ပြည်သူတွေကို ငွေ ၄၀၀၀၀ ကျပ်ထောက်ပံ့မည့်သတင်း မှန်ကန်ကြောင်း အတည်ပြု
Sharing is caring!
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄ဝ,ဝဝဝ နှုန်းခန့်ကို နိုဝင်ဘာလ ၁၁ ရက်တွင် ထောက်ပံ့ပေးသွားမည်ဟု စမ် းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ပြောသည်။
ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က တစ်အိမ်ထောင်လျှင် ရိက္ခာ ငါးမျိုးကိုထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် တစ်အိမ် ထောင်လျင် ငွေကျပ် ၂ဝ,ဝဝဝ ခန့်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။“ကျွန်တော်တို့တွေ
မနက်ဖြန်ကစပြီး ထောက်ပံ့ပေးဖို့အတွက် စီစဉ်နေပါတယ်။ ရပ်ကွက်လိုက် ခွဲဝေပြီးတော့ ထောက်ပံ့ပေးသွားမှာပါ။ ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ကောက်ယူထားတဲ့ အိမ်ထောင်စု စာရင်းတွေ အတိုင်းပဲ ထောက်ပံ့ပေးဖို့အတွက် စီစဉ်နေပါတယ်”ဟုဦးကျော်ကျော်က
ပြောသည်။နိုဝင်ဘာ ၉ ရက်ညပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ ပြောကြားသည့်မိန့်ခွန်းတွင် အခြေခံလူတန်းစားများအားထောက်ပံ့သည့် အစီအစဉ် ကို ယခုသီတင်းအပတ်တွင်း လုပ်ဆောင်သွားမည်ဟုထည့်သွင်းပြော
ကြားခဲ့သည်။
Zawgyi Version
ကြားခဲ့သည်။
Add a Comment
Your email address will not be published. Required fields are marked *