ကိုဗစ် တတိယလှိုင်းအတွက် ကြိုပြင်ထားကြဖို့ သတိပေးစကားပြောလာတဲ့ ဒေါက်တာနန္ဒဝင်း
|“အရူးစကား ကလေးစကား သဘင်သည်စကား”
ဒီစကား (၃) မျိုးဟာ အနာဂတ်ကို ပုံထင်ဟတ်နေသတဲ့။ Zombie ရုပ်ရှင်တွေခေတ်စားတော့ ကျွန်တော် မုန်းလိုက်တာ။ “ဘူဆန်သို့ ရထား” တစ်ကားပဲ အဆုံးအထိ ကြည့်ဘူးခဲ့ပါတယ်။ ကျန်တဲ့ ကားတွေ ကို ပြီးဆုံး အောင်
မကြည့်ခဲ့ပါဘူး။ခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ကိုဗစ်ကလည်း ဇွန်ဘီ သီအိုရီ နှင့်ခပ်ဆင်ဆင်ပါပဲ။ ထိရင်ကူး ထိရာကနေကူး အားလုံးပျံ့ ပြေးနိုင် ပုန်းနိုင်မှ လွတ်မယ်ဆိုတဲ့အနေအထားဖြစ်နေပါတယ်။
ခု ဆေးရုံအများအပြားကိုတင်ပြီး အသည်းအသန်ကုနေရတဲ့ သူတွေ ဟာ (၁) သက်ကြီ:ရွယ်အိုတွေ (၂) ရောဂါအခံရှိသူတွေ ဖြစ်နေပါတယ်။ အသေအပျောက်ရဲ့ အများစုသော သူတွေကလည်း အဲဒီအုပ်စု (၂)စုပါပဲ။သူတို့တွေ တော်ရုံ အပြင်မသွားပါဘူး။ သူတို့ရဲ့အိပ်ရာထဲမှာ သူတို့ရဲ့ကုတင်လေးမှာ သူတို့ရဲ့ အခန်းငယ်လေးထဲမှာ နေထိုင်ကြသူတွေပါ။ ဘယ်လိုလုပ် ပိုးက သူတို့ကို လာကူးပါလဲ။ သူတို့ချစ်တဲ့ သူတို့ကိုချစ်တဲ့ မိသားစုဝင်တွေက သယ်လာတာ
ပေါ့။ ပစ္စည်းတွေပေါ်မှာ ခန္ဓာကိုယ်ပေါ်မှာ ခိုကပ် လိုက်ပါလာတဲ့ ပိုးတွေက ခံနိုင်ရည်နည်းတဲ့ သူတို့ကို ရောဂါ ရစေပါတယ်။ ကူးစေပါတယ်။ နောက်ဆုံးအသည်းအသန် ဇီဝိန်ချွေ သွားပါတော့တယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးကြီ: ကြွေးဟောင်းဆပ်ရမယ့် သက်ကြီးဝါကြီးတွေအတွက် ကျွန်တော်တို့ သတိထားရပါမယ် အသိပွားရပါမယ်။ သက်ကြီးတွေ ရောဂါရှိသူတွေ ကို အိမ်မှာ သီးသန့်ထားပါ။ ပြုစုရန်လိုတယ်ဆို ပြုစုမယ့်သူပါ သက်ကြီး လူနာသည်တွေ နှင့်အတူ သီးသန့်နေပေးပါ။ ( နေရာခွဲနေစရာမရှိရင်တောင် social distancing နဲ့နေပါ နှာခေါင်းစည်းတပ်ပါ။ လက်ကိုမကြာခဏဆေးပါ။ မျက်နှာ မျက်လုံးကို မပွတ်ပါနဲ့။ အာဟာရပြည့်အောင်စားပါ။ အပြင်ထွက်အလုပ်လုပ်ရသူ
တွေ လူကြီးတွေ ရောဂါ သည်တွေနားကို အပြင်က ပြန်လာပြီးပြီးချင်းမကပ်ပါနဲ့။ မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ပြီ: ကိုယ်ပေါ်မှာရောဂါ ပိုးတွေ ပါမလာဘူးဆိုမှ နှာခေါင်းစည်းတပ်ကာ ကပ်ပါ။ ဒါမှ မဟုတ် အဝေးကနေ ဆက်ဆံပါ။ တစ်သက်တာ ပျော်ရွှင်ဖို့ ခဏတာ ခပ်လှမ်းလှမ်းနေကြပါ။ ကာကွယ်ဆေးပေါ်ပြီး ကျွန်တော်တို့ ဒီရောဂါကြီးကို နိုင်ပြီဆိုတဲ့ အချိန်ကျမှ ခပ်တင်းတင်းလေး ဖက်ထားကြရအောင် ။နမိတ်မရှိ နမာမရှိ ပြောတာမဟုတ်ပါဘူ။ ကိုဗစ် တတိယလှိုင်းက မြန်မာပြည်ရဲ့ နယ်အသီးသီးမှာ ဖြစ်လာနိုင်ပါတယ်။ ဒုတိယ လှိုင်းမှာ ရန်ကုန်လို နေရာတေင် အသည်းအသန် ခံခဲ့ရတာ အစစအရာရာ အားနည်းတဲ့ နယ်မြို့တွေမှာ ကြိုတင်ပြင်ဆင်မှု မရှိပဲ ခံတိုက်လို့ မဖြစ်ပါဘူး။
ကြိုပြင်ရပါတော့မယ်။ ကျွန်တော်နယ်တွေမှာ နေစဉ် စာရင်းကြမ်းကောက်ရာမှာ အသက် (၆၀) ကျော်လူဦးရေရဲ့ ၄၀% လောက်ဟာ ဆီးချိုသွေးတိုးနှလုံး ကင်ဆာ တစ်ခုခု သို့မဟုတ် တစ်ခုထက်ပိုရှိနေပါတယ်။ ၁၃−၁ ၅% ဟာ အထိမခံ ရွှေပန်းကန် တွေပါ။ ရန်ကုန်မှာ အထိခိုက်အများဆုံးဟာလည်း အဲဒီအသက်အုပ်စုပါပဲ။အကြမ်းအားဖြင့် လူဦးရေ (၂)သိန်းလောက်ရှိတဲ့ မြို့တစ်မြို့မှာ အသက်(၆၀) အထက် ရောဂါတစ်ခုခု ခံစားနေရသူ ရှစ်ရာမှ သုံးထောင်ကြားရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒီထက်တောင်များနိုင်ပါသေးတယ်။ အဲဒီလူတွေရဲ့ ၂၀% (၁၆၀မှ ၆၀၀ ဝန်းကျင်ဟာ မိသားစုရဲ့ အကာအကွယ် မဲ့နေပါတယ်/တင့်တောင်းတင့်တယ် မိ သားစု တွေ မဟုတ်ပါဘူး) ကိုဗစ်သာ
ပြင်းပြင်းထန်ထန်ဖြစ်ရင် ထိခိုက်သွားနိုင် ကြွေလွင့်သွားနိုင်တဲ့ Vulnerable group ပါပဲ။ ကျွန်တော်တို့ နောက်ပိုင်း ရောဂါဖြစ်နှုန်းတွေ သေဆုံးနှုန်းတွေ လျော့ချဖို့ဆိုရင် ထိခိုက်သေ ဆုံးသွားနိုင်တဲ့သူတွေကို ထိန်းသိမ်းစောင့် ရှောက်ကာကွယ်ဖို့ အိမ်ထောင်စု အသီးသီးရဲ့ မတူကွဲပြားခြင်းပေါ်မှာ အခြေခံပြီး တည်ဆောက်ရပါမယ်။ အစိုးရ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန လူမှုဝန်ထမ်း နှင့်ကယ်ဆယ်ရေး ဝန်ကြီးဌာန စတာတွေက မူတွေ ဘောင်တွေ လမ်းစဉ်တွေ ချပြပြီး ပြည်သူကို လိုက်နာဖို့ တည်းတည်းရင်းရင်း လုပ်ရပါတော့မယ်။ ပညာပေး လှုံ့ဆော်မှုတွေ ဆောင်ရွက်ရပါတော့မယ်။ရန်ကုန်ကတော့ အနှေးအမြန် ပဲကွာမှာပါ နိုင်သွားမှာပါ။ မသေသင့်တဲ့သူတွေ မထိသင့်တဲ့သူ
တွေ မထိအောင် မသေအောင် အားလုံးက ကြိုးစားနေပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာဆို အဆင့်တိုင်းသော ဝန်ထမ်းတိုင်းက နေ့မနား ညမအားကြိုးစားနေပါတယ်။ အထာသိတဲ့ သူတွေ အရမ်းအလုပ်လုပ်ကြတော့ ဝိရီယ ကဲ တဲ့ ကျွန်တော်တောင် နေရာကျွမ်းသူတွေနောက် မနည်းလိုက်ရတဲ့ အနေအထားပါ။ အားရ ကျေနပ်စရာ ကြိုးစားနေကြပါတယ်။ အလုပ်လုပ် သူတွေ ဝန်းကျင်မှာ ကိုယ့်စွမ်းအား အလျောက် လိုတာဖြည့်စည်းနိုင်သမျှ ဖြည့်စည်းဖို့ ကျွန်တော်ရှိနေပါတယ်။အားလုံးကို ဖြည့်စည်းပေးနိုင်သလောက်ဖြည့်စည်းပေးပြီး မိခင် ရန်ကုန်ဆေးရုံကြီးကို ကျေးဇူးဆပ်ရန် ဆုံးဖြတ်ထားပြီး မာန သိက္ခာ ဒေါ သ အားလုံးကို အောက်ဆုံးအထိ ချထားပါတယ်။ ( ပင်ကို ဒေါသကြီး
လို့ ကားပေါ်က ဘေ့စ်ဘော တုတ်ကို ခဏခဏ ပြေးကိုင်မိတာကတော့ ရှိပါတယ် ထိန်းပါတယ် ခုတော့ မကိုင်တော့တာသုံးရက်ရှိပါပြီ)ကြိုတင်ပြင်ဆင်အောင်ပွဲဝင်ပါ “ပလန်လက်(စ) Plan less” ဆိုရင် “ပက်လက်လန်” ရစမြဲပါ။ကျွန်တော်တို့ ပစ္စုပ္ပန်ကို အကောင်းဆုံး ရင်ဆိုင်ရင်း အနာဂတ်ကို အဖြစ်သင့်ဆုံး ပြင်ဆင်ကြရအောင်လားဗျာ။
Nanda Win
Zawgyi Version
“အ႐ူးစကား ကေလးစကား သဘင္သည္စကား”
ဒီစကား (၃) မ်ိဳးဟာ အနာဂတ္ကို ပုံထင္ဟတ္ေနသတဲ့။ Zombie ႐ုပ္ရွင္ေတြေခတ္စားေတာ့ ကြၽန္ေတာ္ မုန္းလိုက္တာ။ “ဘူဆန္သို႔ ရထား” တစ္ကားပဲ အဆုံးအထိ ၾကည့္ဘူးခဲ့ပါတယ္။ က်န္တဲ့ ကားေတြ ကို ၿပီးဆုံး ေအာင္
မၾကည့္ခဲ့ပါဘူး။ခုကြၽန္ေတာ္တို႔ရင္ဆိုင္ေနရတဲ့ ကိုဗစ္ကလည္း ဇြန္ဘီ သီအိုရီ ႏွင့္ခပ္ဆင္ဆင္ပါပဲ။ ထိရင္ကူး ထိရာကေနကူး အားလုံးပ်ံ႕ ေျပးႏိုင္ ပုန္းႏိုင္မွ လြတ္မယ္ဆိုတဲ့အေနအထားျဖစ္ေနပါတယ္။
ခု ေဆး႐ုံအမ်ားအျပားကိုတင္ၿပီး အသည္းအသန္ကုေနရတဲ့ သူေတြ ဟာ (၁) သက္ႀကီ:႐ြယ္အိုေတြ (၂) ေရာဂါအခံရွိသူေတြ ျဖစ္ေနပါတယ္။ အေသအေပ်ာက္ရဲ႕ အမ်ားစုေသာ သူေတြကလည္း အဲဒီအုပ္စု (၂)စုပါပဲ။သူတို႔ေတြ ေတာ္႐ုံ အျပင္မသြားပါဘူး။ သူတို႔ရဲ႕အိပ္ရာထဲမွာ သူတို႔ရဲ႕ကုတင္ေလးမွာ သူတို႔ရဲ႕ အခန္းငယ္ေလးထဲမွာ ေနထိုင္ၾကသူေတြပါ။ ဘယ္လိုလုပ္ ပိုးက သူတို႔ကို လာကူးပါလဲ။ သူတို႔ခ်စ္တဲ့ သူတို႔ကိုခ်စ္တဲ့ မိသားစုဝင္ေတြက သယ္လာတာ
ေပါ့။ ပစၥည္းေတြေပၚမွာ ခႏၶာကိုယ္ေပၚမွာ ခိုကပ္ လိုက္ပါလာတဲ့ ပိုးေတြက ခံႏိုင္ရည္နည္းတဲ့ သူတို႔ကို ေရာဂါ ရေစပါတယ္။ ကူးေစပါတယ္။ ေနာက္ဆုံးအသည္းအသန္ ဇီဝိန္ေခြၽ သြားပါေတာ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ တန္ဖိုးႀကီ: ေႂကြးေဟာင္းဆပ္ရမယ့္ သက္ႀကီးဝါႀကီးေတြအတြက္ ကြၽန္ေတာ္တို႔ သတိထားရပါမယ္ အသိပြားရပါမယ္။ သက္ႀကီးေတြ ေရာဂါရွိသူေတြ ကို အိမ္မွာ သီးသန႔္ထားပါ။ ျပဳစုရန္လိုတယ္ဆို ျပဳစုမယ့္သူပါ သက္ႀကီး လူနာသည္ေတြ ႏွင့္အတူ သီးသန႔္ေနေပးပါ။ ( ေနရာခြဲေနစရာမရွိရင္ေတာင္ social distancing နဲ႔ေနပါ ႏွာေခါင္းစည္းတပ္ပါ။ လက္ကိုမၾကာခဏေဆးပါ။ မ်က္ႏွာ မ်က္လုံးကို မပြတ္ပါနဲ႔။ အာဟာရျပည့္ေအာင္စားပါ။ အျပင္ထြက္အလုပ္လုပ္ရသူ
ေတြ လူႀကီးေတြ ေရာဂါ သည္ေတြနားကို အျပင္က ျပန္လာၿပီးၿပီးခ်င္းမကပ္ပါနဲ႔။ မိမိကိုယ္ကို သန႔္ရွင္းေရးလုပ္ၿပီ: ကိုယ္ေပၚမွာေရာဂါ ပိုးေတြ ပါမလာဘူးဆိုမွ ႏွာေခါင္းစည္းတပ္ကာ ကပ္ပါ။ ဒါမွ မဟုတ္ အေဝးကေန ဆက္ဆံပါ။ တစ္သက္တာ ေပ်ာ္႐ႊင္ဖို႔ ခဏတာ ခပ္လွမ္းလွမ္းေနၾကပါ။ ကာကြယ္ေဆးေပၚၿပီး ကြၽန္ေတာ္တို႔ ဒီေရာဂါႀကီးကို ႏိုင္ၿပီဆိုတဲ့ အခ်ိန္က်မွ ခပ္တင္းတင္းေလး ဖက္ထားၾကရေအာင္ ။နမိတ္မရွိ နမာမရွိ ေျပာတာမဟုတ္ပါဘူ။ ကိုဗစ္ တတိယလႈိင္းက ျမန္မာျပည္ရဲ႕ နယ္အသီးသီးမွာ ျဖစ္လာႏိုင္ပါတယ္။ ဒုတိယ လႈိင္းမွာ ရန္ကုန္လို ေနရာေတင္ အသည္းအသန္ ခံခဲ့ရတာ အစစအရာရာ အားနည္းတဲ့ နယ္ၿမိဳ႕ေတြမွာ ႀကိဳတင္ျပင္ဆင္မႈ မရွိပဲ ခံတိုက္လို႔ မျဖစ္ပါဘူး။
ႀကိဳျပင္ရပါေတာ့မယ္။ ကြၽန္ေတာ္နယ္ေတြမွာ ေနစဥ္ စာရင္းၾကမ္းေကာက္ရာမွာ အသက္ (၆၀) ေက်ာ္လူဦးေရရဲ႕ ၄၀% ေလာက္ဟာ ဆီးခ်ိဳေသြးတိုးႏွလုံး ကင္ဆာ တစ္ခုခု သို႔မဟုတ္ တစ္ခုထက္ပိုရွိေနပါတယ္။ ၁၃−၁ ၅% ဟာ အထိမခံ ေ႐ႊပန္းကန္ ေတြပါ။ ရန္ကုန္မွာ အထိခိုက္အမ်ားဆုံးဟာလည္း အဲဒီအသက္အုပ္စုပါပဲ။အၾကမ္းအားျဖင့္ လူဦးေရ (၂)သိန္းေလာက္ရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕မွာ အသက္(၆၀) အထက္ ေရာဂါတစ္ခုခု ခံစားေနရသူ ရွစ္ရာမွ သုံးေထာင္ၾကားရွိတယ္လို႔ ခန႔္မွန္းႏိုင္ပါတယ္။ အဲဒီထက္ေတာင္မ်ားႏိုင္ပါေသးတယ္။ အဲဒီလူေတြရဲ႕ ၂၀% (၁၆၀မွ ၆၀၀ ဝန္းက်င္ဟာ မိသားစုရဲ႕ အကာအကြယ္ မဲ့ေနပါတယ္/တင့္ေတာင္းတင့္တယ္ မိ သားစု ေတြ မဟုတ္ပါဘူး) ကိုဗစ္သာ
ျပင္းျပင္းထန္ထန္ျဖစ္ရင္ ထိခိုက္သြားႏိုင္ ေႂကြလြင့္သြားႏိုင္တဲ့ Vulnerable group ပါပဲ။ ကြၽန္ေတာ္တို႔ ေနာက္ပိုင္း ေရာဂါျဖစ္ႏႈန္းေတြ ေသဆုံးႏႈန္းေတြ ေလ်ာ့ခ်ဖို႔ဆိုရင္ ထိခိုက္ေသ ဆုံးသြားႏိုင္တဲ့သူေတြကို ထိန္းသိမ္းေစာင့္ ေရွာက္ကာကြယ္ဖို႔ အိမ္ေထာင္စု အသီးသီးရဲ႕ မတူကြဲျပားျခင္းေပၚမွာ အေျခခံၿပီး တည္ေဆာက္ရပါမယ္။ အစိုးရ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာန လူမႈဝန္ထမ္း ႏွင့္ကယ္ဆယ္ေရး ဝန္ႀကီးဌာန စတာေတြက မူေတြ ေဘာင္ေတြ လမ္းစဥ္ေတြ ခ်ျပၿပီး ျပည္သူကို လိုက္နာဖို႔ တည္းတည္းရင္းရင္း လုပ္ရပါေတာ့မယ္။ ပညာေပး လႈံ႕ေဆာ္မႈေတြ ေဆာင္႐ြက္ရပါေတာ့မယ္။ရန္ကုန္ကေတာ့ အေႏွးအျမန္ ပဲကြာမွာပါ ႏိုင္သြားမွာပါ။ မေသသင့္တဲ့သူေတြ မထိသင့္တဲ့သူ
ေတြ မထိေအာင္ မေသေအာင္ အားလုံးက ႀကိဳးစားေနပါတယ္။ ရန္ကုန္ေဆး႐ုံႀကီးမွာဆို အဆင့္တိုင္းေသာ ဝန္ထမ္းတိုင္းက ေန႔မနား ညမအားႀကိဳးစားေနပါတယ္။ အထာသိတဲ့ သူေတြ အရမ္းအလုပ္လုပ္ၾကေတာ့ ဝိရီယ ကဲ တဲ့ ကြၽန္ေတာ္ေတာင္ ေနရာကြၽမ္းသူေတြေနာက္ မနည္းလိုက္ရတဲ့ အေနအထားပါ။ အားရ ေက်နပ္စရာ ႀကိဳးစားေနၾကပါတယ္။ အလုပ္လုပ္ သူေတြ ဝန္းက်င္မွာ ကိုယ့္စြမ္းအား အေလ်ာက္ လိုတာျဖည့္စည္းႏိုင္သမွ် ျဖည့္စည္းဖို႔ ကြၽန္ေတာ္ရွိေနပါတယ္။အားလုံးကို ျဖည့္စည္းေပးႏိုင္သေလာက္ျဖည့္စည္းေပးၿပီး မိခင္ ရန္ကုန္ေဆး႐ုံႀကီးကို ေက်းဇူးဆပ္ရန္ ဆုံးျဖတ္ထားၿပီး မာန သိကၡာ ေဒါ သ အားလုံးကို ေအာက္ဆုံးအထိ ခ်ထားပါတယ္။ ( ပင္ကို ေဒါသႀကီး
လို႔ ကားေပၚက ေဘ့စ္ေဘာ တုတ္ကို ခဏခဏ ေျပးကိုင္မိတာကေတာ့ ရွိပါတယ္ ထိန္းပါတယ္ ခုေတာ့ မကိုင္ေတာ့တာသုံးရက္ရွိပါၿပီ)ႀကိဳတင္ျပင္ဆင္ေအာင္ပြဲဝင္ပါ “ပလန္လက္(စ) Plan less” ဆိုရင္ “ပက္လက္လန္” ရစၿမဲပါ။ကြၽန္ေတာ္တို႔ ပစၥဳပၸန္ကို အေကာင္းဆုံး ရင္ဆိုင္ရင္း အနာဂတ္ကို အျဖစ္သင့္ဆုံး ျပင္ဆင္ၾကရေအာင္လားဗ်ာ။
Nanda Win