မဲပေးရမည့်သူတိုင်း မဖြစ်မနေ သိသင့်တဲ့ အချက်များ
|(၁) မှတ်ပုံတင်ကဒ်ပြား ယူသွားဖို့မမေ့ပါနဲ့။(၂) Surgical Mask နဲ့ Faceshield တပ်ပါ။ ဖြစ်နိုင်ရင် Surgical Cap တွေတပ်သွားပါ။ ရန်ကုန်လိုနေရာဆိုရင် Surgical Mask ကို နှစ်ထပ်တပ်ပါ။ ဖုန်းကို ကားပေါ် (သို့) ဆိုင်ကယ်ထဲထားခဲ့ပါ။
(၃) လက်အိတ်စွပ်ပါ။ လက်အိတ်အပိုယူသွားပါ။ မှင်တို့ရင်လက်အိတ်ချွတ်စရာမလိုအောင် လက်သန်းနေရာကိုဖောက်ထားပါ။(၄) ဘယ်လိုအကြောင်းနဲ့မှ လူကြားထဲမှာ Mask မချွတ်ပါနဲ့။
(၅) မိမိကိုယ်ပိုင်Hand Gelလေးတွေယူသွားပါ။ မဲရုံတွင်းက မဲပေးမယ့်လက်မှတ်တွေ ကိုင်တဲ့အခါ မိမိလက်က Hand Gel မခြောက်ခင် မကိုင်ပါနဲ့။ ဆေးသားတွေပျက်တတ်ပါတယ်။
(၆) ချည်သားအဝတ်အထည်ကိုဝတ်သွားပါ။ ခေါင်းကနေချွတ်စရာမလိုအောင် ကြယ်သီးပါတဲ့ အင်္ကျီလက်ရှည်ဝတ်ပါ။
(၇) နာရီ၊ လက်ကောက်၊ လက်စွပ်နဲ့ အခြားဖန်စီများ ဝတ်မသွားပါနဲ့။(၈) တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ(၆)ပေ အကွာမှာသာ နေပါ။ မဲရုံအပြင်မှာလည်း အချင်းချင်း ခပ်ခွာခွာနေပါ။
(၉) မဲလက်မှတ်ကိုသေချာစစ်ပါ။ UEC တံဆပ်တုံးကို သေချာစစ်ပါ။(၁၀) မိမိပေးရမယ့် ပါတီ၊ကိုယ်စားလှယ် သေချာအောင် စစ်ပါ။ သတ်မှတ်ချက်များအတိုင်း မဲလက်မှတ်ပေါ်သေချာစွာရိုက်နှိပ်ပါ။
(၁၁) မဲရုံအပြင်ဖက်ကိုရောက်ရင် လက်ဆေးပါ၊ လက်အိပ်အသစ်လဲပါ၊ လက်အိတ်အသစ်စွပ်ပြီးရင် လက်ကို တစ်ခါထပ်ဆေးပြီးမှ Mask ကိုအသစ်လဲပါ။
(၁၂) မဲပေးပြီးတာနဲ့ အိမ်ကိုမြန်မြန်ပြန်ပါ။(၁၃) အိမ်ရောက်ရင် အိမ်မှာရှိနေတဲ့ မိသားစု အနားကို အရင်မကပ်ဘဲ လက်အိတ်ချွတ်ပါ၊ ပြီးရင် Mask ကိုသေချာချွတ်ပြီး အမှိုက်ပုံးထဲထည့်ပါ။ အဝတ်ကိုလဲပါ။ အဝတ်တွေကိုဆပ်ပြာရည်တခါထဲ ထည့်စိမ်ပါ။ ဖြစ်နိုင်ရင်
ခေါင်းလျှော်၊ ရေချိုးပါ။(၁၄) မဲရုံက အိမ်သာတွေကို မသုံးပါနဲ့။(၁၅) ဗိုက်ပြည့်အောင်စားသွားပါ။(၁၆) နေပူထဲစောင့်ရမယ့်နေရာမျိုးဆိုရင် ထီး၊ ဦးထုပ် ယူသွားပါ။
#ဖိုးထောင်
Zawgyi Version
#ဖိုးထောင်.