ရောက်ရှိလာတော့မည့် မုန်တိုင်းငယ် နှင့် ယနေ့ မိုးလေဝသအခြေအနေ

Sharing is caring!

ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊

(၁၅.၅.၂၀၂၀) ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဆင့်သို့လည်းကောင်း၊ (၁၆.၅.၂၀၂၀) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်ပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊(၁၇.၅.၂၀၂၀)ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့နိုင်သည်ဟု ခန့်မှန်းရပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့မွန်းတည့်ချိန်အထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက် (၂)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘဂၤလားပင္လယ္ ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္း တို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနၿပီး၊

(၁၅.၅.၂၀၂၀) ရက္ေန႔တြင္ မုန္တိုင္းငယ္ (Depression) အဆင့္သို႔လည္းေကာင္း၊ (၁၆.၅.၂၀၂၀) ရက္ေန႔တြင္ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) အဆင့္သို႔လည္းေကာင္း ေရာက္ရွိႏိုင္ပါသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ မုန္တိုင္းငယ္ အဆင့္သို႔ ေရာက္ရွိၿပီးေနာက္၊ ကနဦးတြင္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားကာ၊(၁၇.၅.၂၀၂၀)ရက္ေန႔ ေနာက္ပိုင္းတြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေကြ႕ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္ တြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနပါသည္။

ယေန႔မြန္းတည့္ခ်ိန္အထိ ခန႔္မွန္းခ်က္ကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္မွာ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။

ေနာက္ (၂)ရက္အတြက္ခန႔္မွန္းခ်က္ကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။

ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ မနက္ျဖန္မြန္းတည့္ခ်ိန္အထိခန႔္မွန္းခ်က္ကေတာ့ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

Add a Comment

Your email address will not be published. Required fields are marked *