ခရီးသွားသူတိုင်း သိသင့်သည့် အမြန်လမ်းက မြေကျွံနေတဲ့ နေရာကြီး
Sharing is caring!
နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးမိုင်တိုင် ၃၁၀/၀ ဖာလုံနှင့် ၃၁၀/၁ ဖာလုံကြားတွင် လမ်းမကြီးမြေကျွံနေသဖြင့် ညပိုင်းခရီးသွားမောင်းနှင်ကြသော ယာဉ်ကြီးယာဉ်ငယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ မေ ာင်း
နှင်နိုင်ရေးအတွက် အဆိုပါလမ်းပိုင်းတွင် အမြန်လမ်းမကြီး (ပြင်/ထိန်း) မှ ယာယီရှောင်လမ်း ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။အဆိုပါနေရာ မရောက်မီ ယာဉ်များအား အရှိန်‌ထိန်းမောင်းနှင်ကြပါရန် အမြန်လမ်းမီးသတ်တပ်ဖွဲ့
ကွပ်ကဲမှုရုံးမှ ထုတ်ပြန်ထားပါတယ်။၆-၁၁-၂၀၂၀ ရက်နေ့မှာ နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၃၁၀/၀ နှင့် ၃၁၀/၁) ဖာလုံကြားတွင် မြေကျွံမှု ဖြစ်ပွားနေတယ်လို့ တာဝန်သိ ပြည်သူတဦးက လိုင်းပေါ်ကို
ချက်ချင်း တင်ခဲ့ပါတယ်။ လိုင်းပေါ်က တာဝန်သိ ပြည်သူများကလည်း မျှဝေပေးတာကြောင့် တာဝန်ရှိသူတွေ နား ပေါက်ကြားသွားခဲ့ပါတယ်။တာဝန်ရှိသူတွေကလည်း ဖျတ်ကနဲ ပေါ်ရင် ဆတ်ကနဲ လုပ်ဆိုတဲ့ စကားအတိုင်း လမ်း
ပြုပြင် ထိန်းသိမ်းမှုတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်လျက် ရှိကြပါတယ်။ တာဝန်သိ ပြည်သူတွေနဲ့ တာဝန်ရှိသူတွေ အချိတ်အဆက် မိမိ ဆောင်ရွက်နိုင်လာတာဟာ တိုးတက်လာတဲ့ လက္ခဏာတခု အဖြစ် အသိအမှတ် ပြုရ
မှာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လူ့အသက်တွေကို ဒုက္ခပေးနိုင်တဲ့ ကိစ္စတခုကို လွယ်ကူချောမွေ့စွာနဲ့ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။အမြန်လမ်း အသုံးပြုသူအားလုံး ဘေးရန်ကင်းကွာကြပါစေ။
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *