လေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်း ဖြစ်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်
|တောင်တရုတ်ပင်လယ် ပြင်မှ မုန်တိုင်းများ၏ အရှိန် ကြောင့် မြန်မာနိုင်ငံဒေသအများစု အချိန်အခါ မဟုတ် မိုးရွာနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာ နိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒ
ညွှန်ကြားမှုဌာနက သတင်း ထုတ်ပြန်ထားသည်။တောင်တရုတ်ပင်လယ်မှ ‘မိုလေ့’ (MOLAVE)အမည်ရ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုတွင် အောက်တိုဘာ ၂၇ ရက်ကစ၍ မိုးကောင်း ခဲ့သည်။ယခုအခါ
‘မိုလေ့’ မုန် တိုင်း အားလျော့သွားသော်လည်း တောင်တရုတ်ပင်လယ်တွင် နောက်ထပ် မုန်တိုင်းတစ်လုံး ဖြစ် ပေါ်နေသည်။ထိုအခြေအနေတွင် ဘင်္ဂ လား ပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် နောက် ၄၈
နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဌာနက အောက်တိုဘာ ၃၀ ရက် နေ့လယ်တွင် ထုတ်ပြန်ထားသည်။
Zawgyi Version
ေတာင္တ႐ုတ္ပင္လယ္ ျပင္မွ မုန္တိုင္းမ်ား၏ အရွိန္ ေၾကာင့္ ျမန္မာႏိုင္ငံေဒသအမ်ားစု အခ်ိန္အခါ မဟုတ္ မိုး႐ြာေနစဥ္ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္လာ ႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလ ေဗဒ
ၫႊန္ၾကားမႈဌာနက သတင္း ထုတ္ျပန္ထားသည္။ေတာင္တ႐ုတ္ပင္လယ္မွ ‘မိုေလ့’ (MOLAVE)အမည္ရ တိုင္ဖြန္းမုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ ေဒသအမ်ားစုတြင္ ေအာက္တိုဘာ ၂၇ ရက္ကစ၍ မိုးေကာင္း ခဲ့သည္။ယခုအခါ
‘မိုေလ့’ မုန္ တိုင္း အားေလ်ာ့သြားေသာ္လည္း ေတာင္တ႐ုတ္ပင္လယ္တြင္ ေနာက္ထပ္ မုန္တိုင္းတစ္လုံး ျဖစ္ ေပၚေနသည္။ထိုအေျခအေနတြင္ ဘဂၤ လား ပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းတြင္ ေနာက္ ၄၈
နာရီ အတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚႏိုင္သည္ဟု မိုးေလဝသႏွင့္ ဇလ ေဗဒၫႊန္ၾကားမႈဌာနက ေအာက္တိုဘာ ၃၀ ရက္ ေန႔လယ္တြင္ ထုတ္ျပန္ထားသည္။