အသက်ငင်နေတဲ့ တောင်ကြီးမြို့က နာရီစင်
|နာရီစင် (လောကဓံ)
ကိုယ်တွင်းကလီစာတွေ မရှိတော့တောင်မှ
ဗိုက်ဟောင်းလောင်းနဲ့ သူက ရှင်သန်ချင်နေတုန်း
ကင်ဆာရောဂါသည်တစ်ယောက်လို
ခန္ဓာကိုယ်က မွဲခြောက်ခြောက်
အသားအရေကလည်း
နုပျိုစဉ်တုန်းကလို မစိုပြေတော့
နန်းကျဘုရင်တစ်ပါးလို
ဘယ်သူမှလည်း အရိုအသေ မပေးချင်တော့
အညှီအဟောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေက
သူ့အနားမှာ တောင်ပုံယာပုံ
ခေတ်ကောင်းစဉ်က သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်တဲ့
ခွေးတွေတောင်မှ သူ့အရိပ်ကို မခိုလှုံချင်တော့
အရင်လှပတဲ့အရွယ်တုန်းက
သူ့အနားကို ကပ်ခွင့်မရှိခဲ့တဲ့ ပျံကျဈေးသည်တွေက
အညှိုးအတေးတွေနဲ့ တံတွေးတွေ ထွေးလို ထွေး
အဆိပ့်အတောက်လေကို နေ့စဉ်ရှုသွင်းရလို့ကျားကန်ထားရတဲ့ ယိုင်နဲ့နဲ့ ကိုယ်ထည်နဲ့
`ဘုရားစူး မိုးကြိုးပစ် နာရီစင်´ ပါလို့
တိုင်တည်ချင်ပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါတော့
တုန်ရီနေတဲ့ နှုတ်ခမ်းဖျားနဲ့
ငါက••••ငါက••
ဟောဒီ တောင်ပေါ်မြို့လေးရဲ့
`လက်ညိုှးညွှန်ရာ •••နာရီစင် ဖြစ်ခဲ့တဲ့ ကောင်ကွ´
`လက်ညိုှးညွှန်ရာ ••နာရီစင် ဖြစ်ခဲ့တဲ့ ကောင်ကွ´
`လက် •ညိုှး • ညွှန် •ရာ•နာ•ရီ•စင်•ဖြစ်•တဲ့••••••••´
နောက်ဆုံးထွက်သက်ကို စောင့်စားရင်း
အသံကုန် အော်ဟစ်လိုက်တယ်
ဘဝတူအရူးတစ်ယောက်က သူ့ကျောကိုသပ်
ရင်ဘတ်ချင်းအပ်ပြီး မျက်ရည်များနဲ့ နှစ်သိပ်ပေးရှာတယ်
သူ••ငိုနေပါပြီး
သူ••ငိုနေပါပြီး
ကူကယ်ရာမဲ့ ဟောဒီ တောင်ပေါ်မြို့ကြီးရဲ့
နာရီစင်က ရှိုက်ကြီးတငင် ငိုကြွေးနေပါပြီး။
(ဆောင်းရာသီဝင်လာတော့ တောင်ကြီးသားတွေအနေနဲ့ နာရီစင် ကြီးကို အနွေးထည်အသစ်လေး
တစ်ထည်တော့ ခြုံပေးသင့်တယ် ထင်တယ်
သူ •••သူ••အေးနေမှာ စိုးလို့ပါ)
ချစ် ခြင်း အား ဖြင့်
ေ အ း သို က် (ဧဒင်)
Zawgyi Version
နာရီစင္ (ေလာကဓံ)
ကိုယ္တြင္းကလီစာေတြ မရွိေတာ့ေတာင္မွ
ဗိုက္ေဟာင္းေလာင္းနဲ႔ သူက ရွင္သန္ခ်င္ေနတုန္း
ကင္ဆာေရာဂါသည္တစ္ေယာက္လို
ခႏၶာကိုယ္က မြဲေျခာက္ေျခာက္
အသားအေရကလည္း
ႏုပ်ိဳစဥ္တုန္းကလို မစိုေျပေတာ့
နန္းက်ဘုရင္တစ္ပါးလို
ဘယ္သူမွလည္း အ႐ိုအေသ မေပးခ်င္ေတာ့
အညႇီအေဟာက္ေတြနဲ႔ စြန႔္ပစ္ပစၥည္းေတြက
သူ႔အနားမွာ ေတာင္ပုံယာပုံ
ေခတ္ေကာင္းစဥ္က သူ႔မ်က္ႏွာကို တစိမ့္စိမ့္ၾကည့္တဲ့
ေခြးေတြေတာင္မွ သူ႔အရိပ္ကို မခိုလႈံခ်င္ေတာ့
အရင္လွပတဲ့အ႐ြယ္တုန္းက
သူ႔အနားကို ကပ္ခြင့္မရွိခဲ့တဲ့ ပ်ံက်ေဈးသည္ေတြက
အညႇိဳးအေတးေတြနဲ႔ တံေတြးေတြ ေထြးလို ေထြး
အဆိပ့္အေတာက္ေလကို ေန႔စဥ္ရႈသြင္းရလို႔က်ားကန္ထားရတဲ့ ယိုင္နဲ႔နဲ႔ ကိုယ္ထည္နဲ႔
`ဘုရားစူး မိုးႀကိဳးပစ္ နာရီစင္´ ပါလို႔
တိုင္တည္ခ်င္ေပမယ့္လည္း စိတ္သြားတိုင္း ကိုယ္မပါေတာ့
တုန္ရီေနတဲ့ ႏႈတ္ခမ္းဖ်ားနဲ႔
ငါက••••ငါက••
ေဟာဒီ ေတာင္ေပၚၿမိဳ႕ေလးရဲ႕
`လက္ညိဳွးၫႊန္ရာ •••နာရီစင္ ျဖစ္ခဲ့တဲ့ ေကာင္ကြ´
`လက္ညိဳွးၫႊန္ရာ ••နာရီစင္ ျဖစ္ခဲ့တဲ့ ေကာင္ကြ´
`လက္ •ညိဳွး • ၫႊန္ •ရာ•နာ•ရီ•စင္•ျဖစ္•တဲ့••••••••´
ေနာက္ဆုံးထြက္သက္ကို ေစာင့္စားရင္း
အသံကုန္ ေအာ္ဟစ္လိုက္တယ္
ဘဝတူအ႐ူးတစ္ေယာက္က သူ႔ေက်ာကိုသပ္
ရင္ဘတ္ခ်င္းအပ္ၿပီး မ်က္ရည္မ်ားနဲ႔ ႏွစ္သိပ္ေပးရွာတယ္
သူ••ငိုေနပါၿပီး
သူ••ငိုေနပါၿပီး
ကူကယ္ရာမဲ့ ေဟာဒီ ေတာင္ေပၚၿမိဳ႕ႀကီးရဲ႕
နာရီစင္က ရႈိက္ႀကီးတငင္ ငိုေႂကြးေနပါၿပီး။
(ေဆာင္းရာသီဝင္လာေတာ့ ေတာင္ႀကီးသားေတြအေနနဲ႔ နာရီစင္ ႀကီးကို အေႏြးထည္အသစ္ေလး
တစ္ထည္ေတာ့ ၿခဳံေပးသင့္တယ္ ထင္တယ္
သူ •••သူ••ေအးေနမွာ စိုးလို႔ပါ)
ခ်စ္ ျခင္း အား ျဖင့္
ေ အ း သို က္ (ဧဒင္)