လုပ်သက် ၁၀ နှစ်အထက် ဆရာမများအတွက် ဝမ်းသာစရာ သတင်းကောင်း

Sharing is caring!

ဖွဲ့စည်းပုံ အသစ်အရ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်ကြီးတွေ နိုဝင်ဘာ၁ရက်မှစတင်ကာ အထက်တန်းပြလစာတိုးပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။လစာတိုး၊ရာထူးတိုးသတင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၃ရက်ဆက်သွယ်မေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Myanmar Harp media သို့အတည်ပြုပြောသည်။

“လုပ်သက် ၁၀နှစ်နဲ့အထက်ပေါ့။ သူကဖွဲ့စည်းပုံအသစ်အရ သူကSATလစာရသွားမယ်။နိုဝင်ဘာ ၁ရက်နေ့ကစပြီး စတင်ခံစားရတာဆိုတော့ နိုဝင်ဘာလကုန် လစာတိုးရတာပေါ့။ ကျန်တဲ့ မူလတန်းကျောင်းအုပ်တွေလည်းနောက်ပိုင်းဖြည်းဖြည်းချင်းမူအုပ်အားလုံးကိုပေးဖို့ရှိတယ်။အသုတ်လိုက်၊အသုတ်လိုက်ပေးရမှာ။ မူအုပ်တွေရဲ့ လစာစကေးသည်အလယ်တန်းပြရဲ့ လစာစကေးနဲ့အတူတူပဲ။ အခုက မူအုပ်တွေက အထက်တန်းပြရဲ့ လစာစကေးနဲ့တူအောင်လုပ်ပေးရတဲ့သဘောပဲ။မူလတန်းဆိုလည်းမူလတန်းအတွင်းမှာရာထူးတိုးတဲ့

အဆင့်ဖြစ်မယ်။အလယ်တန်းဆိုလည်း အလယ်တန်းအတွင်းမှာ ရာထူးတိုးတဲ့အဆင့်ဖြစ်မယ်ပေါ့။ မူလတန်းပြ အခုခန့်တဲ့ကလေးတွေတော့ တိုးမှာမဟုတ်သေးဘူး။နောက်မကြာခင်မှာ ဖွဲ့စည်းပုံအသစ်အရ မူလတန်းပြနုတဲ့ကလေးတွေက လက်ထောက် မူလတန်းပြရာထူးနဲ့သွားမယ်။ပြီးရင်ဒုတိယမူလတန်းပြဆိုတာ အရင်ကအလယ်တန်းပြရာထူးလစာနဲ့တူသွားမယ်။ပြီးရင် မူလတန်းလို့ခေါ်ပြီဆိုရင် SATနဲ့အတူတူပဲလခကဖြစ်သွားမယ်။မူလတန်းထဲမှာတင် အဆင့်မြင့်ပေးတာပေါ့။အလယ်တန်းပြလည်းအဲဒီလိုသွားမယ်”ဟု ၎င်းက

ပြောသည်။လက်ရှိတွင် အခြေခံပညာကျောင်းပေါင်းငါးသောင်းကျော် ဆရာဆရာမအင်အားသိန်းနှင့်ချီရှိကြောင်းသိရသည်။ပညာရေးဝန်ကြီးဌာန၏ စက်တင်ဘာလအတွင်းသတင်းထုတ်ပြန်ချက်အရ ၂၀၁၅-၁၆ဘဏ္ဍနှစ်မှ၂၀၁၉-၂၀အထိ ပညာရေးအသုံးစရိတ်၉ဆအထိတိုးတက်လာခဲ့သည်။၂၀၁၆ခုနှစ်မှ၂၀၂၁အထိ ပညာရေးအသုံးစရိတ်၁၂၂၃၉ဘီလီယံကျပ်သုံးစွဲခဲ့ပြီးတိုးတက်မှုရာခိုင်နှုန်း၁၄၂ရာခိုင်နှုန်းထိ ပညာရေးကဏ္ဍအနေဖြင့်တိုးတက်ခဲ့ကြောင်းသိရသည်။

Crd မင်းသီဟန်/ Myanmar Harp

Zawgyi Version

ဖြဲ႕စည္းပုံ အသစ္အရ လုပ္သက္ရင့္ မူလတန္းေက်ာင္းအုပ္ႀကီးေတြ ႏိုဝင္ဘာ၁ရက္မွစတင္ကာ အထက္တန္းျပလစာတိုးၿပီျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ သိရသည္။လစာတိုး၊ရာထူးတိုးသတင္းႏွင့္ပတ္သက္၍ ႏိုဝင္ဘာ ၃ရက္ဆက္သြယ္ေမးျမန္းရာတြင္ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက Myanmar Harp media သို႔အတည္ျပဳေျပာသည္။

“လုပ္သက္ ၁၀ႏွစ္နဲ႔အထက္ေပါ့။ သူကဖြဲ႕စည္းပုံအသစ္အရ သူကSATလစာရသြားမယ္။ႏိုဝင္ဘာ ၁ရက္ေန႔ကစၿပီး စတင္ခံစားရတာဆိုေတာ့ ႏိုဝင္ဘာလကုန္ လစာတိုးရတာေပါ့။ က်န္တဲ့ မူလတန္းေက်ာင္းအုပ္ေတြလည္းေနာက္ပိုင္းျဖည္းျဖည္းခ်င္းမူအုပ္အားလုံးကိုေပးဖို႔ရွိတယ္။အသုတ္လိုက္၊အသုတ္လိုက္ေပးရမွာ။ မူအုပ္ေတြရဲ႕ လစာစေကးသည္အလယ္တန္းျပရဲ႕ လစာစေကးနဲ႔အတူတူပဲ။ အခုက မူအုပ္ေတြက အထက္တန္းျပရဲ႕ လစာစေကးနဲ႔တူေအာင္လုပ္ေပးရတဲ့သေဘာပဲ။မူလတန္းဆိုလည္းမူလတန္းအတြင္းမွာရာထူးတိုးတဲ့

အဆင့္ျဖစ္မယ္။အလယ္တန္းဆိုလည္း အလယ္တန္းအတြင္းမွာ ရာထူးတိုးတဲ့အဆင့္ျဖစ္မယ္ေပါ့။ မူလတန္းျပ အခုခန႔္တဲ့ကေလးေတြေတာ့ တိုးမွာမဟုတ္ေသးဘူး။ေနာက္မၾကာခင္မွာ ဖြဲ႕စည္းပုံအသစ္အရ မူလတန္းျပႏုတဲ့ကေလးေတြက လက္ေထာက္ မူလတန္းျပရာထူးနဲ႔သြားမယ္။ၿပီးရင္ဒုတိယမူလတန္းျပဆိုတာ အရင္ကအလယ္တန္းျပရာထူးလစာနဲ႔တူသြားမယ္။ၿပီးရင္ မူလတန္းလို႔ေခၚၿပီဆိုရင္ SATနဲ႔အတူတူပဲလခကျဖစ္သြားမယ္။မူလတန္းထဲမွာတင္ အဆင့္ျမင့္ေပးတာေပါ့။အလယ္တန္းျပလည္းအဲဒီလိုသြားမယ္”ဟု ၎က

ေျပာသည္။လက္ရွိတြင္ အေျခခံပညာေက်ာင္းေပါင္းငါးေသာင္းေက်ာ္ ဆရာဆရာမအင္အားသိန္းႏွင့္ခ်ီရွိေၾကာင္းသိရသည္။ပညာေရးဝန္ႀကီးဌာန၏ စက္တင္ဘာလအတြင္းသတင္းထုတ္ျပန္ခ်က္အရ ၂၀၁၅-၁၆ဘ႑ႏွစ္မွ၂၀၁၉-၂၀အထိ ပညာေရးအသုံးစရိတ္၉ဆအထိတိုးတက္လာခဲ့သည္။၂၀၁၆ခုႏွစ္မွ၂၀၂၁အထိ ပညာေရးအသုံးစရိတ္၁၂၂၃၉ဘီလီယံက်ပ္သုံးစြဲခဲ့ၿပီးတိုးတက္မႈရာခိုင္ႏႈန္း၁၄၂ရာခိုင္ႏႈန္းထိ ပညာေရးက႑အေနျဖင့္တိုးတက္ခဲ့ေၾကာင္းသိရသည္။

Crd မင္းသီဟန္/ Myanmar Harp

Add a Comment

Your email address will not be published. Required fields are marked *