ရပ်ကွက်ထဲက အကြောင်းကို ခီမောင်နှံတို့ သိစေချင်လို့ ရေးတဲ့ စာပါ

Sharing is caring!

မြန်မာလူမျိုးတို့ရဲ့ နဂိုအရင်းခံ ကူညီတတ်တဲ့ ပရဟိတ အဖွဲ့တွေရဲ့ စေတနာကို အမြတ်ထုတ်နေတဲ အောက်တန်းစားတချို့ အကြောင်း” ( မြန်မာလူမျိုးလို့ပြောရမှာတောင် ရွံ့တယ် )

ခုလေးတင်ပဲ အိမ်ရှေ့မှာပြောနေသံကြားလိုက်ပါတယ်။ အိမ်နားကလင်မယားနှစ်ယောက်ထဲက မိန်းမလုပ်သူကပြောနေတာ။ တော်တော်တရားကျစရာ၊ သတိပြုစရာမို့ ပြန်ရေးလိုက်ရပါတယ်။
(ဒီPost ကို ဇဏ်ခီတို့ ဇနီးမောင်နှံ တွေ့ပြီး သေချာစစ်ဆေးနိုင်ပါစေလို့ ဆုတောင်းပါတယ်)

သူတို့လင်မယားက အသက်၅၀ကျော်တမ်းတွေပေါ့။ သူတို့အိမ်က ကလေးအကျီ်ဘောင်းဘီတွေချုပ်ရောင်းတယ်။ ဈေးထဲမှာဆိုင်ခန်းနဲ့ပါ။ ယောကျ်ားလုပ်သူက အိမ်မှာ ဆိုင်ကယ်ဘေးတွဲတွေဆင်တယ်။ အိမ်နားက ဓမ္မာရုံမှာလည်း မီးဆင်တာဘာညာလုပ်ပြီး ဓမ္မာရုံပစ္စည်းမှန်သမျှကိုယ့်ဟာလုပ်နေတဲ့သူ။

အရင်ကဆို နှစ်လုံးသုံးလုံးလည်းဒိုင်ကိုင်တယ်ပေါ့။ ငွေတိုးချေးနိုင်လောက်အောင် စီးပွားရေးအဆင်ပြေတယ်ပေါ့လေ။

ဖြစ်ပုံက…သူတိူ့လင်မယား.သွားရောင်းတဲ့ဈေးမှာ..ပရဟိတ အဖွဲ့တဖွဲ့က စာရင်းလာကောက်တယ်တဲ့။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က။ လာကောက်တဲ့အချိန်က ဈေးခေါင်းကွဲချိန်။ အဲ့ဒီအချိန်မှာ မယားလုပ်သူက လင်ကို..သူ့ဆိုင်နေရာကနေ တခြား.ကူန်စိမ်းရောင်းတဲ့တနေရာမှာသွားထိုင်ခိုင်းတယ် (ကုန်စိမ်းသည်တွေက အဲ့ချိန်ဆိုပြန်ကြပြီ၊ တချိူ့လည်းအရင်းပြုတ်လို့..လာမထွက်နိုင်တော့တာ)။

သူလည်းပဲ တခြားတနေရာသွားထိုင်နေတယ်။ စာရင်းကောက်သူလာတော့ အမည်လွှဲတွေပြောပြီး ဇာတ်လမ်းဆင်တယ်။

ဟော..ဒီနေ့ကျတော့.. အဲ့ဒီအဖွဲ့ထပ်လာတဲ့အခါ..သူတိူ့ပြောတာတွေယုံပြီး..သူ့ဖုန်းထဲကို Wave Money နဲ့ တပတ်ကို ၁သောင်း ထောက်ပံ့မယ်တဲ့။ ခုပထမအရစ်ရောက်ပြီ။ အိမ်မှာ လူမမာအဖေကြီးလည်းရှိတယ်ပြောထားတော့.. အရေးပေါ်ကိစ္စငွေလိုရင်လည်း အကူအညီတောင်းလို့ရတယ်တဲ့။

လောလောဆယ်တော့ လင်က ၁သောင်း၊ မယားက၁သောင်း..ရလာပြီး..တလကို ၈သောင်းရမယ်ဆိုပြီးပျော်ရွှင်ပြီး အေယ်ကျယ်အော်ကျယ်ပြောနေတာပဲ။ သူတိူ့သွားထိုင်လိုက်တဲ့နေရာက ကုန်စိမ်းသည်တွေတော့…မရလိုက်တော့ဘူးပေါ့။

ဒီဖြစ်ရပ်ကို သုံးသပ်ရင်….

(1) ဒေတာကောက်တဲ့သူက ဈေးစည်ပင် (ဈေးကောက်က သိပါတယ်)နဲ့အတူစစ်ပြီးကောက်သင့်တယ်။ ပြီးပြီးရောမလုပ်ဘဲ တကယ်လိုအပ်သူတွေရအောင် စေတနာနဲ့ကြပ်မတ်သင့်ပါတယ်။

(2) မရှိဆင်းရဲနွမ်းပါးသူတွေအများကြီးရှိတယ်။ ဈေးထဲမှာထက် ရပ်ကွက်တွေထဲမှာပါ။ ပရဟိတအဖွဲ့တွေချင်း..ဒေတာချိတ်ဆက်ဖလှယ်မှုတွေလုပ်သင့်တယ်။ သက်ဆိုင်ရာနေရာက နယ်မြေအာဏာပိုင်အဖွဲ့နဲ့ချိတ်ဆက်အတည်ပြုသင့်ပါတယ်။

(3) ရပ်ကျေးအုပ်မှူးတွေအဆင့်ဆင့်နဲ့ချိတ်ဆက်ပြီးတကယ်အလုပ်လုပ်ဖို့လိုတယ်။

အောက်တန်းစားဆိုတာ အပေါ်ကပြောတဲ့သူမျိုးကိုခေါ်တာပါပဲ။ အဲ့လိုဟာမျိုးတွေက နေရာစုံမှာရှိတတ်တယ်။ သေချာစိစစ်ဖို့လိုပါတယ်။ နို့မို့ လှူ သာလှူ တယ်..ဘာမှအရာမရောက်ဘဲ..ငတ်တဲ့ပြတ်တဲ့သူတွေက.. လုစား ခိုးစားတဲ့အခါ..’ဟင် ဒီလောက်လှူထားတာတောင်မှ’ ဆိုပြီး ဝိုင်းပြောတာခံရဦးမှာပဲ။

(ပြောနေရင်းဆိုနေရင်းတန်းလန်းမှာပဲ.. စောစောကကြွားနေသူအမျိုးသမီးရဲ့စကားကို အားကျနေတဲ့ အခြားစားနိုင်သောက်နိုင်မိန်းမတယောက်က ရပ်ကွက်ထဲက ကျူးအိမ်လေးတွေကို လာလှူတဲ့ ဆန်လေးပြည်၊ ဆီ(၅၀)သားကို ပြေးယူလိုက်ပါပြီဗျား..။)

Phyo Wai_CRD

Zawgyi Version

ျမန္မာလူမ်ိဳးတို႔ရဲ႕ နဂိုအရင္းခံ ကူညီတတ္တဲ့ ပရဟိတ အဖြဲ႕ေတြရဲ႕ ေစတနာကို အျမတ္ထုတ္ေနတဲ ေအာက္တန္းစားတခ်ိဳ႕ အေၾကာင္း” ( ျမန္မာလူမ်ိဳးလို႔ေျပာရမွာေတာင္ ႐ြံ႕တယ္ )

ခုေလးတင္ပဲ အိမ္ေရွ႕မွာေျပာေနသံၾကားလိုက္ပါတယ္။ အိမ္နားကလင္မယားႏွစ္ေယာက္ထဲက မိန္းမလုပ္သူကေျပာေနတာ။ ေတာ္ေတာ္တရားက်စရာ၊ သတိျပဳစရာမို႔ ျပန္ေရးလိုက္ရပါတယ္။
(ဒီPost ကို ဇဏ္ခီတို႔ ဇနီးေမာင္ႏွံ ေတြ႕ၿပီး ေသခ်ာစစ္ေဆးႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္)

သူတို႔လင္မယားက အသက္၅၀ေက်ာ္တမ္းေတြေပါ့။ သူတို႔အိမ္က ကေလးအက်ီ္ေဘာင္းဘီေတြခ်ဳပ္ေရာင္းတယ္။ ေဈးထဲမွာဆိုင္ခန္းနဲ႔ပါ။ ေယာက်္ားလုပ္သူက အိမ္မွာ ဆိုင္ကယ္ေဘးတြဲေတြဆင္တယ္။ အိမ္နားက ဓမၼာ႐ုံမွာလည္း မီးဆင္တာဘာညာလုပ္ၿပီး ဓမၼာ႐ုံပစၥည္းမွန္သမွ်ကိုယ့္ဟာလုပ္ေနတဲ့သူ။

အရင္ကဆို ႏွစ္လုံးသုံးလုံးလည္းဒိုင္ကိုင္တယ္ေပါ့။ ေငြတိုးေခ်းႏိုင္ေလာက္ေအာင္ စီးပြားေရးအဆင္ေျပတယ္ေပါ့ေလ။

ျဖစ္ပုံက…သူတိူ႔လင္မယား.သြားေရာင္းတဲ့ေဈးမွာ..ပရဟိတ အဖြဲ႕တဖြဲ႕က စာရင္းလာေကာက္တယ္တဲ့။ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က။ လာေကာက္တဲ့အခ်ိန္က ေဈးေခါင္းကြဲခ်ိန္။ အဲ့ဒီအခ်ိန္မွာ မယားလုပ္သူက လင္ကို..သူ႔ဆိုင္ေနရာကေန တျခား.ကူန္စိမ္းေရာင္းတဲ့တေနရာမွာသြားထိုင္ခိုင္းတယ္ (ကုန္စိမ္းသည္ေတြက အဲ့ခ်ိန္ဆိုျပန္ၾကၿပီ၊ တခ်ိဴ႕လည္းအရင္းျပဳတ္လို႔..လာမထြက္ႏိုင္ေတာ့တာ)။

သူလည္းပဲ တျခားတေနရာသြားထိုင္ေနတယ္။ စာရင္းေကာက္သူလာေတာ့ အမည္လႊဲေတြေျပာၿပီး ဇာတ္လမ္းဆင္တယ္။

ေဟာ..ဒီေန႔က်ေတာ့.. အဲ့ဒီအဖြဲ႕ထပ္လာတဲ့အခါ..သူတိူ႔ေျပာတာေတြယုံၿပီး..သူ႔ဖုန္းထဲကို Wave Money နဲ႔ တပတ္ကို ၁ေသာင္း ေထာက္ပံ့မယ္တဲ့။ ခုပထမအရစ္ေရာက္ၿပီ။ အိမ္မွာ လူမမာအေဖႀကီးလည္းရွိတယ္ေျပာထားေတာ့.. အေရးေပၚကိစၥေငြလိုရင္လည္း အကူအညီေတာင္းလို႔ရတယ္တဲ့။

ေလာေလာဆယ္ေတာ့ လင္က ၁ေသာင္း၊ မယားက၁ေသာင္း..ရလာၿပီး..တလကို ၈ေသာင္းရမယ္ဆိုၿပီးေပ်ာ္႐ႊင္ၿပီး ေအယ္က်ယ္ေအာ္က်ယ္ေျပာေနတာပဲ။ သူတိူ႔သြားထိုင္လိုက္တဲ့ေနရာက ကုန္စိမ္းသည္ေတြေတာ့…မရလိုက္ေတာ့ဘူးေပါ့။

ဒီျဖစ္ရပ္ကို သုံးသပ္ရင္….

(1) ေဒတာေကာက္တဲ့သူက ေဈးစည္ပင္ (ေဈးေကာက္က သိပါတယ္)နဲ႔အတူစစ္ၿပီးေကာက္သင့္တယ္။ ၿပီးၿပီးေရာမလုပ္ဘဲ တကယ္လိုအပ္သူေတြရေအာင္ ေစတနာနဲ႔ၾကပ္မတ္သင့္ပါတယ္။

(2) မရွိဆင္းရဲႏြမ္းပါးသူေတြအမ်ားႀကီးရွိတယ္။ ေဈးထဲမွာထက္ ရပ္ကြက္ေတြထဲမွာပါ။ ပရဟိတအဖြဲ႕ေတြခ်င္း..ေဒတာခ်ိတ္ဆက္ဖလွယ္မႈေတြလုပ္သင့္တယ္။ သက္ဆိုင္ရာေနရာက နယ္ေျမအာဏာပိုင္အဖြဲ႕နဲ႔ခ်ိတ္ဆက္အတည္ျပဳသင့္ပါတယ္။

(3) ရပ္ေက်းအုပ္မႉးေတြအဆင့္ဆင့္နဲ႔ခ်ိတ္ဆက္ၿပီးတကယ္အလုပ္လုပ္ဖို႔လိုတယ္။

ေအာက္တန္းစားဆိုတာ အေပၚကေျပာတဲ့သူမ်ိဳးကိုေခၚတာပါပဲ။ အဲ့လိုဟာမ်ိဳးေတြက ေနရာစုံမွာရွိတတ္တယ္။ ေသခ်ာစိစစ္ဖို႔လိုပါတယ္။ ႏို႔မို႔ လႉ သာလႉ တယ္..ဘာမွအရာမေရာက္ဘဲ..ငတ္တဲ့ျပတ္တဲ့သူေတြက.. လုစား ခိုးစားတဲ့အခါ..’ဟင္ ဒီေလာက္လႉထားတာေတာင္မွ’ ဆိုၿပီး ဝိုင္းေျပာတာခံရဦးမွာပဲ။

(ေျပာေနရင္းဆိုေနရင္းတန္းလန္းမွာပဲ.. ေစာေစာကႂကြားေနသူအမ်ိဳးသမီးရဲ႕စကားကို အားက်ေနတဲ့ အျခားစားႏိုင္ေသာက္ႏိုင္မိန္းမတေယာက္က ရပ္ကြက္ထဲက က်ဴးအိမ္ေလးေတြကို လာလႉတဲ့ ဆန္ေလးျပည္၊ ဆီ(၅၀)သားကို ေျပးယူလိုက္ပါၿပီဗ်ား..။)

Phyo Wai_CRD

Add a Comment

Your email address will not be published. Required fields are marked *