ကိုဗစ်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပင် Q ဝင်သွားရပါပြီ

Sharing is caring!

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲဟာ ကိုဗစ် ကူးစက်ခံရသူတစ်ဦးနဲ့ ထိတွေ့မိပြီးနောက် ကွာရန်တင်းဝင်နေရတယ်လို့ နိုဝင်ဘာ ၁ ရက်မှာပြောခဲ့ပေမယ့် သူ့မှာ ကိုဗစ် ရောဂါလက္ခဏာပြသခြင်း မရှိဘူးလို့ ပြောပါတယ်။မိမိဟာ ကို

ဗစ် ရောဂါကူးစက်ခံရသူတစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့က တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာ အခြေအနေကောင်းမွန်နေပြီး ရောဂါလက္ခဏာလည်း မပြသကြောင်း၊ ဒါပေမယ့် ရက်အတန်ကြာ ကွာရန်တင်းဝင်နေရမှာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ် မှတ်ချက်တွေနဲ့အညီ နေအိမ်ကနေ အလုပ်လုပ်ကိုင်သွားမယ်လို့ သူကပြောပါတယ်။တက်ဒရို့ဟာ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ခဲ့ပြီးကတည်းက ကမ္ဘာတစ်ဝန်းရှိ လူ ၄၆ သန်းကျော်ကို ကူးစက်ခဲ့ကာ ၁ ဒသမ ၂ သန်းနီးပါး သေဆုံးခဲ့ပါတယ်။

ဥရောပဒေသမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းဟာ ပြန်လည်မြှင့်တက်နေပြီး ၅ ပတ်အတွင်း နှစ်ဆတိုးခဲ့ကာ နိုဝင်ဘာ ၁ ရက်မှာတော့ ၁၀ သန်းထိရှိလာကြောင်း ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Zawgyi Version

ကမာၻ႔က်န္းမာေရးအဖြဲ႕အႀကီးအကဲဟာ ကိုဗစ္ ကူးစက္ခံရသူတစ္ဦးနဲ႔ ထိေတြ႕မိၿပီးေနာက္ ကြာရန္တင္းဝင္ေနရတယ္လို႔ ႏိုဝင္ဘာ ၁ ရက္မွာေျပာခဲ့ေပမယ့္ သူ႔မွာ ကိုဗစ္ ေရာဂါလကၡဏာျပသျခင္း မရွိဘူးလို႔ ေျပာပါတယ္။မိမိဟာ ကို

ဗစ္ ေရာဂါကူးစက္ခံရသူတစ္ဦးနဲ႔ ထိေတြ႕ဆက္ဆံခဲ့တယ္လို႔ သတ္မွတ္ခံခဲ့ရေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲ တက္ဒ႐ို႕က တြစ္တာမွာ ေရးသားေဖာ္ျပထားပါတယ္။

လက္ရွိမွာ အေျခအေနေကာင္းမြန္ေနၿပီး ေရာဂါလကၡဏာလည္း မျပသေၾကာင္း၊ ဒါေပမယ့္ ရက္အတန္ၾကာ ကြာရန္တင္းဝင္ေနရမွာျဖစ္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ သတ္ မွတ္ခ်က္ေတြနဲ႔အညီ ေနအိမ္ကေန အလုပ္လုပ္ကိုင္သြားမယ္လို႔ သူကေျပာပါတယ္။တက္ဒ႐ို႕ဟာ ကမာၻ႔ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ပတ္သက္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြမွာ ေရွ႕တန္းကေန ပါဝင္လုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

ကပ္ေရာဂါဟာ တ႐ုတ္ႏိုင္ငံမွာ လြန္ခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းက စတင္ခဲ့ၿပီးကတည္းက ကမာၻတစ္ဝန္းရွိ လူ ၄၆ သန္းေက်ာ္ကို ကူးစက္ခဲ့ကာ ၁ ဒသမ ၂ သန္းနီးပါး ေသဆုံးခဲ့ပါတယ္။

ဥေရာပေဒသမွာ ကိုဗစ္ေရာဂါ ကူးစက္မႈႏႈန္းဟာ ျပန္လည္ျမႇင့္တက္ေနၿပီး ၅ ပတ္အတြင္း ႏွစ္ဆတိုးခဲ့ကာ ႏိုဝင္ဘာ ၁ ရက္မွာေတာ့ ၁၀ သန္းထိရွိလာေၾကာင္း ႐ိုက္တာသတင္းဌာနရဲ႕ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *