လမ်းပေါ်ကလူတွေကို မထိန်းနိုင်ရင် လော့ဒေါင်းတွေ ဖြုတ်ပေးပါတော့လို့ ပြောလိုက်တဲ့ ဒေါက်တာ
|ဆဲချင်ရင်ဆဲ မုန်းချင်ရင်လည်းမုန်းပါပြောသင့်တာတော့ ပြောရမှာပဲ။Locked Down တွေဖြုတ်Quarantine Centre တွေ ပိတ်သင့်ပါပြီ။စည်းကမ်းမဲ့လမ်းပေါ်ကလူအုပ်ကြီးတွေကို မထိန်းကျောင်း အရေးမယူဘဲနဲ့ရောဂါကူးစက်မှုနှုန်းနည်းတဲ့နိုင်ငံကပြန်လာသူတွေကို
Quarantine Centre မှာထားပြီးစောင့်ကြည့်နေတာခါးတောင်းကျိုက်နဲ့ -င်နဲ့လွဲနေတာပါ။
ပြည်တွင်းကူးစက်မှုများပြားနေတဲ့နိုင်ငံမှာလမ်းပေါ်ကလူအုပ်စုဖွဲ့တာ ဘယ်လောက် အန္တရာယ်များဘယ်လောက်ကူးစက်ဖို့များတယ်ဆိုတာ သိကြမှာပါ။ အဲဒီတော့ လူအုပ်တွေလမ်းပေါ်တက်နေတာကိုမထိန်းသိမ်းနိုင်ရင် Quarantine Centre တွေထားမနေပါနဲ့၊
Locked Down တွေချမနေပါနဲ့။
အလုပ်တွေ ဆိုင်တွေပိတ်မနေပါနဲ့။ခရီးသွားတွေ ကန့်သတ်မနေပါနဲ့။အားလုံးဖွင့်ပြီး ပုံမှန်သာထားလိုက်ပါ။ အလုပ်တွေလုပ်ရတော့ ကောင်းတာပေါ့။အဲတခုတော့လုပ်ပေးပါ။Quarantine Centre တွေရဲ့ ဆိုင်းဘုတ်ကိုCOVID Center အဖြစ်ပြောင်းပြီးလူနာလက်ခံရာ
နေရာသာစီစဉ်ပေးလိုက်ပါ။
လေးစားလျက်
Dr Alex Win
Volunteer
Shwe Myawaddy Facility Quarantine Centre
Zawgyi Version
လေးစားလျက်
Dr Alex Win
Volunteer