ဆရာဝန်လက်လျော့တဲ့ အဆုတ်ကင်ဆာကို အရှင်းပျောက်စေခဲ့တဲ့ ဆေးပင်
Sharing is caring!
ဆရာဝန်လက်လွှတ်လိုက်ပေမဲ့ အားတက်လာတဲ့ အဆုတ်ကင်ဆာပျောက်ဆေး တောလေးညှင်းအစွမ်းဆရာဝန်လက်လွှတ်လိုက်ပေမဲ့ အားတက်လာတဲ့ အဆုတ်ကင်ဆာဝေဒနာရှင်ဆရာဝန်က တလခွဲပဲ ခံတော့မယ်ဆိုတဲ့ အဆုတ်ကင်ဆာဝေဒနာရှင် ၃လရှိပြီတဲ့။
အသိမိတ်ဆွေကညွှန်လို့ တောလေးညှင်းအဆုတ်အားဆေးသောက်တာပါတဲ့။ချောင်းဆိုးတာလည်းသွေးမပါတော့ဘူးတဲ့။ကင်ဆာဝေဒနာရှင်ရဲ့ သမီးက ဆိုင်လာရင်းပြောပြသွားတာပါ။နောက်တခေါက် လာရင် အသေးစိတ်မေးပြီးထပ်တင်ပေးမယ်နော်။ဆေးလိပ်သမားများအတွက် အဆုတ်သန့်စင်လိုသူများအတွက် အထူးသင့်လျော်သော တောလေးညှင်းပါ။မိုးတွင်းအခါ လယ်ကွင်းထဲတွင် အလွန်ပေါများစွာ ပေါက်သော အပင်ပါ။
လယ်သမားများ စပါးစိုက်ခြင်းကို နှောက်ယှက်လို့ စိတ်ညစ်ရသောအပင် ဖြစ်သည်။သို့သော်ဆေးဖက်အလွန်ဝင်သော အဆုတ်သန့်စင် အားကောင်းဆေးပါ။အရိုးစိမ်း နှင့် အရိုးနီ ၂မျိုးရှိပြီး အရိုးနီကတော့ အစွမ်းပိုထက်သည်။သွင်ပြင်လက္ခဏာ နှင့် တွေ့ရှိရာအရပ် ပြောပြမယ်နော်။တောလေးညှင်း ကိုရှာဖွေလိုလျင်အပွင့်အဝါ သေးသေးလေး ၄ချပ်ရှိသောအပင်ကိုရှာပါ။
ပွင့်ချပ်လေးများ ဖယ်ကြည့်လိုက်လျှင် လေးညှင်းပုံစံ အပွင့်ခံရိုးတန်ရှိပါသည်။အရိုးသည် လုံးဝိုင်းမှု့မှု မရှိပဲ စောင်းများရှိသည်ကို တွေ့ရပါမည်။မြေပွပွ ရေစပ်စပ် တွင် အလွန်ဖြစ်ထွန်းပါသည်။ရေတပေလောက်မြုတ်နေပြီး အလွန်နုံးများသော အချို ရေမြောင်းကြီးများတွင် နှုတ်စရာမလိုပဲ မလိုက်လျင် ပါလာပါသည်။မိုးရာသီ မြစ်ဝကျွန်းပေါ် လယ်ကွက်များအတွင်း အလွန်ပေါများစွာတွေ့ရှိရပါသည်။
မြို့ပေါ်တွင်မူ ရေမြောင်းဘေး အနီးပါတ်ဝန်းကျင်တွင်တွေ့ရတတ်ပါသည်။မိုးတွင်းအခါ အပင်သည် လူတရပ်ကျော်ရှည်၍ အရွက်သည် တထွာခန့်ထိရှိတတ်ပါသည်။နွေရာသီတွင်မူ ရေစပ်စပ်နေရာများတွင် ရှားပါးစွာ ရှာဖွေတွေ့တတ်ပါသည်။တွေ့ရှိလျင်လည်း လက်သီးဆုတ်သာသာအပင် တပေခန့်အမြင့်ရှိသောအပင် အရွက် ကုတ်ကုတ်ဖြင့်သာတွေ့နိုင်ပါသည်။ဆေးနည်းအပင်တပင်လုံးကို ရေစင်စွာဆေး၍ ၃ခွက် တခွက်တင်ကြိုသောက်ပါ။
အဆုတ် ပြဿ နာ မကြာခဏရှိသူများသည် ယခုလို မိုးကုန်ခါနီး အပင်ကျမသွားခင် အခြောက်လှမ်း၍ သိမ်းထားပြီး အပင်များ နွေအချိန် မရှိတော့လျင် တောလေးညှင်းခြောက်ကို ရေနွေးကြမ်းခပ်၍သုံးဆောင်နိုင်ပါသည်။နွေရာသီ အပင်ရှာမရလျင် စိတ်မဆိုး တောလေးညှင်းရေနွေးကြမ်းကို ချိုသာသောဈေးဖြင့် သုံးဆောင်နိုင်ပါသည်။
တောလေးညှင်းဆေး ၏ ကောင်းကျိုးများအဆုတ် နှင့် ပတ်သက်သော ရောဂါများဆီးချိုရောဂါအသည်းခြောက်ခြင်းအသည်းမာခြင်းအသည်းကြောင့်ဖောရောင်ခြင်းချောင်းဆိုးရင်ကြပ် ပန်းနာရောဂါ အမျိုးမျိုးလည်ချောင်း နှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ရောဂါများအာခြောက်ခြင်းကလေးငယ်များ ရင်ပူခြင်းအပူများခြင်းရေငတ်ခြင်းဆီးလွန်ခြင်း မကြာခဏ ဆီးသွားခြင်း ( ညအိပ်တဲ့အခါ ဆီးခဏခဏသွား၍ အိပ်မရပဲ အိပ်ရေးပျက်ရခြင်း။ )
တစက် တစက် ဆီးကျန်ခြင်း တို့ကို ကောင်းမွန်စေပါသည်။လွန်ခဲ့သော 17နှစ်က အမတယောက် ကင်ဆာကုနေချိန်တွင် ကင်ဆာဆေးကြောင့် အဆုတ်ဒဏ်ဖြစ်နေ၍ ဓမ္မမိတ်ဆွေတဦးမှ တောလေးညှင်းပြုတ်သောက်ရန် အကြံပေးပါသည်။နောင်မှ သိလိုက်ရသည်မှာ ကင်ဆာကိုလည်း အထောက်အပံပေးသောအပင်ဖြစ်ပါသည်။ လက်တွေ့ကတော့ ၁၅နှစ်သားထဲက ဆေးလိပ်သောက်တာအသက် ၅၀ကျော်မှာ အသက်ရှုကြပ်လို့ ဆေးလိပ်ဖြတ်လိုက်တယ်။
သူနာပြု ဆရာမတယောက်ကတောလေးညှင်း ရေနွေးကြမ်းသောက်ဆိုတော့ သောက်တာ ၃ရက်ထဲ နဲ့ ပျောက်သွားတယ်တဲ့။အဆုတ်ထဲရေဝင်တဲ့သူကလည်း တောလေးညှင်း ရေနွေးကြမ်းသောက်လိုက်တာ ပျောက်သွားတယ်တဲ့။သူ့မိတ်ဆွေတွေကိုလည်း အဆုတ်နဲ့ ပတ်သက်ရင် တောလေးညှင်းပဲ ညွှန်နေတယ်တဲ့။တရက် ဆေးလိပ် တဗူးခွဲ သောက်သူကလည်း တောလေးညှင်း သောက်တာ အခု ဆေးလိပ်၁ဗူးအောက်ပဲ သူ့အလိုလို ကျသွားတယ်တဲ့။
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *