ဇနီးဟောင်းဖြစ်သူ မီးမီးခဲအတွက် ဆုတောင်းမှုတစ်ခု ပြုလိုက်တဲ့ ထူးအယ်လင်း

Sharing is caring!

မီးမီးခဲကို အရင်က သံယောဇဉ်လက်ကျန်လေးကြောင့် အမြန်ဆုံးကျန်းမာဖို့ ဆုတောင်းပေးလိုက်တဲ့ ထူးအယ်လင်း

ပရိသတ်တွေချစ်ရတဲ့တေးသံရှင် မီးမီးခဲဟာ ကင်ဆာရောဂါ အဆင့်(၄)နဲ့ ဝေဒနာကိုခံစားနေရတဲ့ ကင်ဆာရောဂါရှင်တစ်ဦးဖြစ်ပြီးလက်ရှိအခြေနေကတော့ (၃)လကို(၁)ကြိမ်ဆေးစစ်ကာဆေးကုသမှုခံနေ ရတာပါ ။

မကြာသေးမီကမှ ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပြီးမေလ (၉)ရက်နေ့လေးမှာ ဆေးရုံလာဆင်းလာခဲ့ပြီဖြစ်ပါတယ် ။တေးသံရှင် မီးမီးခဲနဲ့ ထူးအယ်လင်တို့ကတော့ တစ်ချိန်က ပရိသတ်တွေအားလုံး အားကျခဲ့ရတဲ့ အိမ်ထောင်ရှင်စုံတွဲဖြစ်ပြီး သူတို့ရဲ့ စုံတွဲသီချင်းတွေဟာ ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားအောင်မြင်ခဲ့တာပါ ။

သူတို့စုံတွဲဟာလည်း သာမန်စုံတွဲတွေလိုပဲ အဆင်မပြေမှုလေးတွေကြောင့် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြပြီး သီးခြားကိုယ်ပိုင်မိသားစုဘဝလေးတွေကို ထူထောင်ခဲ့ကြတာဖြစ်ပါတယ် ။

လတ်တလောမှာ မီးမီးခဲတစ်ယောက် ကင်ဆာရောဂါကြောင့် မကြာခဏ ဆေးရုံတက်ပြီးကုသမှုခံယူနေရစဉ်မှာတော့ ထူးအယ်လင်တစ်ယောက် သံယောဇဉ်လက်ကျန် .. ကျန်းမာပါစေကွယ် ဆိုတဲ့စာသားလေးနဲ့အတူ မီးမီးခဲရဲ့ ပုံလေးကို သူ့ရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြလာခဲ့ပါတယ်

တစ်ယောက်ဆီကိုယ်ပိုင် ဘဝတွေတည်ဆောက်ခဲ့ကြပေမယ့် ချစ်ခြင်းမေတ္တာထက် ပိုခိုင်မြဲတဲ့ သံယောဇဉ်ကြိုးတွေကတော့ ရစ်တွယ်နေတုန်းလို့ ဆိုရမှာပါ ။

တစ်ချိန်က ဇနီးဟောင်းဖြစ်တဲ့ မီးမီးခဲရဲ့ ကျန်းမာရေးအခြေနေကို တော့ ကျန်ရှိနေသေးတဲ့ သံယောဇဉ်လက်ကျန်လေးနဲ့ စိုးရိမ်နေဆဲဖြစ်တယ်ဆိုတာကို အခုလိုမိုင်ဒေးလေးနဲ့ ဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

Source : Htoo El Lynn

Zawgyi Version








Source : Htoo El Lynn

Add a Comment

Your email address will not be published. Required fields are marked *