အချောင်ရမလားလို့ Facebook Page ထောင်ပြီး ငွေလိမ်သူ ရဲက ခြေရာခံဖမ်း
|Facebook လူမှုကွန်ရက်စာမျက်နှာ၌ “ငွေအတုသည်”အကောင့်မှ “ငွေအတု ဝယ်လိုသောမိတ်ဆွေများ ဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉” ဟု ဖော်ပြထားသည်ကို တွေ့ရှိရ၍ မြန်မာနို င်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင်ယူ၍
အောက်တိုဘာ ၂၂ ရက်တွင် အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာ “ငွေအစစ်ကိုအတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါကဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့ Wave Money ဖြင့် ငွေလွှဲပို့ရန်”
ညှိနှိုင်းပြောကြားသဖြင့် အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ငွေကျပ် ၁ သိန်းဖိုးဝယ်ယူမည်ဖြစ်ကြောင်း ညှိနှိုင်းပြောဆို ငွေလွှဲပေးခဲ့ပြီး ငွေထုတ်ယူမှုအား စုံစမ်းစောင့်ကြည့်ခဲ့သည်။ စုံစမ်းချက်အရ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်
ရှိဖုန်းရောင်း/ဝယ်နှင့်Wave Money လုပ်ငန်းလုပ်ကိုင်သည့် “Sony” ဈေးဆိုင်သို့ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့်ဌေးမြင့်ဦး(ခ)ဖိုးနန်း (ဖ)ဦးအောင်အောင်နှင့် မင်းမင်း (ဖ)ဦးသန်းဝင်းတို့ ၂ ဦးမှ လာရောက်ထုတ်ယူသွားကြောင်း သိရှိရ၍
နေအိမ်များသို့ ဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၂ ဦးအား Wave Money လက်ခံထားသည့် Message များနှင့် “ငွေအတုသည်” Facebook အကောင့်အသုံးပြုသည့် ဖုန်းအမှတ် ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင်း
ကတ် ၄ ခုပါဖုန်း၃ လုံး၊ ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ တရားခံ ၂ ဦး၏ နေအိမ်များတွင် ငွေစက္ကူ အတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ ၎င်းတို့သည် “ငွေအတုသည်” အ
ကောင့်ဖြင့် Onlineမှ တစ်ဆင့် ငွေတုများရောင်းချသည်ဟုလိမ်လည်ပြောဆို၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထု အခက်အခဲအပေါ် အခွင့်ကောင်းယူကာ ပြည်သူများ၏ငွေကြေးကိုလိမ်လည်ရယူနေသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအတွင်း သတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများ ဖောင်းပွမှု မရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း စောင့်ကြည့်သတင်းရယူကြိုတင်ထိန်းချုပ် အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရဲဇာနည်
Zawgyi Version
Facebook လူမႈကြန္ရက္စာမ်က္ႏွာ၌ “ေငြအတုသည္”အေကာင့္မွ “ေငြအတု ဝယ္လိုေသာမိတ္ေဆြမ်ား ဆက္သြယ္ရန္ ဖုန္းအမွတ္ ၀၉၆၇၈၅၀၇၅၁၉” ဟု ေဖာ္ျပထားသည္ကို ေတြ႕ရွိရ၍ ျမန္မာႏို င္ငံရဲတပ္ဖြဲ႕၊ မႈခင္းရဲတပ္ဖြဲ႕မွ ဝယ္ယူသူတစ္ဦးအျဖစ္ အသြင္ယူ၍
ေအာက္တိုဘာ ၂၂ ရက္တြင္ အဆိုပါ ဖုန္းနံပါတ္သို႔ ဆက္သြယ္စုံစမ္းေမးျမန္းခဲ့ရာ “ေငြအစစ္ကိုအတု ၆ ဆ ႏႈန္းျဖင့္ လဲလွယ္ေပးေၾကာင္း၊လုံၿခဳံေရးႀကိဳး၊ ဗဟိုဘဏ္တံဆိပ္မ်ားပါရွိေၾကာင္း၊ မွာယူလိုပါကဖုန္းအမွတ္ ၆၇၈၅၀၇၅၁၉ သို႔ Wave Money ျဖင့္ ေငြလႊဲပို႔ရန္”
ညႇိႏႈိင္းေျပာၾကားသျဖင့္ ေအာက္တိုဘာ ၂၄ ရက္ေန႔ ေန႔လယ္ ၃ နာရီခန႔္တြင္ ေငြက်ပ္ ၁ သိန္းဖိုးဝယ္ယူမည္ျဖစ္ေၾကာင္း ညႇိႏႈိင္းေျပာဆို ေငြလႊဲေပးခဲ့ၿပီး ေငြထုတ္ယူမႈအား စုံစမ္းေစာင့္ၾကည့္ခဲ့သည္။ စုံစမ္းခ်က္အရ စလင္းၿမိဳ႕နယ္၊ ဆင္ျဖဴကြၽန္းၿမိဳ႕၊ သစၥာၿမိဳင္ရပ္ကြက္
ရွိဖုန္းေရာင္း/ဝယ္ႏွင့္Wave Money လုပ္ငန္းလုပ္ကိုင္သည့္ “Sony” ေဈးဆိုင္သို႔ စလင္းၿမိဳ႕နယ္၊ မက်ီးကုန္းေက်း႐ြာေနသူမ်ားျဖစ္သည့္ေဌးျမင့္ဦး(ခ)ဖိုးနန္း (ဖ)ဦးေအာင္ေအာင္ႏွင့္ မင္းမင္း (ဖ)ဦးသန္းဝင္းတို႔ ၂ ဦးမွ လာေရာက္ထုတ္ယူသြားေၾကာင္း သိရွိရ၍
ေနအိမ္မ်ားသို႔ ဝင္ေရာက္ရွာေဖြရာ ၎တို႔ ၂ ဦးအား Wave Money လက္ခံထားသည့္ Message မ်ားႏွင့္ “ေငြအတုသည္” Facebook အေကာင့္အသုံးျပဳသည့္ ဖုန္းအမွတ္ ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင္း
ကတ္ ၄ ခုပါဖုန္း၃ လုံး၊ ေငြ ၂၅၀၀၀ က်ပ္ႏွင့္ ဆိုင္ကယ္ ၁ စီးတို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။အဆိုပါ တရားခံ ၂ ဦး၏ ေနအိမ္မ်ားတြင္ ေငြစကၠဴ အတုမ်ားႏွင့္ ဆက္စပ္ပစၥည္းတစ္စုံတစ္ရာေတြ႕ရွိျခင္းမရွိဘဲ ၎တို႔သည္ “ေငြအတုသည္” အ
ေကာင့္ျဖင့္ Onlineမွ တစ္ဆင့္ ေငြတုမ်ားေရာင္းခ်သည္ဟုလိမ္လည္ေျပာဆို၍ ကိုဗစ္-၁၉ ကူးစက္ေရာဂါျဖစ္ပြားေနခ်ိန္ ျပည္သူလူထု အခက္အခဲအေပၚ အခြင့္ေကာင္းယူကာ ျပည္သူမ်ား၏ေငြေၾကးကိုလိမ္လည္ရယူေနသူမ်ားျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္
ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ခဲ့ၿပီး ျပည္သူလူထုအတြင္း သတိျပဳဆင္ျခင္ႏိုင္ေစရန္ႏွင့္ ေငြစကၠဴအတုမ်ား ေဖာင္းပြမႈ မရွိေစေရး၊ မလိုလားအပ္သည့္ ျပႆနာမ်ား မျဖစ္ေပၚေစေရး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကလည္း ေစာင့္ၾကည့္သတင္းရယူႀကိဳတင္ထိန္းခ်ဳပ္ အေရးယူ
ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
.
ရဲဇာနည္