ကိုဗစ် ဘယ်တော့ပြီးမလဲ.. ကာကွယ်ဆေး ဘယ်တော့ရမလဲ သိချင်သူတွေအတွက်

Sharing is caring!

ပြင်သစ် နဲ့ ဂျာမဏီတို့ကတော့ ကံဆိုးရင် ဒီဇင်ဘာလကုန်အထိ ကြာမယ့် တနိုင်ငံလုံး lockdown ကြေညာလိုက်ပါပြီ။ အမေရိကန်မှာ တနေ့ လူတသိန်းနီးပါး ရောဂါ ကူးစက်ခံနေရပါတယ်။ကိုဗစ်ဟာ အမေရိကန်သမ္မတ ထရန့်

ပြုတ်သွားစေပါလိမ့်မယ်။ကျွန်တော်တို့ ရေရှည်အတွက် ဒီထက်ပိုပြီး ခက်ခဲမယ့် အခြေအနေကို ကြိုပြီး ကိုဗစ်ကျန်းမာရေး အခြေခံအဆောက်အအုံတွေ ပြင်ဆင်ထားမှ ဒုတိယလှိုင်းတုန်းကလိုကပျာကယာဖြစ်ရတဲ့အခြေအနေကနေ ရှေ

ာင်လွှဲနိုင်ပါလိမ့်မယ်။ကူးစက်မှုဟာ ကမ္ဘာမှာ စက်ဝိုင်းလို လှည့်လည်နေပါတယ်။ ဝူဟန်မှာတုန်းက လူတထောင်ဝန်း ကျင်ကူးစက်ခံရတဲ့ အခြေအနေကနေlockdown နဲ့လွတ်မြောက်လာခဲ့ပါတယ်။ သူတို့ lockdown ကအတေ

ာ်ကြမ်းပါတယ်။ ဘယ်မှထွက်လို့မရအောင် မြို့ထဲကနေ မြို့ပြင်ထွက်တဲ့ အမြန်လမ်းကိုပါသုံးမရအောင် တူးပြီးဖျက်ဆီးပစ်လိုက်တာပါ။ 19 ရက်အတွင်း ပိုးကူးစက်မှု ၃၀၀၀ ကျော်ကနေ ၁၉ ယောက်ဖြစ်အောင် လျော့ချနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့က အဲ့လို မလုပ်နိုင်ပါဘူး။အရှိတရားကတော့ ကာကွယ်ဆေးဟာ ကျွန်တော်တို့လိုနိုင်ငံတွေကို နောက်ဆုံးမှ ရောက်မှာပါ။ တခြားနိုင်ငံတွေက ဘီလီယံနဲ့ချီငွေသုံးပြီး ကြိုဝယ်ထားကြပါတယ်၊ ဈေးကွက်စီးပွါးရေးအရ တော့

ကြိုဝယ်တဲ့နိုင်ငံတွေအရင်ရပါ့မယ်။ဘေလ်ဂိတ် နဲ့ အခြားလူမှုကူညီတဲ့ ပုဂ္ဂိုလ်တွေ တတိယနိုင်ငံတွေကို ကူညီပေးမှ ရောက်လာမှာပါ။ တကယ့်အဖြစ်မှန်ကိုကြည့်ရင် လူ ခုနှစ်ဘီလီယံ ကို သုံးလေးနှစ်အတွင်း ဆေးထိုးပေးဖို့ဆိုတာ

အတော်ခက်ခဲပါတယ်။ ဆေးပညာရှင်တွေ ဘယ်လိုသယ်ယူပို့ဆောင်ရမယ်ဆိုတဲ့ကိစ္စတွေစဉ်းစားရင် အိပ် လို့တောင်မပျော်ဘူးလို့ ဆိုကြပါတယ်။ဆေးရောက်လာတောင် အဆင့်ဆင့်ခွဲထိုးရပါလိမ့်မယ်။ ကျမ်းမာရေးဝန်ထမ်းတွေ၊

အသက်ကြီးရင့်သူတွေ၊ ရောဂါအခံရှိသူတွေ စသည်ဖြင့် အမျိုးအစားခွဲ ထိုးကြရမှာမို့ ဆေးအလုံအလောက် ရတောင် နှစ်၊ လ ချီ ကြာနိုင်ပါတယ်။ ကာကွယ်ဆေးကတော့ တလုံး လေးငါးထောင်ကျပ်နဲ့ ထိုးနိုင်အောင် ကြိုးစားနေကြပါ

တယ်။ကြားထဲမှာလည်း အဖိတ်အစင် ရှိဦးမှာပါပဲ။ တလ နှစ်လ နဲ့ ပြီးမယ်လို့ မျှော်ခဲ့ကြတယ်၊ မပြီးပါဘူး။ အတော့်ကို ရေရှည်သွားတော့မယ့် ခရီးတခုကို မြင်နေရပါတယ်။ ကျွန်တော်တို့ ကြိုပြင်ကြမှ အဆင်ပြေမှာပါ။

mask တပ်ကြပါ၊ ကာကွယ်ခြင်းသာ ထိရောက်နိုင်ပါတယ်။

Kyaw Swa Min

Zawgyi Version

ျပင္သစ္ နဲ႔ ဂ်ာမဏီတို႔ကေတာ့ ကံဆိုးရင္ ဒီဇင္ဘာလကုန္အထိ ၾကာမယ့္ တႏိုင္ငံလုံး lockdown ေၾကညာလိုက္ပါၿပီ။ အေမရိကန္မွာ တေန႔ လူတသိန္းနီးပါး ေရာဂါ ကူးစက္ခံေနရပါတယ္။ကိုဗစ္ဟာ အေမရိကန္သမၼတ ထရန႔္

ျပဳတ္သြားေစပါလိမ့္မယ္။ကြၽန္ေတာ္တို႔ ေရရွည္အတြက္ ဒီထက္ပိုၿပီး ခက္ခဲမယ့္ အေျခအေနကို ႀကိဳၿပီး ကိုဗစ္က်န္းမာေရး အေျခခံအေဆာက္အအုံေတြ ျပင္ဆင္ထားမွ ဒုတိယလႈိင္းတုန္းကလိုကပ်ာကယာျဖစ္ရတဲ့အေျခအေနကေန ေရွ

ာင္လႊဲႏိုင္ပါလိမ့္မယ္။ကူးစက္မႈဟာ ကမာၻမွာ စက္ဝိုင္းလို လွည့္လည္ေနပါတယ္။ ဝူဟန္မွာတုန္းက လူတေထာင္ဝန္း က်င္ကူးစက္ခံရတဲ့ အေျခအေနကေနlockdown နဲ႔လြတ္ေျမာက္လာခဲ့ပါတယ္။ သူတို႔ lockdown ကအေတ

ာ္ၾကမ္းပါတယ္။ ဘယ္မွထြက္လို႔မရေအာင္ ၿမိဳ႕ထဲကေန ၿမိဳ႕ျပင္ထြက္တဲ့ အျမန္လမ္းကိုပါသုံးမရေအာင္ တူးၿပီးဖ်က္ဆီးပစ္လိုက္တာပါ။ 19 ရက္အတြင္း ပိုးကူးစက္မႈ ၃၀၀၀ ေက်ာ္ကေန ၁၉ ေယာက္ျဖစ္ေအာင္ ေလ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔က အဲ့လို မလုပ္ႏိုင္ပါဘူး။အရွိတရားကေတာ့ ကာကြယ္ေဆးဟာ ကြၽန္ေတာ္တို႔လိုႏိုင္ငံေတြကို ေနာက္ဆုံးမွ ေရာက္မွာပါ။ တျခားႏိုင္ငံေတြက ဘီလီယံနဲ႔ခ်ီေငြသုံးၿပီး ႀကိဳဝယ္ထားၾကပါတယ္၊ ေဈးကြက္စီးပြါးေရးအရ ေတာ့

ႀကိဳဝယ္တဲ့ႏိုင္ငံေတြအရင္ရပါ့မယ္။ေဘလ္ဂိတ္ နဲ႔ အျခားလူမႈကူညီတဲ့ ပုဂၢိဳလ္ေတြ တတိယႏိုင္ငံေတြကို ကူညီေပးမွ ေရာက္လာမွာပါ။ တကယ့္အျဖစ္မွန္ကိုၾကည့္ရင္ လူ ခုႏွစ္ဘီလီယံ ကို သုံးေလးႏွစ္အတြင္း ေဆးထိုးေပးဖို႔ဆိုတာ

အေတာ္ခက္ခဲပါတယ္။ ေဆးပညာရွင္ေတြ ဘယ္လိုသယ္ယူပို႔ေဆာင္ရမယ္ဆိုတဲ့ကိစၥေတြစဥ္းစားရင္ အိပ္ လို႔ေတာင္မေပ်ာ္ဘူးလို႔ ဆိုၾကပါတယ္။ေဆးေရာက္လာေတာင္ အဆင့္ဆင့္ခြဲထိုးရပါလိမ့္မယ္။ က်မ္းမာေရးဝန္ထမ္းေတြ၊

အသက္ႀကီးရင့္သူေတြ၊ ေရာဂါအခံရွိသူေတြ စသည္ျဖင့္ အမ်ိဳးအစားခြဲ ထိုးၾကရမွာမို႔ ေဆးအလုံအေလာက္ ရေတာင္ ႏွစ္၊ လ ခ်ီ ၾကာႏိုင္ပါတယ္။ ကာကြယ္ေဆးကေတာ့ တလုံး ေလးငါးေထာင္က်ပ္နဲ႔ ထိုးႏိုင္ေအာင္ ႀကိဳးစားေနၾကပါ

တယ္။ၾကားထဲမွာလည္း အဖိတ္အစင္ ရွိဦးမွာပါပဲ။ တလ ႏွစ္လ နဲ႔ ၿပီးမယ္လို႔ ေမွ်ာ္ခဲ့ၾကတယ္၊ မၿပီးပါဘူး။ အေတာ့္ကို ေရရွည္သြားေတာ့မယ့္ ခရီးတခုကို ျမင္ေနရပါတယ္။ ကြၽန္ေတာ္တို႔ ႀကိဳျပင္ၾကမွ အဆင္ေျပမွာပါ။

mask တပ္ၾကပါ၊ ကာကြယ္ျခင္းသာ ထိေရာက္ႏိုင္ပါတယ္။

Kyaw Swa Min

Add a Comment

Your email address will not be published. Required fields are marked *