မုန်တိုင်း ဝင်ရောက်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်ထား
Sharing is caring!
မိုးလေဝသနှဗှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ပိုမိုအားကောင်းလာကာ
နောက်(၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဆင့်သို့ လည်းကောင်း၊
(၁၆.၅.၂၀၂၀)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်ပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊
(၁၇.၅.၂၀၂၀) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။”
မိုးလေဝသနှဗှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *