ကိုဗစ်ကို ရင်ဆိုင်အောင်နိုင်ခဲ့သူရဲ့ ဖောင်ကြီးရောက် အတွေ့အကြုံ

Sharing is caring!

ရင်ဘတ်တွေနာလိုက်တာဖေကြီးရယ် ဇနီးဖြစ်သူရဲ့စကားကြောင့် ကျနော်ငုတ်တုပ်ထထိုင်မိသည်၊ စိုးရိမ်စိတ်နဲ့ကြည့်နေတုန်း ချောင်းချောက်ဆိုးသံတွေကိုပါ ကြားလိုက်ရသည်၊ပရုပ်ဆီယူပြီး သူ့ရင်ဘတ်ကို လိမ်းပေးတော့ သူမှိန်းနေတာကို တွေ့ရသည်၊ ပရုပ်ဆီလူးပေးပြီး ကျနော်ဂျင်းတွေကိုထောင်းပြီးပြုပ်၏ ရေနွေးထဲဆားထည့်ပြီး သူ့ကိုအာလုပ်ကျင်းခိုင်းသည်၊ ဂျင်းပြုပ်ရည်ကို တိုက်သည်၊ ဂျင်းအဖတ်တွေကို ဝါးစားခိုင်း၏ ကျနော်ခိုင်းသမျှ သူလိုက်လုပ်ပေမယ့် ရောဂါကမသက်သာမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းစိုးရိမ်နေ

မိသည် ကျနော်သိထားတဲ့ကိုဗစ်ရောဂါ၏ အစဝေဒနါဖြစ်သည်။တမနက်လုံး သူ့ကိုပြုစုပြီး နေ့လည်လောက်ရောက်တော့ ကျနော်ဖျားချင်သလိုဖြစ်လာပြန်သည်၊ ချောင်းလည်း နည်းနည်းဆိုးလာ၏။ စိုးရိမ်စိတ်က ထိမ်းမရတော့ ဂျင်းပြုပ်ရည်တွေသောက်သည်၊ ရေနွေးပူထဲဆားထည့်ပြီး အာလုပ် ခဏခဏကျင်းသည်၊ ဒါပေမယ့် ကျနော်တို့ နောက်ကျသွားခဲ့ပါပြီ တဖြည်းဖြည်းနဲ့စားတဲ့ အရသာလည်း မရှိတော့ အနံ့ကိုလည်း ခံစားလို့မရတော့ပဲ ချောင်းဆိုးခြင်း ကိုယ်ပူခြင်း ဝမ်းပျက်ခြင်းတွေသာ တိုးလာခဲ့သည်။အဲ့လိုအိမ်မှာ တစ်ရက်

နေပြီး သိထားသလောက် ကုနေသော်လည်း မသက်သာသည့် အဆုံး သူငယ်ချင်းဖြစ်သူ ခင်မောင်ထွန်း (ကမာရွတ်စည်ပင် ပြည်သူ့ကိုယ်စားလှယ်)ကိုဖုန်းဆက်တိုင်ပင်မိသည်၊ သူကဆေးရုံကားတစ်စီးလွှတ်ပေးပြီး အင်းစိန်ဆေးရုံကိုသွားခိုင်း၏ဆေးရုံကား အိမ်ရှေ့ရောက်တော့ လင်မယားနှစ်ယောက်လုံးတက်ပြီး အင်းစိန်ဆေးရုံကို သွားလိုက်ကြသည်၊ ဆေးရုံရောက်တော့ ဆရာဝန်ကသိချင်တာတွေမေးမြန်းပြီး ဆေးရုံတက်ခိုင်းတော့၏ အဲ့ဒီညမှာကျနော်တို့နှစ်ယောက်ကို ဓါတ်မှန်ရိုက်သည်၊ လေးယောက်နေရမယ့် မှန်လုံခန်းထဲ

မှာ နေရာချပေးသည်၊ အိမ်ကဘာမှယူမသွားတဲ့အတွက် အိပ်ယာခင်း ခေါင်းအုံး ဆောင်တွေကိုဝယ်လိုက်ရသည်။နောက်နေ့မနက်ဆယ်နာရီလောက်မှာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူ သွေးဖေါက်ပြီးပြန်သွားကြတော့သည်။ မနက်နဲ့ညနေ အချိန်မှန်သွေးပေါ င်ချိန်ပေးသည် အဖျားတိုင်းပေး၏ ဘာဆေးမှမတိုက် အဲ့လိုနဲ့နှစ်ရက်ကြာတော့ အခန်းထဲက ဖုန်းကိုဆက်သွယ်လာပြီး ကျနော်တို့ နှစ်ယောက်မှာ ကိုဗစ်ပေါ့စတစ်တွေ့တယ်လို့ အကြောင်းကြားလာ၏ မျှော်လင့်ထားတဲ့ အဖြေဖြစ်ပေမယ့် တကယ်ဖြစ်လာတဲ့အခါ စိတ်က

မခိုင်ချင်တော့ ဇနီးဖြစ်သူကိုသာ အားပေးစကားပြောဖြစ်နေတော့သည်၊နောက်ထပ် တစ်နာရီလောက်နေတော့ ဖောင်ကြီးသွားရမယ်အဆင်သင့်ပြင်ထားပါဆိုတဲ့ သတင်းစကားကြောင့် လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေ စုထည့်ရင်း ဆေးရုံကားလာခေါ်မယ့် အချိန်ကို စောင့်နေမိတော့သည်။ မနက် ၈ နာရီကျော်လောက်မှာကျနော်တို့လင်မယားနှစ်ယောက်ကို လာခေါ်ကြသည်၊PPE ဝတ်စုံတွေဝတ်ထားကြသူတွေက အဝေးကနေညွှန်ကြားသည် ဆေးရုံကနေကားပေါ်ကို အသွားတွေ့သမျှလူတွေက ဝေးဝေးကိုပြေးရှောင်ကြသည်၊ ကျ

နော်တို့ကို ကြောက်စရာလူတွေဟု တွေးထင်ကြဟန်တူသည်။ ကျနော်လည်း အထုပ်တချို့ကို လက်ကဆွဲရင်း ဇနီးဖြစ်သူနဲ့အတူ ဆေးရုံကားပေါ်တက်လိုက်တော့ ကားပေါ်မှာ လူနာနှစ်ယောက်ကို တွေ့လိုက်ရသည်၊ သူတို့လည်းကျနော်တို့နဲ့ အတူဖောင်ကြီးကိုသွားရမယ့် လူနာနှစ်ယောက်ဖြစ်သည်၊ ဘယ်ဆေးရုံကခေါ်လာသည့် လူနာတွေမှန်းမသိ တစ်ယောက်နဲ့တယောက် မျက်လုံးချင်း အသိအမှတ်ပြုပြီး ဆေးရုံကားခေါ်ရာသို့ ကျနော်တို့ လိုက်ပါသွားရပါတော့သည်။မနက်ဆယ်နာရီလောက် ဖောင်ကြီးကိုရောက်တော့ ဆရာဝန်

တွေနေတဲ့ အခန်းကနေ ဆောင်းဘောက်စ်နဲ့ နံမည်ကို တစ်ဦးချင်းခေါ်သည် နာမည်ခေါ်ခံရသူသာ ကားပေါ်ကဆင်းရ၏ လက်ထောင်ပြရသည်၊ သူတို့ကနေရမယ့်အဆောင်နံပတ်ပြောတာနဲ့အဆင်သင့်စောင့်နေတဲ့ လူသုံးလေးယောက်က အထုပ်တွေဆွဲကူသယ်ရင်း ဘာမှအားမငယ်နဲ့ ဒီရောက်ရင်ကောင်းသွားလိမ့်မယ် ဆိုတဲ့အားပေးစကားကို ပြောကြသည်၊ ကျနော်ထင်တာက လုပ်အားပေးလူငယ်တွေလို့ ထင်ထားသော်လည်း တကယ်တော့ ကျနော်တို့အရင်ရောက်နေတဲ့ စီနီယာလူနာများသာ ဖြစ်ကြသည်၊ကျနော်က ပိတောက်

ဆောင်အဆောင် ၄ မှာနေရပြီး ဇနီးဖြစ်သူက ၅ မှာနေရသည်၊ ကိုယ်နေရမယ့်ကုတင်ကိုရောက်တော့ လူနာဟောင်းတစ်ယောက်က အထုပ်တစ်ထုပ်လာပေး၏ အထုပ်ထဲမှာခြင်ထောင် ခေါင်းအုံးစွပ် ရေခွက် ဆပ်ပြာခွက်ဆပ်ပြာ ခေါင်းလျှော်ရည် ဟန်းဂျယ် အိပ်ယာခင်း သွားတိုက်ဆေးသွားပွတ်တံ မျက်နှာသုပ်ပုဝါ ဆောင်တစ်ထည်ပါလာ၏ အားလုံးအသစ်တွေသာဖြစ်သည် ကိုယ်နေရမယ့်ကုတင်ကို ပြင်ဆင်ပြီးချိန်မှာ လူနာဟောင်းတွေက အပြင်က ဆွဲလာတဲ့ ထမင်းဗူးတွေထဲက ထမင်းဗူးတစ်ဗူး ကျနော့်ကိုပေးသည်

ထမင်းဗူးလက်ထဲရောက်မှ မနက်စာစားချိန်မှန်း သတိပြုမိတော့သည်။ထမင်းစားပြီးတော့ စီနီယာတွေက ခုံတစ်လုံးမှာ တင်ထားတဲ့ မုန့်မျိုးစုံကို ပြပြီးကြိုက်တာယူစားလို့ရတယ် ဆာတဲ့အချိန်တိုင်းစား ဒီမှာဆေးမတိုက်ဘူး အစာနဲ့ရောဂါကိုတိုက်တာလို့ နောက်ပြောပြောကြသည်၊ သူတို့ပြောသလို ကျနော်ထင်မိသော်လည်း အဲ့လိုမဟုတ်ပါ ဆရာဝန်ရဲ့ဖုန်းကို အခန်းထဲမှာရေးပေးထားသည် ဖုန်းဆက်လိုက်တာနဲ့ သူတို့ကိုင်၏ ကိုယ့်ဆီမှာဖြစ်တဲ့ရောဂါခံစားမှု့ကို ပြောပြလိုက်ရင် သူတို့တွေဆေးလာပေးကြသည်၊ ကျနော်က ချောင်းဆိုးနေတဲ့

အကြောင်းဖုန်းဆက်တော့ ငုံဆေးပြားနဲ့အားဆေးတောင့်တွေ ကျနော့်နာမည်နဲ့လာပေးသည်၊တခါတစ်လေ PPE ဝတ်စုံနဲ့ နှစ်ယောက်ရောက်လာပြီး ဘာလိုအပ်လည်း ဘာကူညီရမလဲလို့လည်း မေးမြန်ကြသည်၊ ကျနော်က ငုံဆေးပြားနဲ့ ပြီးသော်လည်း ဇနီးဖြစ်သူမှာ သူတို့ဘယ်လို ရောဂါတွေ့ထားသည် မပြောတတ် လက်ခုံကနေ ဆေးတွေလာသွင်းကြသည်၊ ဇနီးဖြစ်သူက ဆေးတွေပြင်းတယ်ဟုပြော၏ ဆေးသွင်းပြီးရင် လူကနှူံးသွားသလို ခံစားရတယ်ဟုဆိုပြန်သည်၊ ဒါတွေကကျနော်တို့နှစ်ယောက်ကို ကုပေးတဲ့ကုသပုံတွေသာ

ဖြစ်သည် တချို့လူနာများကိုလည်း လိုအပ်ရင်လိုအပ်သလို ဆေးပေးတာကို တွေ့ရသည် ဆီးချိုတိုင်းပေးသည် ဆေးသွင်းပေးသည်။အစားအသောက်အနေနဲ့ မနက် ၇ နာရီ ဝန်းကျင်မှာ ဆရာဝန်တွေနေတဲ့ အခန်းနားမှာ ထားပေးထာတဲ့ဗူးတွေကို အဆောင်ကလူနာတွေက ထွက်ယူရသည်၊ ထိုဗူးထဲမှာ မနက်စာအဖြစ် ကော်ရည်ခေါက်ဆွဲ နို့စိမ်းခေါက်ဆွဲ ထမင်းဆီဆမ်း ခေါက်ဆွဲကြော် ကြာဇံကြော်စသဖြင့် တနေ့တမျိုးမရိုးရအောင် ကျွေးမွေးပါသည် နေ့လည်ထမင်းစားချိန်ဆိုလည်း အဲ့လိုပဲထွက်ယူကြရပြန်သည် ထမင်းဗူးထဲမှ

ာ အသားဟင်းတမျိုးနဲ့ အရွက်ကြော် အရည်သောက်စတာတွေကို အကန့်လေးတွေနဲ့ထည့်ပြီး စားချင့်စဖွယ်ပြင်ဆင်ပေးထားသည် မနက်စာဆိုလည်း ဟင်းက ကျနော်တို့အိမ်ပြန်ချိန်ထိမထပ်ခဲ့ပါ တခါတလေအပြင်က လာလှူတဲ့အစားအသောက်တချို့ကိုလည်း ရရှိသေးသည် မနက်စာနေ့လည်စာ ညစာ ဆိုတဲ့လူတစ်ယောက် ပုံမှန်စားသုံးချိန်ကို လူငါးထောင်စာအချိန်မီ ပြင်ဆင်ကျွေးမွေးနိုင်တာကိုက တကယ့်ကို အသိအမှတ်ပြုစရာပင် ဖြစ်ခဲ့သည်။ကျနော်တို့ လူနာတွေအနေနဲ့ မနက်အိပ်ယာထတာနဲ့ လမ်းလျှောက်သူတွေက

လျှောက်ကြသည် ကိုယ့်အဆောင်ရှေ့က အမှိုက်ထုပ်တွေကို ပစ်သူကပစ်ကြသည် တချို့ကလေးတွေက ဆော့ကစားနေကြ၏ ဖုန်းပြောသူကပြော၏ Live လွှင့်သူက Live လွှင့်သည် အားလုံးခြုံကြည့်တော့ ပျော်စရာနေရာလေးလို့ ထင်မိခဲ့သည်၊ နေရတဲ့အခိုက်လည်း ကျေနပ်မိ၏ ပျော်စရာအကောင်းဆုံးအချိန်က ရောဂါကင်းစင်လို့ ပြန်တဲ့သူတွေကို ကျန်နေခဲ့တဲ့လူတွေက လိုက်ပို့ပြီး နှုတ်ဆက်ကြချိန်ဖြစ်သည် ပြန်သွားတဲ့သူတွေကလည်း Fighting ဘာမှအားမငယ်ကြနဲ့ မကြာမီပြန်ကြရတော့မှာဆိုတဲ့ အားပေးစကားပြောကြားကြချိန်

ဖြစ်သည်။မင်းပြောတာတွေက အကောင်းကြီးပါလားလို့ ဆိုလာရင် အဆိုးလည်းရှိပါသည် ဝေဒနါပြင်းထန်တဲ့လူတွေကို အခန်းရွှေ့တာ ICU အခန်းထဲပြောင်းပေးတာတွေလည်း ရှိခဲ့ပါသည် ရာခိုင်နှူံးအားဖြင့် အလွန်နည်းပါးပါသည်၊ ကျနော်တို့နေခဲ့သည့် ဆယ့်တစ်ရက်အတွင်း အသက်ကြီးရင့်သူ အဖွားအိုတစ်ဦး သေဆုံးတဲ့ဖြစ်စဉ်ကလွဲလို့ ထူးခြားမှု့မရှိခဲ့ပါ။ဆိုရရင် ကျနော်တို့ လင်မယားနှစ်ယောက်ကို ကိုဗစ်ရောဂါ ဘယ်ကစလို့ ကူးစက်ခံလိုက်ရတယ် ဆိုတာမသိခဲ့ပါ (ဇနီးဖြစ်သူကတော့ ရောဂါမဖြစ်ခင် နေ့တိုင်းဈေးသွားပါသည်)

ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ကျနော်တို့ လင်မယားနှစ်ယောက် ဝေဒနါခံစားရသည် ကြောက်စိတ်ဖြစ်မိ၏ ဆေးရုံမှာ သုံးရက်နေရသည် ဖောင်ကြီးမှ ာဆယ့်တစ်ရက်နေရ၏ သားအငယ်ဖြစ်သူပါ ရောဂါကူးစက်ခံရပြီး တောင်ဒဂုံအောင်မြင့်မိုရ်မှ ာခုအချိန်ထိနေနေရဆဲ့ဖြစ်သည်တကယ်တော့ ကိုဗစ်ရောဂါ ကူးစက်ခံရပြီဆိုရင် လူမှု့ရေးစီးပွားရေးတွေ ဆုံးရှုံးကုန်သည် မိသားစုတကွဲတပြားနေကြရသည် ကံဆိုးရင်အသက်ပါပေးဆပ်ကြရ၏။ အစိုးရအနေဖြင့် အပေါ်မှာ ရေးထားသလို လူနာတွေကို အကောင်းဆုံး ဝန်ဆောင်မှု့ပေးသော်လ

ည်း တကယ်ခံစားရသူတွေက ကိုဗစ်ကူးစက်ခံရသူတွေသာဖြစ်သည် ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးကြီးဆိုတာ လူတွေ သိပြီး ဆင်ခြင်နေသင့်သည် အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးစေချင်သည် မိမိမှစလို့ကာကွယ်နိုင်မှ မိ သ ားစုလုံး အသက်ချမ်းသာရာ စိတ်ချမ်းသာစရာ ဖြစ်ပါလိမ့်မည်။ လူတစ်ဦးချင်းက ကိုဗစ်ရောဂါဆိုးကြီးကို တွန်းလှန်ရင်း အမြစ်ဖြတ်တိုက်ထုတ်ကြပါစို့လို့ ဆန္ဒပြုလိုက်ရပါသည်။

ဝေ သစ် ငြိမ်း

Zawgyi Version

ရင္ဘတ္ေတြနာလိုက္တာေဖႀကီးရယ္ ဇနီးျဖစ္သူရဲ႕စကားေၾကာင့္ က်ေနာ္ငုတ္တုပ္ထထိုင္မိသည္၊ စိုးရိမ္စိတ္နဲ႔ၾကည့္ေနတုန္း ေခ်ာင္းေခ်ာက္ဆိုးသံေတြကိုပါ ၾကားလိုက္ရသည္၊ပ႐ုပ္ဆီယူၿပီး သူ႔ရင္ဘတ္ကို လိမ္းေပးေတာ့ သူမွိန္းေနတာကို ေတြ႕ရသည္၊ ပ႐ုပ္ဆီလူးေပးၿပီး က်ေနာ္ဂ်င္းေတြကိုေထာင္းၿပီးျပဳပ္၏ ေရေႏြးထဲဆားထည့္ၿပီး သူ႔ကိုအာလုပ္က်င္းခိုင္းသည္၊ ဂ်င္းျပဳပ္ရည္ကို တိုက္သည္၊ ဂ်င္းအဖတ္ေတြကို ဝါးစားခိုင္း၏ က်ေနာ္ခိုင္းသမွ် သူလိုက္လုပ္ေပမယ့္ ေရာဂါကမသက္သာမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းရင္းစိုးရိမ္ေန

မိသည္ က်ေနာ္သိထားတဲ့ကိုဗစ္ေရာဂါ၏ အစေဝဒနါျဖစ္သည္။တမနက္လုံး သူ႔ကိုျပဳစုၿပီး ေန႔လည္ေလာက္ေရာက္ေတာ့ က်ေနာ္ဖ်ားခ်င္သလိုျဖစ္လာျပန္သည္၊ ေခ်ာင္းလည္း နည္းနည္းဆိုးလာ၏။ စိုးရိမ္စိတ္က ထိမ္းမရေတာ့ ဂ်င္းျပဳပ္ရည္ေတြေသာက္သည္၊ ေရေႏြးပူထဲဆားထည့္ၿပီး အာလုပ္ ခဏခဏက်င္းသည္၊ ဒါေပမယ့္ က်ေနာ္တို႔ ေနာက္က်သြားခဲ့ပါၿပီ တျဖည္းျဖည္းနဲ႔စားတဲ့ အရသာလည္း မရွိေတာ့ အနံ႔ကိုလည္း ခံစားလို႔မရေတာ့ပဲ ေခ်ာင္းဆိုးျခင္း ကိုယ္ပူျခင္း ဝမ္းပ်က္ျခင္းေတြသာ တိုးလာခဲ့သည္။အဲ့လိုအိမ္မွာ တစ္ရက္

ေနၿပီး သိထားသေလာက္ ကုေနေသာ္လည္း မသက္သာသည့္ အဆုံး သူငယ္ခ်င္းျဖစ္သူ ခင္ေမာင္ထြန္း (ကမာ႐ြတ္စည္ပင္ ျပည္သူ႔ကိုယ္စားလွယ္)ကိုဖုန္းဆက္တိုင္ပင္မိသည္၊ သူကေဆး႐ုံကားတစ္စီးလႊတ္ေပးၿပီး အင္းစိန္ေဆး႐ုံကိုသြားခိုင္း၏ေဆး႐ုံကား အိမ္ေရွ႕ေရာက္ေတာ့ လင္မယားႏွစ္ေယာက္လုံးတက္ၿပီး အင္းစိန္ေဆး႐ုံကို သြားလိုက္ၾကသည္၊ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္ကသိခ်င္တာေတြေမးျမန္းၿပီး ေဆး႐ုံတက္ခိုင္းေတာ့၏ အဲ့ဒီညမွာက်ေနာ္တို႔ႏွစ္ေယာက္ကို ဓါတ္မွန္႐ိုက္သည္၊ ေလးေယာက္ေနရမယ့္ မွန္လုံခန္းထဲ

မွာ ေနရာခ်ေပးသည္၊ အိမ္ကဘာမွယူမသြားတဲ့အတြက္ အိပ္ယာခင္း ေခါင္းအုံး ေဆာင္ေတြကိုဝယ္လိုက္ရသည္။ေနာက္ေန႔မနက္ဆယ္နာရီေလာက္မွာ ႏွာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ယူ ေသြးေဖါက္ၿပီးျပန္သြားၾကေတာ့သည္။ မနက္နဲ႔ညေန အခ်ိန္မွန္ေသြးေပါ င္ခ်ိန္ေပးသည္ အဖ်ားတိုင္းေပး၏ ဘာေဆးမွမတိုက္ အဲ့လိုနဲ႔ႏွစ္ရက္ၾကာေတာ့ အခန္းထဲက ဖုန္းကိုဆက္သြယ္လာၿပီး က်ေနာ္တို႔ ႏွစ္ေယာက္မွာ ကိုဗစ္ေပါ့စတစ္ေတြ႕တယ္လို႔ အေၾကာင္းၾကားလာ၏ ေမွ်ာ္လင့္ထားတဲ့ အေျဖျဖစ္ေပမယ့္ တကယ္ျဖစ္လာတဲ့အခါ စိတ္က

မခိုင္ခ်င္ေတာ့ ဇနီးျဖစ္သူကိုသာ အားေပးစကားေျပာျဖစ္ေနေတာ့သည္၊ေနာက္ထပ္ တစ္နာရီေလာက္ေနေတာ့ ေဖာင္ႀကီးသြားရမယ္အဆင္သင့္ျပင္ထားပါဆိုတဲ့ သတင္းစကားေၾကာင့္ လိုအပ္မယ္ထင္တဲ့ ပစၥည္းေတြ စုထည့္ရင္း ေဆး႐ုံကားလာေခၚမယ့္ အခ်ိန္ကို ေစာင့္ေနမိေတာ့သည္။ မနက္ ၈ နာရီေက်ာ္ေလာက္မွာက်ေနာ္တို႔လင္မယားႏွစ္ေယာက္ကို လာေခၚၾကသည္၊PPE ဝတ္စုံေတြဝတ္ထားၾကသူေတြက အေဝးကေနၫႊန္ၾကားသည္ ေဆး႐ုံကေနကားေပၚကို အသြားေတြ႕သမွ်လူေတြက ေဝးေဝးကိုေျပးေရွာင္ၾကသည္၊ က်

ေနာ္တို႔ကို ေၾကာက္စရာလူေတြဟု ေတြးထင္ၾကဟန္တူသည္။ က်ေနာ္လည္း အထုပ္တခ်ိဳ႕ကို လက္ကဆြဲရင္း ဇနီးျဖစ္သူနဲ႔အတူ ေဆး႐ုံကားေပၚတက္လိုက္ေတာ့ ကားေပၚမွာ လူနာႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္၊ သူတို႔လည္းက်ေနာ္တို႔နဲ႔ အတူေဖာင္ႀကီးကိုသြားရမယ့္ လူနာႏွစ္ေယာက္ျဖစ္သည္၊ ဘယ္ေဆး႐ုံကေခၚလာသည့္ လူနာေတြမွန္းမသိ တစ္ေယာက္နဲ႔တေယာက္ မ်က္လုံးခ်င္း အသိအမွတ္ျပဳၿပီး ေဆး႐ုံကားေခၚရာသို႔ က်ေနာ္တို႔ လိုက္ပါသြားရပါေတာ့သည္။မနက္ဆယ္နာရီေလာက္ ေဖာင္ႀကီးကိုေရာက္ေတာ့ ဆရာဝန္

ေတြေနတဲ့ အခန္းကေန ေဆာင္းေဘာက္စ္နဲ႔ နံမည္ကို တစ္ဦးခ်င္းေခၚသည္ နာမည္ေခၚခံရသူသာ ကားေပၚကဆင္းရ၏ လက္ေထာင္ျပရသည္၊ သူတို႔ကေနရမယ့္အေဆာင္နံပတ္ေျပာတာနဲ႔အဆင္သင့္ေစာင့္ေနတဲ့ လူသုံးေလးေယာက္က အထုပ္ေတြဆြဲကူသယ္ရင္း ဘာမွအားမငယ္နဲ႔ ဒီေရာက္ရင္ေကာင္းသြားလိမ့္မယ္ ဆိုတဲ့အားေပးစကားကို ေျပာၾကသည္၊ က်ေနာ္ထင္တာက လုပ္အားေပးလူငယ္ေတြလို႔ ထင္ထားေသာ္လည္း တကယ္ေတာ့ က်ေနာ္တို႔အရင္ေရာက္ေနတဲ့ စီနီယာလူနာမ်ားသာ ျဖစ္ၾကသည္၊က်ေနာ္က ပိေတာက္

ေဆာင္အေဆာင္ ၄ မွာေနရၿပီး ဇနီးျဖစ္သူက ၅ မွာေနရသည္၊ ကိုယ္ေနရမယ့္ကုတင္ကိုေရာက္ေတာ့ လူနာေဟာင္းတစ္ေယာက္က အထုပ္တစ္ထုပ္လာေပး၏ အထုပ္ထဲမွာျခင္ေထာင္ ေခါင္းအုံးစြပ္ ေရခြက္ ဆပ္ျပာခြက္ဆပ္ျပာ ေခါင္းေလွ်ာ္ရည္ ဟန္းဂ်ယ္ အိပ္ယာခင္း သြားတိုက္ေဆးသြားပြတ္တံ မ်က္ႏွာသုပ္ပုဝါ ေဆာင္တစ္ထည္ပါလာ၏ အားလုံးအသစ္ေတြသာျဖစ္သည္ ကိုယ္ေနရမယ့္ကုတင္ကို ျပင္ဆင္ၿပီးခ်ိန္မွာ လူနာေဟာင္းေတြက အျပင္က ဆြဲလာတဲ့ ထမင္းဗူးေတြထဲက ထမင္းဗူးတစ္ဗူး က်ေနာ့္ကိုေပးသည္

ထမင္းဗူးလက္ထဲေရာက္မွ မနက္စာစားခ်ိန္မွန္း သတိျပဳမိေတာ့သည္။ထမင္းစားၿပီးေတာ့ စီနီယာေတြက ခုံတစ္လုံးမွာ တင္ထားတဲ့ မုန႔္မ်ိဳးစုံကို ျပၿပီးႀကိဳက္တာယူစားလို႔ရတယ္ ဆာတဲ့အခ်ိန္တိုင္းစား ဒီမွာေဆးမတိုက္ဘူး အစာနဲ႔ေရာဂါကိုတိုက္တာလို႔ ေနာက္ေျပာေျပာၾကသည္၊ သူတို႔ေျပာသလို က်ေနာ္ထင္မိေသာ္လည္း အဲ့လိုမဟုတ္ပါ ဆရာဝန္ရဲ႕ဖုန္းကို အခန္းထဲမွာေရးေပးထားသည္ ဖုန္းဆက္လိုက္တာနဲ႔ သူတို႔ကိုင္၏ ကိုယ့္ဆီမွာျဖစ္တဲ့ေရာဂါခံစားမႈ႕ကို ေျပာျပလိုက္ရင္ သူတို႔ေတြေဆးလာေပးၾကသည္၊ က်ေနာ္က ေခ်ာင္းဆိုးေနတဲ့

အေၾကာင္းဖုန္းဆက္ေတာ့ ငုံေဆးျပားနဲ႔အားေဆးေတာင့္ေတြ က်ေနာ့္နာမည္နဲ႔လာေပးသည္၊တခါတစ္ေလ PPE ဝတ္စုံနဲ႔ ႏွစ္ေယာက္ေရာက္လာၿပီး ဘာလိုအပ္လည္း ဘာကူညီရမလဲလို႔လည္း ေမးျမန္ၾကသည္၊ က်ေနာ္က ငုံေဆးျပားနဲ႔ ၿပီးေသာ္လည္း ဇနီးျဖစ္သူမွာ သူတို႔ဘယ္လို ေရာဂါေတြ႕ထားသည္ မေျပာတတ္ လက္ခုံကေန ေဆးေတြလာသြင္းၾကသည္၊ ဇနီးျဖစ္သူက ေဆးေတြျပင္းတယ္ဟုေျပာ၏ ေဆးသြင္းၿပီးရင္ လူကႏႉံးသြားသလို ခံစားရတယ္ဟုဆိုျပန္သည္၊ ဒါေတြကက်ေနာ္တို႔ႏွစ္ေယာက္ကို ကုေပးတဲ့ကုသပုံေတြသာ

ျဖစ္သည္ တခ်ိဳ႕လူနာမ်ားကိုလည္း လိုအပ္ရင္လိုအပ္သလို ေဆးေပးတာကို ေတြ႕ရသည္ ဆီးခ်ိဳတိုင္းေပးသည္ ေဆးသြင္းေပးသည္။အစားအေသာက္အေနနဲ႔ မနက္ ၇ နာရီ ဝန္းက်င္မွာ ဆရာဝန္ေတြေနတဲ့ အခန္းနားမွာ ထားေပးထာတဲ့ဗူးေတြကို အေဆာင္ကလူနာေတြက ထြက္ယူရသည္၊ ထိုဗူးထဲမွာ မနက္စာအျဖစ္ ေကာ္ရည္ေခါက္ဆြဲ ႏို႔စိမ္းေခါက္ဆြဲ ထမင္းဆီဆမ္း ေခါက္ဆြဲေၾကာ္ ၾကာဇံေၾကာ္စသျဖင့္ တေန႔တမ်ိဳးမ႐ိုးရေအာင္ ေကြၽးေမြးပါသည္ ေန႔လည္ထမင္းစားခ်ိန္ဆိုလည္း အဲ့လိုပဲထြက္ယူၾကရျပန္သည္ ထမင္းဗူးထဲမွ

ာ အသားဟင္းတမ်ိဳးနဲ႔ အ႐ြက္ေၾကာ္ အရည္ေသာက္စတာေတြကို အကန႔္ေလးေတြနဲ႔ထည့္ၿပီး စားခ်င့္စဖြယ္ျပင္ဆင္ေပးထားသည္ မနက္စာဆိုလည္း ဟင္းက က်ေနာ္တို႔အိမ္ျပန္ခ်ိန္ထိမထပ္ခဲ့ပါ တခါတေလအျပင္က လာလႉတဲ့အစားအေသာက္တခ်ိဳ႕ကိုလည္း ရရွိေသးသည္ မနက္စာေန႔လည္စာ ညစာ ဆိုတဲ့လူတစ္ေယာက္ ပုံမွန္စားသုံးခ်ိန္ကို လူငါးေထာင္စာအခ်ိန္မီ ျပင္ဆင္ေကြၽးေမြးႏိုင္တာကိုက တကယ့္ကို အသိအမွတ္ျပဳစရာပင္ ျဖစ္ခဲ့သည္။က်ေနာ္တို႔ လူနာေတြအေနနဲ႔ မနက္အိပ္ယာထတာနဲ႔ လမ္းေလွ်ာက္သူေတြက

ေလွ်ာက္ၾကသည္ ကိုယ့္အေဆာင္ေရွ႕က အမႈိက္ထုပ္ေတြကို ပစ္သူကပစ္ၾကသည္ တခ်ိဳ႕ကေလးေတြက ေဆာ့ကစားေနၾက၏ ဖုန္းေျပာသူကေျပာ၏ Live လႊင့္သူက Live လႊင့္သည္ အားလုံးၿခဳံၾကည့္ေတာ့ ေပ်ာ္စရာေနရာေလးလို႔ ထင္မိခဲ့သည္၊ ေနရတဲ့အခိုက္လည္း ေက်နပ္မိ၏ ေပ်ာ္စရာအေကာင္းဆုံးအခ်ိန္က ေရာဂါကင္းစင္လို႔ ျပန္တဲ့သူေတြကို က်န္ေနခဲ့တဲ့လူေတြက လိုက္ပို႔ၿပီး ႏႈတ္ဆက္ၾကခ်ိန္ျဖစ္သည္ ျပန္သြားတဲ့သူေတြကလည္း Fighting ဘာမွအားမငယ္ၾကနဲ႔ မၾကာမီျပန္ၾကရေတာ့မွာဆိုတဲ့ အားေပးစကားေျပာၾကားၾကခ်ိန္

ျဖစ္သည္။မင္းေျပာတာေတြက အေကာင္းႀကီးပါလားလို႔ ဆိုလာရင္ အဆိုးလည္းရွိပါသည္ ေဝဒနါျပင္းထန္တဲ့လူေတြကို အခန္းေ႐ႊ႕တာ ICU အခန္းထဲေျပာင္းေပးတာေတြလည္း ရွိခဲ့ပါသည္ ရာခိုင္ႏႉံးအားျဖင့္ အလြန္နည္းပါးပါသည္၊ က်ေနာ္တို႔ေနခဲ့သည့္ ဆယ့္တစ္ရက္အတြင္း အသက္ႀကီးရင့္သူ အဖြားအိုတစ္ဦး ေသဆုံးတဲ့ျဖစ္စဥ္ကလြဲလို႔ ထူးျခားမႈ႕မရွိခဲ့ပါ။ဆိုရရင္ က်ေနာ္တို႔ လင္မယားႏွစ္ေယာက္ကို ကိုဗစ္ေရာဂါ ဘယ္ကစလို႔ ကူးစက္ခံလိုက္ရတယ္ ဆိုတာမသိခဲ့ပါ (ဇနီးျဖစ္သူကေတာ့ ေရာဂါမျဖစ္ခင္ ေန႔တိုင္းေဈးသြားပါသည္)

ကိုဗစ္ေရာဂါ ကူးစက္ခံရၿပီး က်ေနာ္တို႔ လင္မယားႏွစ္ေယာက္ ေဝဒနါခံစားရသည္ ေၾကာက္စိတ္ျဖစ္မိ၏ ေဆး႐ုံမွာ သုံးရက္ေနရသည္ ေဖာင္ႀကီးမွ ာဆယ့္တစ္ရက္ေနရ၏ သားအငယ္ျဖစ္သူပါ ေရာဂါကူးစက္ခံရၿပီး ေတာင္ဒဂုံေအာင္ျမင့္မိုရ္မွ ာခုအခ်ိန္ထိေနေနရဆဲ့ျဖစ္သည္တကယ္ေတာ့ ကိုဗစ္ေရာဂါ ကူးစက္ခံရၿပီဆိုရင္ လူမႈ႕ေရးစီးပြားေရးေတြ ဆုံးရႈံးကုန္သည္ မိသားစုတကြဲတျပားေနၾကရသည္ ကံဆိုးရင္အသက္ပါေပးဆပ္ၾကရ၏။ အစိုးရအေနျဖင့္ အေပၚမွာ ေရးထားသလို လူနာေတြကို အေကာင္းဆုံး ဝန္ေဆာင္မႈ႕ေပးေသာ္လ

ည္း တကယ္ခံစားရသူေတြက ကိုဗစ္ကူးစက္ခံရသူေတြသာျဖစ္သည္ ေၾကာက္ဖို႔ေကာင္းတဲ့ ေရာဂါဆိုးႀကီးဆိုတာ လူေတြ သိၿပီး ဆင္ျခင္ေနသင့္သည္ အစိုးရက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာက်င့္သုံးေစခ်င္သည္ မိမိမွစလို႔ကာကြယ္ႏိုင္မွ မိ သ ားစုလုံး အသက္ခ်မ္းသာရာ စိတ္ခ်မ္းသာစရာ ျဖစ္ပါလိမ့္မည္။ လူတစ္ဦးခ်င္းက ကိုဗစ္ေရာဂါဆိုးႀကီးကို တြန္းလွန္ရင္း အျမစ္ျဖတ္တိုက္ထုတ္ၾကပါစို႔လို႔ ဆႏၵျပဳလိုက္ရပါသည္။

ေဝ သစ္ ၿငိမ္း

Add a Comment

Your email address will not be published. Required fields are marked *