သဘာဝအတိုင်း ကျောက်ကပ်ဆေးနိုင်တဲ့ နံနံပင်ရဲ့ အစွမ်း
|ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ ကျင့်သုံးလာတဲ့ အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပြုံလာပါတယ်။ဒါကြောင့် ဒီခန္
ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့လိုအပ်လာပါတယ်။ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အဆိပ်အတောက်တွေများလာရင် ကျောက်ကပ်ပစ္စည်းတာတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။နံနံပင်ကျောက်ကပ်ကို နံနံပင် နဲ့ပြုလုပ် ထားတဲ့ သဘာဝဆေးနဲ့ ဆေးကြောမယ်နံနံပင်မှာ
ဗီတ ာမင် K, C ,A နဲ့ ဖောလစ် အက်ဆစ်၊ သံဓာတ် စတာတွေပါဝင်တာကြောင့် ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို အစွမ်းထက်ထက်နဲ့ ဖယ်ရှားပေးနိုင်ပါတယ်။အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ကျောက်တည်တာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
နံနံပင်က ဆီးရွှင်စေပြီး ဆီးသွားတဲ့ နှုန်းကို များအောင် လုပ်ပေးနိုင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ ။ကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ဆားတွေ အနယ်ထိုင်ပြီး ကျောက်မတည်အောင်လည်း ကူညီပေးပါတယ်။အဲ့ဒီအပြင်
စိတ်တည်ငြိမ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ကျောက်ကပ်အတွက် နံနံပင် ရေနွေးကြမ်းဒီနံနံပင် ရေနွေးကြမ်းအတွက် တတ်နိုင်ရင် နံနံပင် အရွက်အစိမ်းကို သုံးပါ။ မရှိမှသာ အခြောက်ခံထားတဲ့ နံနံ့ပင် ကိုသုံးပါ။
ပါဝင်ပစ္စည်းများ
နံနံပင် တစ်စည်း
ရေ ၈ ခွက်
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပုရာသီး တစ်ဝက်
ပြုလုပ်နည်း
နံနံပင်ကို စင်အောင် ဆေးကြောပြီး အပိုင်းကြီးကြီး လှီးပါ။ ဇလုံတစ်ခုထဲထည့်ပြီး ရေလောင်းချပါ။ မီးဖိုပေါ်တင်ကာ ၁၀ မိနစ်လောက်ဆူပွက်စေပါ။ အရည်ကိုဘဲယူထားပြီး အအေးခံလိုက်ပါ။ သံပုရာသီးနဲ့ ပျားရည်ကိုထည့်ပါ။ တစ်နေ့ကို ၁ ခွက် သို့မဟုတ် ၂ ခွက်
ာက်ပါ။ ကျန်ရှိနေတဲ့ အရည်တွေကို ရေခဲသေတ္တာထဲမှာ ၁ ပတ်လောက် သိမ်းထားနိုင်ပါတယ်။နံနံပင်မှာ ဘေးထွက်ဆိုးကျိုးမရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ဓမ္မတာလာပြီးကိုယ်ဝန်ပျက်ကျနိုင်တတ်တာကြောင့် မသောက်သုံးသင့်ပါဘူး။
သွေးတိုးကျတဲ့ ဆေးဝါးတွေ သောက်သုံးနေသူတွေကလည်း မသောက်သင့်ပါဘူး။
Credit: myfoodmyanmar
Zawgyi Version