ကံမကောင်းခဲ့တဲ့ အိမ်ထောင်ရေးအကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး
Sharing is caring!
ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြ
တာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်
ကူး ခဲ့သူ ဖြစ်ပါတယ်။အကယ်ဒမီများစွာဆွတ်ခူးနိုင်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ အိမ်ထောင်ရေးမှာကံမကောင်းခဲ့ပဲ အိမ်ထောင်ဆက်တွေနဲ့ ဘဝကို ဖြတ်သန် းခဲ့ရတာပါ ဒီလို အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့အပေါ်ထက်ထက်မိုးဦးက
အခုလို ပြောပြလာခဲ့တာပါ“ငယ်ငယ်တုန်းကတော့ ကိုမင်းဦးနဲ့ ဆယ်နှစ်ကျော်တွဲခဲ့ အရမ်းချစ်ခဲ့တာပဲလေ အဲ့ဒါတွေပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဘာမှသိပ်ပြီးတော့ မရှိတော့ဘူး အဲ့လို အကြာကြီးချစ်ခဲ့ပြီးမှတော့ ကျန်တဲ့အချစ်တွေက
သိပ်ပြီးတော့ မဖြစ်တော့ဘူးပေါ့ ပထမဆုံးတကြိမ်တုန်းကတော့ ရင်ခုန်တာပေါ့နောက်ကြတော့ အသက်အရွယ်ရလာတာနဲ့အမျှ ဘဝကပြောင်းလဲသွားပြီးတော့မှ အချစ်ဆိုတာထက် ဘဝ ကိုကောင်းအောင်ဘယ်လိုတည်ဆောက်မလဲဆို
တာကိုပဲ ရပ်တည်ရတာပေါ့နော် ဒါကလူတိုင်းပါပဲဒါပေမယ့်လို့ အဲ့လိုရပ်တည်ရင်းနဲ့မှ ဒီလိုမျိုးကြားထဲမှာဖြစ်ခဲ့တာတွေကလည်း မဖြစ်နဲ့လို့ ခြေထောက်ဆွဲထားလို့မှမရတာ ကံကုန်ပြီ ဆိုရင် တမိုးအောက်ထဲမရှိကြတော့ဘူးလေ အဲ့ဒီအတွ
က် ကို ရှင်းပြလို့မှမရတာ ဒါတွေကနားလည်တဲ့သူပဲနားလည်တာကို ဘယ်ပြောင်းချင်ပါ့မလဲ တစ်ယောက်ဆို တစ်ယောက်ပဲချစ်ရတာပျော်တာပေါ့ဒါမဲ့နောက်ဆုံးတော့လည်းအနား မှာရှိတဲ့သူက အချစ်ဆုံးသူပဲဖြစ်သွားတာပဲ ကိုယ့်ကို
တန်ဖိုးထားတဲ့သူနားမှာ ကိုယ်နေရတာ အကောင်းဆုံးပဲလေ တန်ဖိုးမထားတဲ့လူကတော့ ကိုယ်ဘယ်လောက်ကြီးပဲ ဘာပဲဖြစ်နေဖြစ်နေ တန်ဖိုးမထားတဲ့လူက မထားဘူးပေါ့ ကိုယ့်ကိုတန်ဖိုးထားတဲ့သူနားမှာကိုယ်ရှိနေရင်တော့ကောင်း
တာပေါ့ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘဝကိုအမြန်ဆုံး ပြန်တည်ဆောက်ရမယ် မသေမချင်းတော့ အလုပ်ကလုပ်နေရအုန်းမှာပဲ အလုပ်မလုပ်ပဲနဲ့လည်း နေလို့မှမကောင်းတာ လူတိုင်း လူတိုင်းက အလုပ်လုပ်နေရင်တော့ကောင်း
တယ်လေလူတိုင်းရဲ့ရင်ထဲမှာ တစ်ခုခုတော့ရှိကြတာပဲလေမရှိဘူးဆိုတဲ့လူမရှိပါဘူး ဒါတွေကို ခဏဘေးနားထားပြီးတော့ ဘဝရပ်တည်ဖို့အတွက်ကိုပဲ အဆင်ပြေသလိုရပ်တည်နေရတာကိုး” လို့ သူမအချစ်ရေးကံမကောင်းခဲ့တဲ့အကြောင်း
ပြောပြထားခဲ့တာဖြစ်ပါတယ်ထက်ထက်မိုးဦးကတော့ အိမ်ထောင်ရေး ကံမကောင်းခဲ့တာနဲ့ ပတ်သတ်ပြီး ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး လည်း မထက်အတွက် ဆုတောင်းပေးခဲ့ကြပါအုန်းနော်။
Zawgyi Version
Add a Comment
Your email address will not be published.