၁၀၀ ရာခိုင်နှုန်း နီးပါး အစွမ်းထက်တဲ့ ကိုဗစ် ကာကွယ်ဆေး ပေါ်လာပြီ
Sharing is caring!
ဖိုက်ဇာနှင့် ဘိုင်အိုအင်န်တက်ခ် (Pfizer နဲ့ BioNTech) တို့က ယင်းတို့၏ ကိုဗစ်ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော်ထိရောက် မှုရှိတယ်လို့ထုတ်ဖော်ပြောကြားပြီး သိပ္ပံပညာနှင့်လူသားတို့ အတွက် အထင်ကရနေ့တစ်နေ့ဖြစ်တယ် လို့ ဂုဏ်ယူပြောဆိုလို
က် ကြပါတယ်။ဖိုက်ဇာရဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဒေါက်တာအဲလ်ဘတ်ဘော်လာက စမ်းသပ်တွေ့ရှိ မှုရလာဒ်တွေဟာ သိပ္ပံပညာနှင့်လူသားမျိုးနွယ်တွေအတွက် အထင်ကရ နေ့ဖြစ်တယ်လို့ပြောလိုက်တာ ဖြစ်ပါတယ်။ကာကွယ်ဆေးထိုးပေးထား
သူတွေနဲ့ အာနိသင်မဲ့ဆေးထိုးပေးသူတွေအကြားနှိုင်းယှဉ်ကြည့်တဲ့အခါ ဒုတိယမြောက်ဆေးထိုးအပြီး (၇)ရက်အကြာမှာ ကာကွယ်ဆေးက အကျိုး အာနိသင်သက်ရောက်မှု ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတာတွေ့ရတယ်လို့ ဖိုက်ဇာနှင့် ဘိုင်အိုအင်န်တက်ခ်တို့က
ပြောပါတယ်။ဆိုလိုတာကတော့ ပထမဆုံးကာကွယ်ဆေးထိုးအပြီး ၂၈ ရက်အကြာမှာ ကိုဗစ် ကာကွယ်နိုင်စွမ်း တွေ့ရတဲ့သဘောဖြစ်ပါတယ်။ ဆေးက နှစ်လုံး(နှစ်ကြိမ်)ထိုးရမှာဖြစ်ပါတယ်။
“မျှော်လင့်ချက်ရောင်ခြည်ကိုမြင်နေရပါပြီ” လို့ ဒေါက်တာအဲလ်ဘတ်ကပြောပါတယ်။ ”ဒီကာကွယ်ဆေးရဲ့ ပြည်သူ့ကျန်းမာရေးနှင့် ကမ္ဘာ့စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုကိုထည့်သွင်းတွက်ချက်လိုက်ရင် ဒါဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း သိသာထင်ရှား
မှုအရှိဆုံး ဆေးပညာတိုးတက်မှုတစ်ရပ်ပဲ” လို့ သူကပြောပါတယ်။သိပ္ပံပညာရှင်တွေက ၇၅ ရာခိုင်နှုန်းလောက်အကျိုးသက်ရောက်မှုရှိမယ့် ကိုဗစ် ကာကွယ်ဆေး တွေကိုပဲမျှော်လင့်ထားတာပါ။ အိမ်ဖြူတော်က ကိုဗစ် အကြံပေးဒေါက်တာအန်ထော်နီဖော်ချီ က ကာ
ကွယ်ဆေးဟာ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ရှိရင်ပဲ လက်ခံလို့ရတယ်လို့ပြောထား တာဖြစ်ပါတယ်။ကုမ္ပဏီအနေနဲ့ အမေရိကန် အစားအသောက်နှင့်ဆေးဝါးဌာနကို အရေးပေါ်အသုံးပြုခွင့်ပြုတဲ့ကာကွယ် ဆေးအဖြစ်ခွင့်ပြုဖို့ နိုဝင်ဘာလတတိယပတ်လော
က်မှာ လျှောက်ထားဖို့ရှိတယ်လို့သိရပါတယ်။
ကိုကို-စက်မှုတက္ကသိုလ်
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *