တိမ်စွဲနေတဲ့ မျက်စိဝေဒနာကို အရှင်းပျောက်စေခဲ့တဲ့ တိမ်ပြာဂမုန်းပင်
Sharing is caring!
ယခုပုံမှာ မြင်နေရတဲ့အပင်ကတော့ တိမ်ွပာဂမုန်းပင်ဖြစ်ပါတယ်။ တစ်ချို့ဒေသမှာတော့ ဂမုန်းတိမ်ပြာလို့ ခေါ်ကြပါတယ်။အမြှစ်ဥကို ချိုးကြည့်လျှင် အထဲမွာ တိမ်ရောင်ပေါက်နေမည်။ မျက်စိရောဂါများနှင့် အခြားသောရောဂါများအတွက် အလွန်ဆေးဖက်ဝင်သည့် အပင်တစ်မျိုးဖြစ်ပါတယ်။တွံတေးဘက်နှင့် ရခိုင်ဘက်မှာ သဘာဝအလျှောက်ပေါက်တယ်လို့ သိရျပီး စိုက်ပျိုးလျှင်လည်း ပြါးတတ္တယ္လို့ သိရပါတယ်။တောရဆောက်တည်နေသော ဆရာတော်တစ်ပါး၏ လက်တွေ့ပျောက်ကင်းခဲ့သော ဆေးနည်းတစ်မျိုးဆိုရင်
လည်း မမွားပါဘူး။ဆရာတော်ကိုယ်တိုင် ထိုတိမ်ဂမုန်းဖြင့် တိမ်စွဲနေသော မ်က္စိကို ကုသ၍ ပျောက်ကင်းခဲ့ပါတယ်။မျက်စိတိမ်စွဲရောဂါဖြစ်နေ၍ရောက်လာကြသော ဒကာ၊ ဒကာမများကိုလည်း ၎င်းဆေးနည်းကို မျှေဝပေးခဲ့၍ သက်သာပျောက်ကင်းသွားကြပါတယ်။
ဆေးနည်း
(၁) တိမ်ဂမုန်းပင်၏ ဥကိုတူယူ၍ နေရိပ်တွင် အခြောက်လှန်းပါ။(၂) ထိုဥကို အမှုန့်ကြိတ်၍ ပျားရည်နှင့် မန်ကျည်းစေ့ခန့် လုံးထားကာ ညစဉ် တစ်လုံးစီ သောက်ပါ။
(၃) ထိုအမှုန့်ကို မကြာခဏ ရှူပေးပါ။(၄) ထိုအမှုန့်ကို အဝတ်သန့်သန့်တွင် ထည့်၍ မျက်စိပေါ်ကို (၁၀) မိနစ်ခန့် အုပ်ထားပေးပါ။
(၅) တိမ်ဂမုန်း၏ ဥကို ပြုတ်၍ ၎င်းပြုတ်ရည်ဖြင့် မျက်နှာသစ်ပါ။ မ်က္စိကို ဆေးကြောပေးပါ။
အခြားရောဂါများအတွက်-
(၁) ထိခိုက်ရှနာနှင့် ဒဏ်ရာများအတွက် ၎င်းတိမ်ဂမုန်းဥကို ထုထောင်း၍ ဒဏ်ရာပေါ်ကို အုပ်ပေးထားပါက ဒဏ်ရာများ အမြန်ပျောက်ကင်း သက်သာစေပါသည်။
(၂) အဖုအကြိတ်များပေါက်လျှင် တိမ်ဂမုန်းဥကိုသွေး၍ လိမ်းပေးပါ။(၃) အဆိပ်မိလာလျှင် အျမွစ္ကို သွေး၍ သောက်ပါ။ အဆိပ်ပြေစေပါသည်။
(၄) အရိုးကျီးပေါင်းအတွက် အျမွစ္ကို ဆေးရည်အဖြစ် ကျို၍ သောက်ပေးပါ။မျက်စိတိမ်စွဲနေသော ဝေဒနာရှင်များအတွက် ဒီဆေးနည်းကို မျှေဝပေးနိုင်ကြပါသည်။
စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
စောနွဲ့နေဆိုင် (ပူတာအို)
Zawgyi Version
ဆေးနည်း
အခြားရောဂါများအတွက်-
Add a Comment
Your email address will not be published. Required fields are marked *