မီတာခ ယခင်လထက် ပိုများနေသူများသာ ဖတ်ပါ

Sharing is caring!

နိုင်ငံတော်က ယူနစ် ၁၅၀ သက်သာခွင့် ပြုခဲ့တဲ့ ဧပြီလ မီတာခနဲ့ ပတ်သက်ပြီး သက်သာခွင့် ပေးခါမှ ပိုမိုကုန်ကျနေတယ် ဆိုပြီး မကျေနပ်သံတွေ ထွက်နေတယ်။

ဒါဟာ သက်သာခွင့်ကို ကောင်းကောင်း နားမလည်လို့ ဖြစ်တယ်။ဒီသက်သာခွင့် ဘယ်လို ခံစားရသလဲ အရင်ပြောချင်ပါတယ်။လျှပ်စစ်သုံးစွဲခ ကောက်ခံတဲ့ နှုန်းထားတွေကို ပုံမှာ ကြည့်နိုင်ပါတယ်။

ဒီနှုန်းထားအရ တစ်လမှာ ယူနစ် ၃၀၀ ခန့် သုံးနေတဲ့ အိမ်ထောင်တစ်စုဟာ ပုံမှန်အချိန်မှာ ဘယ်လောက်ပေးဆောင်ရမလဲ ဆိုရင်…။

၁ မှ ၃၀ = ၃၅ x ၃၀ = ၁၀၅၀ ကျပ်

၃၁ မှ ၅၀ = ၅၀ x ၂၀ = ၁၀၀၀ ကျပ်

၅၁ မှ ၇၅ = ၇၀ x ၂၅ = ၁၇၅၀ ကျပ်

၇၆ မှ ၁၀၀ = ၉၀ x ၂၅ = ၂၂၅၀ ကျပ်

၁၀၁ မှ ၁၅၀ = ၁၁၀ x ၅၀ = ၅၅၀၀ ကျပ်

၁၅၁ မှ ၂၀၀ = ၁၂၀ x ၅၀ = ၆၀၀၀ ကျပ်

၂၀၁ မှ ၃၀၀ = ၁၂၅ x ၁၀၀ = ၁၂၅၀၀ ကျပ်

စုစုပေါင်း = ၃၀၀၅၀ ကျပ် ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကြောင့် အိမ်တွင်းအောင်းနေရသူတွေ အဆင်ပြေစေဖို့ ဧပြီလအတွင်း အသုံးပြုတဲ့ မီတာယူနစ် ၁၅၀ အထိကို အခမဲ့လို့ နိုင်ငံတော်က သတ်မှတ်ပေးလိုက်တာကြောင့်…။

ဧပြီလရဲ့ မီတာခမှာ ယူနစ် ၁၅၀ အထိ ကုန်ကျငွေ (၁၀၅၀ + ၁၀၀၀ + ၁၇၅၀ + ၂၂၅၀ + ၅၅၀၀) = ၁၁၅၅၀ ကျပ်ကို ပေးဆောင်စရာ မလိုတော့ဘဲ…။

ယူနစ် ၁၅၁ မှ ၃၀၀ အထိ သုံးစွဲခ (၆၀၀၀ + ၁၂၅၀၀) = ၁၈၅၀၀ ကျပ်ကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒီတော့ သူဟာ ၁၁၅၅၀ ကျပ် သက်သာသွားတာ ဖြစ်တယ်။ယူနစ် ၁၅၀ အောက်သာ သုံးသူတွေကတော့ တစ်ပြားမှ ပေးစရာ မလိုပါဘူး။

နိုင်ငံတော် အစိုးရရဲ့ အရင်လက ကြေငြာထားတဲ့ ကြေငြာချက်ကို သေချာဖတ်ပါ…စကထဲက ယူနစ် 150 လျှော့တယ်ဆိုတာ အခြေခံလူးတန်းစားတွေအတွက်ပါ…

1 ယူနစ်မှ 150 ယူနစ်အထိ ကျသင့်ငွေ 11550 ကျပ်ကို လျှော့ပေးမှာလို့ အတိအလင်း ကြေငြာထားတာပါ…151 ယူနစ်ကစပြီး သူ့ရဲ့ နှုန်းတာအတိုင်း 120 နဲ့ စတွက်မှာဖြစ်ပါတယ်…

ဒီတော့ သင်ဟာ ယူနစ် 500 သုံးထားတယ်ဆိုရင် ယူနစ် 1 မှ 150 ထိ Free ဖြစ်ပြီး ယူနစ် 151 မှ 200 ထိကို 120 နှုန်းနဲ့ ပေးဆောင်ရမှာဖြစ်ပါတယ်။ ယူနစ် 201 မှ 500 အထိကို 125 ကျပ်နှုန်းနဲ့ ပေးဆောင်ရမှာဖြစ်ပါတယ်

ဒါကို လူတွေက ဘာလို့ မီတာခတွေ ပိုများနေတယ်လို့ အော်နေကြတာလဲ ဆိုရင် ဖြစ်နိုင်ခြေ ၃ ခု ရှိပါတယ်။

ဖြစ်နိုင်ခြေ (၁)

လစဉ်ပုံမှန် သုံးနေကျ ယူနစ်အတိုင်း သုံးသော်လည်း တွက်ချက်ပုံ မှားခြင်းကြောင့် ပိုကောက်ခံတယ်ဟု ယူဆခြင်း

အထက်ပါ ဥပမာထဲက တစ်လ ယူနစ် ၃၀၀ သုံးနေတဲ့ အိမ်ဟာ ဧပြီလမှာလည်း ယူနစ် ၃၀၀ ပဲ သုံးတယ် ဆိုပါစို့။ ဒါပေမဲ့ သူက သူသုံးတဲ့ ယူနစ် ၃၀၀ ကို အခမဲ့ ၁၅၀ ယူနစ် နဲ့ ပေးဆောင်ရမယ့် ၁၅၀ ယူနစ် ဆိုပြီး စိတ်ထဲကနေ နှစ်ပိုင်းခွဲလိုက်ပါတယ်။

ဒီလို ခွဲလိုက်တဲ့အတွက် သူဟာ သူပေးဆောင်ရမယ့် ယူနစ် ၁၅၀ ကိုလည်း…။

“၁၅၁ ယူနစ်ကနေ ယူနစ် ၃၀၀ အထိ သတ်မှတ်ထားတဲ့ နှုန်းထားတွေ” နဲ့ မတွက်တော့ဘဲ။

“၁ ယူနစ်ကနေ ၁၅၀ ယူနစ်အထိ သတ်မှတ်ထားတဲ့ အခြေခံနှုန်းထားတွေ” ဖြစ်တဲ့ ၁ ယူနစ်မှ ၃၀ ယူနစ်အထိကို ၃၅ ကျပ် စတာတွေနဲ့ ပြန်တွက်ပါတော့တယ်။

ဒီတော့ သူပေးဆောင်ရမယ့် ယူနစ် ၁၅၀ ရဲ့ အဖိုးအခဟာ သူ့တွက်ကိန်းထဲမှာတော့ ၁၁၅၅၀ ကျပ်သာ ရှိပါတော့တယ်။ ဒါဟာ သူက မီတာတစ်လုံးတည်းရဲ့ မီတာသုံးစွဲမှုကို မီတာနှစ်လုံးသဘောမျိုး ခွဲထုတ်တွက်ချက်လိုက်တာကြောင့် ဖြစ်တယ်။

တကယ့်လက်တွေ့မှာတော့ နိုင်ငံတော်က သူရဲ့ မီတာယူနစ် ၃၀၀ ဟာ မီတာတစ်လုံးတည်းက သုံးတဲ့ ယူနစ်တွေ ဖြစ်တာကြောင့် ယူနစ် ၁၅၀ နှစ်ပိုင်း မခွဲဘဲ အထက်မှာ တွက်ပြခဲ့တဲ့ ဥပမာမှာလို ၁ ယူနစ်ကနေ ယူနစ် ၃၀၀

အထိ ယူနစ်အပိုင်းအခြားအလိုက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ တစ်ဆက်တစ်စပ်တည်း တွက်တာ ဖြစ်လို့…

ပထမ ယူနစ် ၁၅၀ အတွက် ကျသင့်တဲ့ ၁၁၅၅၀ ကျပ်ကိုသာ သက်သာခွင့်ပေးတာ ဖြစ်ပြီး ၁၅၁ ယူနစ်မှ ၃၀၀ ယူနစ်အထိ ကျသင့်တဲ့ ၁၈၅၀၀ ကျပ်ကတော့ သုံးစွဲသူက ပေးဆောင်ရမှာပဲ ဖြစ်တယ်။

သူအရင်လတွေက ရနေကျ မီတာခ တောင်းခံလွှာမှာလည်း ယူနစ် ၃၀၀ ကို နှစ်ခါခွဲပြီး အခြေခံနှုန်းထားတွေချည်း နှစ်ခါပြန် တွက်တာ မဟုတ်ဘဲ တစ်စုတစ်စည်းတည်း တွက်ပြီး ၃၀၀၅၀ ကျပ် ကျသင့်နေတာပဲ ဖြစ်လို့ အဲဒီအထဲ

က ပထမ ယူနစ် ၁၅၀ ဖိုး မပေးရဘူးလို့ နုတ်လိုက်ရင် အဖြေက ရှင်းရှင်းလေးပါ။

ဒါကိုမှ စုစုပေါင်း ၃၀၀၅၀ ကျပ် ပေးဆောင်ရမယ့်အစား ၁၈၅၀၀ ကျပ်ပဲ ပေးရလို့ ပထမ ယူနစ် ၁၅၀ အတွက် သက်သာသွားတဲ့ ၁၁၅၅၀ ကျပ်ကို မမြင်ဘဲ…

“ဒုတိယ ယူနစ် ၁၅၀ အတွက် ငါက ၁၁၅၅၀ ကျပ်ပဲ ပေးရမယ် ထင်နေတာ၊ အခု ၁၈၅၀၀ ကျပ် ဖြစ်နေလို့ ၇၀၀၀ လောက် ပိုများနေတယ်” ဆိုပြီး မကျေနပ်တာ ဆိုရင်တော့ နိုင်ငံတော်နဲ့ မဆိုင်ပါဘူး။

မီတာနှစ်လုံးလို သတ်သတ်စီ စဉ်းစားမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမှာ ဖြစ်တယ်။

တကယ်တမ်းမှာ ယူနစ် ၁၀၀ အထိက အခြေခံလူတန်းစားတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် နိုင်ငံတော်က ၅၀ ရာခိုင်နှုန်းလောက်အထိ အရှုံးခံထားတဲ့ နှုန်းထားတွေနဲ့ ကောက်ခံနေတာပါ (ဓာတ်အားတစ်ယူနစ်အတွက်

နိုင်ငံတော်ရဲ့ ထုတ်လုပ်စရိတ် အရင်းက တစ်ရာကျပ်ကျော် ရှိပါတယ်)။

အခု ကိုဗစ်-၁၉ ကြောင့် ပိုကျပ်တည်းလာချိန်မှာ အခြေခံလူတန်းစားတွေအတွက် ယူနစ် ၁၀၀ အထိတောင် မဟုတ်ဘဲ ယူနစ် ၁၅၀ အထိ ၁၀၀ ရာခိုင်နှုန်း အရှုံးခံပြီး အခမဲ့ ပေးသုံးလိုက်တာပါ။ အခြေခံလူတန်းစားအတွက်ချည်း

ကွက်ပြီး သက်သာခွင့်ပေးရင် ကျန်လူတွေက ငါတို့ကရော ပြည်သူ မဟုတ်လို့လားလို့ အောက်ကလိအာလာကြမှာ ကြိုသိလို့ တစ်နိုင်ငံလုံးက ပြည်သူအားလုံး ယူနစ် ၁၅၀ အထိ အခမဲ့ ဖြစ်တယ်လို့ တစ်ပြေးညီ သတ်မှတ်

ပေးလိုက်တာပါ။

ဒီတော့ နဂိုကတည်းက အခြေခံ လူတန်းစား မဟုတ်လို့ ယူနစ် ၁၀၀ နဲ့ အထက် သုံးနေကျသူ (ဥပမာ ယူနစ် ၃၀၀ သုံးသူ) တွေဟာ…

ဧပြီလမှာ အခြေခံလူတန်းစား အပါအဝင် တစ်ပြည်လုံးအတွက် သက်သာခွင့်ပေးလိုက်တဲ့ အခမဲ့ ၁၅၀ ယူနစ်ကို ခံစားပြီးတဲ့အပြင်…

အဲဒီထက် ပိုနေတဲ့ ယူနစ်တွေကိုလည်း အခြေခံလူတန်းစားတွေ ဝန်ပေါ့အောင် သတ်မှတ်ထားတဲ့ ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ် စတဲ့ အခြေခံနှုန်းထားတွေနဲ့ပဲ အောက်ဆင်းပြီး ထပ်တွက်ဦးမယ် ဆိုရင်…

နိုင်ငံတော်က ပထမ ယူနစ် ၁၅၀ ကို ၁၀၀ ရာခိုင်နှုန်း အရှုံးခံထားတဲ့အပြင် ဒုတိယ ယူနစ် ၁၅၀ ကိုလည်း ၅၀ ရာခိုင်နှုန်း အရှုံးခံပေးရလို့ မိအေး နှစ်ခါနာပါပြီ။

ဒီလို ကိုယ်တွက်ချင်သလို တွက်ပြီး ပိုပေးလိုက်ရတယ် ထင်နေတဲ့ ငွေ ၇၀၀၀ ကျပ်လောက်ဟာ အိမ်ထောင်စုတစ်စုအတွက်က ဘာမှ မဟုတ်လှတဲ့ ငွေပမာဏ ဆိုပေမဲ့…

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလို မိအေး နှစ်ခါနာရမယ် ဆိုရင် အခြားကဏ္ဍတွေကိုလည်း ဖြည့်ဆည်းပေးရမယ့် နိုင်ငံတော် အစိုးရအတွက်ကတော့ ဘတ်ဂျက် ထိခိုက်မှု အရမ်းကြီးသွားပါလိမ့်မယ်။

ဒါကြောင့် မီတာခကို နှစ်ပိုင်းမခွဲဘဲ တွက်ရိုးတွက်စဉ်အတိုင်း တစ်ဆက်တည်း တွက်ပြီး ပထမ ၁၅၀ ယူနစ်အတွက် ကျသင့်ငွေကို စုစုပေါင်း ကျသင့်ငွေထဲက နုတ်လိုက်တာကသာ မီတာခ တွက်နည်းအမှန် ဖြစ်တယ်ဆိုတာနဲ့

နိုင်ငံတော်ဆီက အခွင့်အရေးကို နှစ်ပြန်နှစ်ခါ မလိုချင်ပါနဲ့လို့ ပြောချင်ပါတယ်။

ဖြစ်နိုင်ခြေ (၂)

ယူနစ် ၁၅၀ အထိ အလကားရတဲ့အတွက် ဧပြီလမှာ ပုံမှန်ထက် ပိုသုံးမိခြင်း

နဂိုက ယူနစ် ၁၅၀ ပတ်ဝန်းကျင် သုံးသော်လည်း အကြွေးရရင် ဆင်တောင် ဝယ်တယ်ဆိုတဲ့ စရိုက်ရှိတဲ့ ဒီနိုင်ငံသားအချို့ဟာ မီတာယူနစ် ပိုသုံးမိပါလိမ့်မယ်။

တမင် ပိုသုံးတာ မဟုတ်ဘဲ ဧပြီလ သင်္ကြန်ပိတ်ရက်တွေ များတာရယ်၊ အပြင်မထွက်ရဲဘဲ Stay Home နေရ များတာရယ်၊ ရာသီဥတု ပူပြင်းလွန်းတာတွေရယ် ပေါင်းပြီး ပုံမှန်ထွက် ယူနစ်ပိုများသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ အရင်က ယူနစ် ၁၅၀ အတွက် ၁၁၅၅၀ ကျပ်သာ ပေးဆောင်နေရသူတွေဟာ…

ဧပြီလမှာ သူတို့သုံးနေကျ ယူနစ် ၁၅၀ အတွက်က ပေးစရာ မလိုတော့တာမို့ နောက်ထပ်ယူနစ် ၁၅၀ လောက် ပိုသုံးရင်တောင် အရင်လတွေလို ၁၁၅၅၀ ကျပ်ပဲ ပေးဆောင်ရမှာဆိုရင် ဒုံရင်းပဲလို့ ထင်ပြီး ပိုသုံးမိတာမျိုး ရှိနိုင်ပါ

တယ်။

အဲဒီအခါမှာ ဖြစ်စဉ် (၁) မှာလိုပဲ စုစုပေါင်း သုံးစွဲယူနစ်က ၃၀၀ မို့လို့ မီတာခ လာတဲ့အချိန်မှာ သူတို့ ထင်ထားသလို အခြေခံနှုန်းထားနဲ့ပဲ တွက်ထားတဲ့ ၁၁၅၅၀ ကျပ် မဟုတ်ဘဲ ဒုတိယ ယူနစ် ၁၅၀ အတွက် ကောက်ခံတဲ့

၁၈၅၀၀ ကျပ် ဖြစ်နေတဲ့အခါ…

“ဟင် မီတာခ ကင်းလွတ်ခွင့် မပေးခင်ကတောင် လစဉ် ၁၁၅၅၀ ကျပ်ပဲ ကျတယ်၊ အခု ကင်းလွတ်ခွင့်ပေးခါမှ ၁၈၅၀၀ ကျပ်တောင် ကျနေပြီ၊ EPC က ချင်းထည့်တာလား” လို့ ထင်ကြပါတော့တယ်။

ဒီလို ကိုယ်ပိုသုံးမိတဲ့ ယူနစ် ၁၅၀ ကိုတော့ မမြင်တော့ဘဲ အရင်လတွေလိုပဲ ယူနစ် ၁၅၀ သုံးတာချင်း အတူတူ မီတာခက ဧပြီလအတွက်မှာမှ ပိုများနေသလိုလို ပြောနေကြတွေဟာ ဘောင်မဝင်ပါဘူး။

ကိုယ်အရင်က ယူနစ် ၁၅၀ ပဲ သုံးပြီး ဧပြီလမှာလည်း ယူနစ် ၁၅၀ ပဲ သုံးရင် အခမဲ့ ဖြစ်ပါလျက် မီတာခ ပေးဆောင်ရစရာ အကြောင်း မရှိသလို…

အရင်က ယူနစ် ၃၀၀ လောက်သုံးပြီး ဧပြီလမှာလည်း ယူနစ် ၃၀၀ ပဲ သုံးပါလျက် မီတာခက ပုံမှန်ထက် ပိုများနေစရာအကြောင်း လုံးဝ မရှိပါဘူး။

ဒီတော့ မိမိတို့ ပုံမှန်အတိုင်း သုံးပေမဲ့ မီတာခကိုက များနေတာလား တကယ် ပိုသုံးမိလို့ များလာတာလား စတာတွေကို သေချာ စစ်ဆေးကြည့်စေချင်ပါတယ်။

ဖြစ်နိုင်ခြေ (၃)

မီတာယူနစ်တွေကို သေချာမဖတ်လို့ မှားယွင်းနေခြင်း

အထက်က ဖြစ်စဉ်တွေ တစ်ခုမှ မဟုတ်ဘဲ တွက်ချက်နည်း မှန်ပါလျက် ပိုမသုံးပါဘဲလျက် မီတာခ များနေတာ ဆိုရင်တော့ မီတာပုံးမှာ လက်ရှိ ရောက်နေတဲ့ မီတာယူနစ်နဲ့ ဧပြီလမှာ လာတဲ့ မီတာခ တောင်းခံလွှာထဲက မတ်လ

ကုန်မှာ ရှိတဲ့ ယူနစ်နဲ့ ဧပြီလကုန်မှာ ရှိတဲ့ ယူနစ်တွေကို တိုက်ဆိုင်စစ်ဆေးဖို့ပဲ ကျန်ပါတော့တယ်။

ဒီလို လုပ်နိုင်ဖို့အတွက်…

အခုလက်ရှိအချိန်မှာ မီတာ မှားဖတ်တာဟာ အရင်တုန်းကလောက် မဖြစ်တော့ဘူး ဆိုပေမဲ့ ရှိနေနိုင်ပါသေးတဲ့အတွက် မီတာဖတ်တာကို မယုံကြည်တဲ့ အိမ်တိုင်းဟာ လစဉ် လဆန်းနဲ့ လကုန်ရက်တွေမှာ မီတာယူနစ်

ဘယ်လောက် တက်သွားပြီ ဆိုတာကို မိမိဘာသာ ဖတ်ထားပြီး Record ယူထားမယ် ဆိုရင် မှားနိုင်စရာ မရှိတော့ပါဘူး။

လူမှုမီဒီယာမှာ တက်တက်အော်တတ်ကြတာ သိလို့…

EPC အနေနဲ့ မီတာပုံးမှာ တကယ် ရှိနေတဲ့ ကိန်းဂဏန်း မဟုတ်ဘဲ မီတာစာရွက်မှာ အများကြီးပိုပြီး မဖော်ပြရဲသလို…

လစဉ်သုံးနေတဲ့ ယူနစ်တွေ အပေါ်မှာလည်း နှုန်းထားအမှားတွေနဲ့ ဥပမာ ၃၅ ကျပ်နဲ့ မဟုတ်ဘဲ ၁၂၀ နဲ့ တွက်ခြင်းမျိုးတွေကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်ရဲမယ့် ခေတ် မဟုတ်တော့ပါဘူး။

ဒါပေမဲ့ မှားဖတ်မိတာ၊ မှန်းဖတ်နေတာတွေကြောင့်တော့ မီတာခ ပိုများစရာ ရှိတာမို့ အဲဒီလို ဖြစ်လာရင် မိမိတို့ သုံးနေကျ ယူနစ်နဲ့ မီတာပုံးက ကိန်းဂဏန်းတွေကို မှတ်သား တိုက်ဆိုင် စစ်ဆေး တိုင်တန်းဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့ သိထားစေချင်တဲ့ သတိထားစရာလေးတွေလည်း ရှိပါသေးတယ်။

အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို သုံးနေကျအတိုင်း သုံးနေသော်လည်း ရာသီပေါ်လိုက်ပြီး မီတာယူနစ် ပိုတက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာ မိုးတွင်း ဆောင်းတွင်းမှာ တစ်နေ့ ၈ နာရီလောက် အဲကွန်း ဖွင့်တာနဲ့ နွေရာသီ

မှာ တစ်နေ့ ၈ နာရီ အဲကွန်း ဖွင့်တာဟာ မီတာစားတာခြင်း မတူပါဘူး။ ပူပြင်းတဲ့ နွေရာသီမှာ အဲကွန်းဟာ ပိုပြီး အလုပ်လုပ်ရလို့ ဖြစ်ပါတယ်။ ဒါကိုမှ နွေရာသီမို့ အဲကွန်းကို ပုံမှန်ထက် နာရီအနည်းငယ် ပိုဖွင့်မိတယ် ဆိုရင်တော့

ပိုဆိုးပါပြီ။

ဒါ့အပြင် မီတာခဟာ မီတာယူနစ် များရင် များလာသလို နှုန်းထားတွေက တက်သွားတာမို့ ကိုယ်က ပုံမှန် သုံးနေကျထက် မီတာယူနစ် နည်းနည်းလောက်ပဲ ပိုသုံးမိတယ် ဆိုပေမဲ့ အဲဒီ ပိုသုံးမိတဲ့ ယူနစ်တွေဟာ တစ်ယူနစ်ကို ၃၅

ကျပ်၊ ၅၀ ကျပ် စတဲ့ အခြေခံနှုန်းတွေထဲ ဝင်မှာ မဟုတ်တော့ဘဲ ၁၂၀ ကျပ်၊ ၁၂၅ ကျပ် စတဲ့ နှုန်းတွေထဲ ရောက်သွားမှာကိုလည်း မေ့မနေဖို့ လိုပါတယ်။

ဒီနှစ်ခုကို ဆက်စပ်ပြီး ဥပမာ ပေးရရင် ပုံမှန် ယူနစ် ၁၅၀ သုံးနေပြီး ၁၁၅၅၀ ကျပ် ပေးဆောင်နေကျ အိမ်ဟာ နွေရာသီမို့ ပူလွန်းလို့ အဲကွန်းက မီတာစားပြီး ယူနစ် ၅၀ လောက်လေး ပိုတက်သွားတာနဲ့ ၁၅၁ ကနေ ၂၀၀ ယူနစ်

အထိကို ၁၂၀ ကျပ် ဆိုတဲ့ သတ်မှတ်ချက်ထဲ ဝင်သွားပြီး ကျသင့်ငွေ ၆၀၀၀ ကျပ် ပိုများလာမှာ ဖြစ်လို့ မီတာခဟာ ၁၇၅၅၀ ကျပ် ဖြစ်သွားမှာပါ။

ဒါကို “ငါတို့ ပုံမှန်လောက်ပဲ သုံးနေတာကို ဘာလို့ မီတာခ ပိုကောက်တာလဲ” လို့ ထင်မြင်မိတတ်တာလည်း ရှိပါတယ်။

ဒီလောက်ဆိုရင် မီတာခ ကင်းလွတ်ခွင့်ပေးတာတောင် တကယ့်လက်တွေ့မှာ မီတာခ များနေတယ် ဆိုတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းအချို့ကို အတော်အတန် သဘောပေါက်ပြီး ကိုယ့်အိမ်ရဲ့ မီတာခအကြောင်းကို

ဆန်းစစ်နိုင်လောက်ပြီလို့ ထင်ပါတယ်။

Swe Yu

Credit : Swe Yu

Add a Comment

Your email address will not be published. Required fields are marked *