါင္းဘုရားနဲ႔ပတ္သက္ၿပီး အျမင္ရွင္းေလာက္ၿပီလို႔ထင္ပါတယ္။ အလြန္က်ယ္ျပန႔္တဲ့ သမိုင္းဆိုင္ရာသုေတသနနယ္ပယ္ျဖစ္တာမို႔ ေသျခာအေသးစိပ္ေျပာမွျပည့္စုံမွာျဖစ္ေပမယ့္ တထိုင္တည္းနဲ႔ အကုန္ေရးဖို႔ရွင္းဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ သို႔ေလာသို႔ေလာစိတ္ဒြိဟျဖစ္ေနသူမ်ားအျမင္ရွင္းသြားသလို၊ သမိုင္း၊သုေတသန
ကိုစိတ္ဝင္စားသူပညာရွင္မ်ားအတြက္ ဆက္လက္ေလ့လာဖို႔အေထာက္အကူျဖစ္ေစမွာပါ။ဒီနဂါးေခါင္းထီးတင္ထားတဲ့ အရည္းႀကီးေစတီေတြဟာ ဗုဒၶသာသနာနဲ႔မအပ္စပ္တာမို႔ ဒီလိုေစတီပုံစံမ်ိဳးအသစ္တည္ထားတာေတြ မရွိေအာင္ မဟနအဖြဲ႕က ထိန္းေၾကာင္းေပးဖို႔လိုပါတယ္။ ထို႔အတူ အရည္းႀကီးဘုရားေတြဟာလည္း ကိုးကြယ္သူမ်ားအက်ိဳးမျဖစ္ေပမယ့္ သမိုင္းအတြက္ တန္ဖိုးျဖတ္မရတဲ့ အေထာက္အထားမ်ားျဖစ္တာမို႔ တာဝန္ရွိသူမ်ားအေနနဲ႔ ေရွးမူေဟာင္းအတိုင္း စနစ္တက် ထိန္းသိမ္းသင့္ပါေၾကာင္း အႀကံျပဳလိုက္ပါတယ္။
“သုခိတာ ေဟာထ၊ ဒုကၡာ မုစၥထ”(ခ်မ္းသာဟူသမွ် ျပည္စုံၾကပါေစ၊ ဆင္းရဲမွန္သမွ် ကင္းေဝးၾကပါေစ)
ဓမၼဝီရ ေဒါက္တာေတဇနိယ